မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန်သော လုံခြုံရေးစနစ်များပါဝင်သော 2018 Hyundai Sonata


တောင်ကိုရီးယားအခြေစိုက် ဟွန်ဒေး (Hyundai) ကားကုမ္ပဏီက ထုတ်လုပ်သော ၂၀၁၈ မိုဒယ် Hyundai Sonata အသစ်စက်စက်ကားအမျိုးအစားသည် လုံခြုံရေးအပိုင်းတွင်အမေရိကန်နိုင်ငံ IIHS အဖွဲ့အစည်း၏ Top Safety Pick + ဆုကို ရရှိထားပါသည်။ ထို့ကြောင့် မျှော်မှန်းထားသည်ထက် ပိုမိုသော လုံခြုံရေးစနစ်များပါရှိပါသည်။

Hyundai Sonata ကို 2.0L ဓာတ်ဆီအင်ဂျင်ကို အသုံးပြုပြီး အင်ဂျင်ပါဝါ ၁၉၉၉ စီစီ ရှိသည့်အပြင် အော်တိုဂီယာ ခြောက်ချက်ပြောင်းလဲ အသုံးပြုနိုင်ပါသည်။

ဟွန်ဒေးက ထုတ်လုပ်ထားသော သတ္တမမြောက်မျိုးဆက် ၂၀၁၈ မိုဒယ် Hyundai Sonata သည် fluidic sculpture 2.0 ဒီဇိုင်းကို အသုံးပြုထားသည့်အတွက် ပိုပြီးသားနားခံ့ညားသည့် အသွင်အပြင်၊ ခိုင်မာတောင့်တင်းသည့်ဘော်ဒီတည်ဆောက်ပုံ အဆင့်မြင့် လုံခြုံရေးစနစ်၊ ပိုမိုကောင်းမွန်သည့် မောင်းနှင်မှုပုံစံ၊ ဆူညံသံနှင့် တုန်ခါမှု လျှော့ချပေးသည့် စနစ်များအပြင် အဆင်ပြေလွယ်ကူစေသော လုပ်ဆောင်ချက်များ ပါရှိပါသည်။

၁၈ လက်မ အလွိုင်းဘီးများကို ကိုယ်ထည်နှင့် လိုက်ဖက်အောင် တပ်ဆင်ထားပြီး နောက်ကြည့်မှန်များတွင်လည်း မီးများ တပ်ဆင်ပေးထားပါသည်။

ကား၏ အတွင်းပိုင်းတွင် အသံစနစ် အနေဖြင့် စီဒီ၊ အမ်ပီသရီး၊ ဘလူးတုသ်၊ ယူအက်စ်ဘီများဖြင့် ချိတ်ဆက်အသုံးပြုနိုင်ပါသည်။

အတွင်းခန်းအပူချိန်ကို ချိန်ညှိပေးနိုင်သော အော်တိုလေအေးပေးစနစ်၊ နောက်ခန်းဘေးမှန်နေကာနှင့် အီလက်ထရစ် နောက်လေကာမှန်နေကာတိုကိုပါ တပ်ဆင်ထားပါသည်။

မောင်းနှင်မှုပုံစံ ထိန်းချုပ်စနစ်၊ စမတ်နောက်ဖုံးစနစ်၊ နောက်ကားကို မီးထိုးမှုကို လျှော့ချပေးသော အတွင်းနောက်ကြည်မှန် (ECM) ပါရှိပါသည်။ မိုးရွာသွန်းခြင်းကို အာရုံခံပြီး အလိုအလျောက်လှုပ်ရှားသော ဝိုက်ပါစနစ်၊အလိုအလျှောက် မြူနှင်းရှင်းလင်းသော စနစ်များ ပါရှိပါသည်။

ယာဉ်မောင်းနှင်ရာတွင် လမ်းချော်ခြင်း အရှိန်လွန်ခြင်း မဖြစ်စေရန် ထိန်းချုပ်ပေးသော Electronic Stability Control (ESC) စနစ်၊ တစ်ခုခုနှင့် တိုက်မိမလိုဖြစ်သည်နှင့် အသံပြုသတိပေးပြီး ကားရှေ့တိုးနောက်ဆုတ်ပါကင်ထိုးရာတွင် အထောက်အကူပြုသော (PAS) စနစ်စသော လုံခြုံရေးစနစ်များပါရှိပြီး အသက်ကယ်လေအိတ်ခြောက်လုံးအထိ ပါရှိသည့်အတွက် လုံခြုံစိတ်ချစွာနှင့် မောင်းနှင်နိုင်ပါသည်။ အရောင် ဆယ်မျိုးထိ ရွေးချယ်နိုင်ပြီး အရစ်ကျစနစ်များနှင့်လည်း ဝယ်ယူနိုင်ပါသည်။

၂၀၁၈ မိုဒယ် Hyundai Sonata ၏ ဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၄၄၁၀၀ ရှိပါသည်။ ဝယ်ယူသူများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံရရှိမည်ဖြစ်ပါသည်။

 

Read 731 times