နေ့စဉ်ဘဝနှင့် ယှဉ်တွဲပါရှိသည့်ခံစားမှုကို အဓိကရရှိစေမည့် 2018 Chevrolet Trax


2018 Chevrolet Trax သည် Small SUV ကားအမျိုးအစားဖြစ်ပြီး Chevrolet ၏ နာမည်ကျော်ကားအမျိုးအစားလည်း ဖြစ်သည်။

ယင်းကားကို လှပဆန်းသစ်သည့် ဒီဇိုင်းပုံစံဖြင့် အတွင်း၊ အပြင်တို့ကို ထူးခြားစွာဖန်တီးထားပြီး ပေါ့ပါးသည့် ပဲ့ကိုင်ထိန်းသိမ်းမှု၊ သက်သောင့်သက်သာရှိသည့် ထိုင်ခုံများ၊ ကြံ့ခိုင်မှုရှိသည့် ကိုယ်ထည်၊

နည်းပညာ စနစ်များစွာ ပါရှိခြင်းနှင့် အဆင့်မြင့်နည်းပညာသုံး လုံခြုံရေးစနစ်များ စုံလင်စွာထည့်သွင်းထားခြင်း စသည့် စိတ်ဝင်စားဖွယ်အချက်များဖြင့် ဖန်တီးထားသည့်အတွက် Small SUV ကိုမှ ချစ်မြတ်နိုးကြသည့် ကားချစ်သူများ အထူးနှစ်သက်မည့် ကားအမျိုးအစားလည်းဖြစ်သည်။

ထို့ပြင် ယင်းကားသည် ကမ္ဘာကျော် NHTSA အဖွဲ့ကြီးမှ သတ်မှတ်ထားသည့် Overall Vehicle Score Far Safety အဆင့်သတ်မှတ်ချက်တွင် ကြယ်ငါးပွင့်ရရှိထားသည့် အထူးလုံခြုံစိတ်ချရသော ကားမိုဒယ်လည်း ဖြစ် သည်။

2018 Chevrolet Trax ၏ အပြင်ဘက်ဒီဇိုင်းကို စွဲမက်ဖွယ်ရှိသည့် ပုံစံ ဖန်တီးထားကာ နေ့စဉ်ဘဝနှင့် ယှဉ်တွဲပါရှိသည့်ခံစားမှုကို အဓိကရရှိစေမည် ဖြစ်သည်။

ကားအရှေ့ဘက်တွင် Chrome Acconted Dual Part Grille Design ကို LED သကေင်္တပါဝင်သည့် DTR စနစ်သုံး Projector Headlamp များ၊ နှင်းခွဲမီးများဖြင့် ဝင့်ကြွားစွာတွေ့မြင်ရမည် ဖြစ်သည်။

ထို့အတူ သွယ်လျသည့် ဘေးဘက်ကိုယ်ထည်တွင် အမိုး၌ပါရှိမည့် Roof Rail များနှင့် ၁၈ လက်မ အလွိုင်းခွေများကို တွေ့မြင်ရမည်ဖြစ်ကာ အနောက်ဘက်သို့ ကြည့်ရှုလိုက်ပါက လှပသည့် နောက်ဖုံးပုံစံနှင့် ဆန်းသစ်သည့်နောက်မီးအုံတို့ကို ရှုစားရပါမည်။

ထို့ပြင် ကားအနောက်ဘက် ရေသုတ်တံနှင့် Rear Fog Lampတို့လည်း ပါရှိပါမည်။

2018 Chevrolet Trax သည် ခရီးသည် ငါးဦးစီးနိုင်သည့် Small Size SUV ကားအမျိုးအစားကားဖြစ်ပြီး ကျယ်ဝန်းလှပသပ်ရပ်သည့် အတွင်းခန်းပုံစံကို တွေ့မြင်ရမည် ဖြစ်သည်။

အထူးအားဖြင့် ထိုင်ခုံများ၊ စတီယာရင်၊ တံခါးများ၊ ဂီယာအုံနှင့် Dashboard ရှိ ထိန်းချုပ်ခလုတ်များအားလုံးကို သက်သောင့်သက်သာနှင့် လွယ်ကူစွာအသုံးပြုနိုင်ရန် ဖန်တီးထားမည်ဖြစ်သည်။

ယင်း၏ မီတာဒိုင်ခွက်ကို Dual Cockpit ဒီဇိုင်း ဖန်တီးထားမည်ဖြစ်၍ ယာဉ်မောင်းမှသိလိုသော သတင်းအချက်အလက်များအား Gauge Cluster အတွင်းရှိ Driver Display Feature မှတစ်ဆင့် သိရှိနိုင်မည်ဖြစ်သည်။

အလားတူ Dashboard Area ကိုလည်း အထူးလှပသည့်ဒီဇိုင်းပုံစံဖြင့် ဖန်တီးထားကာ အရည်အသွေးမြင့် ပစ္စည်းများကိုသာ အသုံးပြုထားခြင်း၊ Chevrolet ၏ နာမည်ကျော် MyLink အပါအဝင် FM ၊ AM ၊ Mp3 ၊ WMA ၊ i Heart Radio ၊ Apple Car Play စသည့် လုပ်ဆောင်ချက်များ အသုံးပြုနိုင်မည့် ခုနစ်လက်မ LED Display ပါရှိခြင်း၊ စပီကာ ခြောက်လုံးပါသည့် အသံစနစ်ပါဝင်ခြင်း၊ ထိန်းချုပ်ခလုတ်များပါရှိသည့် Leather Steering စသည်တို့ကို ဝေဝေဆာဆာ ထည့်သွင်းထားသည့်အတွက် Chevrolet ချစ်သူများ အကြိုက်တွေ့စေမည် ဖြစ်သည်။

ဒုတိယထိုင်ခုံတန်းကိုလည်း ၆ဝ/၄ဝ အချိုး ခေါက်သိမ်းနိုင်မည်ဖြစ်၍ ပစ္စည်းများစွာ တင်ဆောင်နိုင်မည် ဖြစ်သည်။

2018 Chevrolet Trax တွင် အင်ဂျင်အနေဖြင့် 1.4L DOHC Turbo Engine နှင့် မြင်းကောင်ရေ ၁၄ဝ အား ထွက်ရှိမည့် ဓာတ်ဆီ အင်ဂျင်(4900 – 6000 Rpm) တို့ကို 6 Speed Automatic Gearbox နှင့် တွဲဖက် တပ်ဆင်ထားပါသည်။

Fuel System မှာ Direct Injection ဖြစ်ပြီး ရှေ့ဘီးယက်စနစ် အသုံးပြုထားကာ ဆီသိုလှောင်နိုင်မှုမှာတော့ ၅၃ လီတာ ဖြစ်သည်။

2018 Chevrolet Trax တွင် အဆင့်မြင့် နည်းပညာသုံး လုံခြုံရေးစနစ်များစွာ ပါရှိမည်ဖြစ်သည်။

အဓိကပါဝင်သည့် လုံခြုံရေးစနစ်များမှာ အသက်ကယ်လေအိတ် ခြောက်လုံး၊ Electronic Crusie Control , Keyless Entry ahd Engine Star/Stop , EBD , Cornering Brake Control ၊ Pani Brake Assist  Rearview Camera , Hill Start Assist ၊ Hill Descent Assist ၊ Anti Theft Alarm ၊ Rear Park Assist Sensor စသည်တို့ ပါဝင်ကြပါသည်။

2018 Chevrolet Trax ကားအမျိုးအစားကို ဈေးနှုန်း အမေရိကန်ဒေါ်လာ လေးသောင်းခွဲ သတ်မှတ်ထားပြီး ဝန်ဆောင်မှုအနေဖြင့် ငါးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေး၍ Chevrolet Myanmar မှ ရောင်းချပေးမည် ဖြစ်သည်။

 

Read 946 times