တရုတ်နိုင်ငံအခြေစိုက် BAIC အမှတ်တံဆိပ်၏ ထင်ရှားလှသည့် X25 သည် ခရီးသည် ငါးယောက်စီး SUV ကားအမျိုးအစားဖြစ်ပြီး လှပဆွဲဆောင်မှု ရှိသည့် ဒီဇိုင်း၊ ဆီစားသက်သာမှုရှိပြီး
စွမ်းဆောင်ရည်ကောင်းမွန်သည့် အင်ဂျင်စနစ်၊ နည်းပညာမြင့် ပါဝင်ပစ္စည်းများနှင့် အခြားခေတ်မီ Feature များစွာ ပါရှိမှု၊ ခိုင်ခံ့မှုရှိသည့်ကိုယ်ထည်နှင့် လုံခြုံရေးစနစ်များစွာပါရှိမှု စသည့် ထူးခြားချက်များဖြင့် ပြည့်စုံသည့်
၂၀၁၈ မိုဒယ်ကားအမျိုးအစား ဖြစ်သည်။ အထူးအားဖြင့် SUV ကို နှစ်သက်ကြသည့် ကားချစ်သူများ အကြိုက်တွေ့ စေမည့် ပဲ့ကိုင်မောင်းနှင်မှု၊ Off-Road စွမ်းဆောင်ရည်တို့ကို အလေးပေး ဖန်တီးထားသည့်
2018 BAIC X25 ကို ယခုတစ်ပတ် Brand New ကဏ္ဍတွင် မိတ်ဆက်ရေးသားလိုက်ပါသည်။
2018 BAIC X25 ၏ အပြင်ဘက်ဒီဇိုင်းမှာ လှပဆန်းသစ်ပြီး ခေတ်ဆန်ခြင်းနှင့် ခံ့ထည်မှုများ အချိုးကျဖန်တီးထားခြင်းတို့ကြောင့် အထူးဆွဲဆောင်မှုရှိကာ အရှေ့ဘက်ရှဲလ်(Grille) ဒီဇိုင်း၊ ရှေ့မီးကြီးနှင့် နှင်းခွဲမီး
အခင်းအကျင်းတို့ကိုလည်း အထူးလှပစွာ ဖန်တီးထားသည်။ အရှေ့ဘက်ရှဲလ် (Grille) ၏ အလယ်တွင် BAIC Logo ကို ထင်ထင်ရှားရှားထည့်သွင်းထားမည်ဖြစ်ပြီး DTL စနစ်ပါဝင်သည့် Automatic Headlight ကို
အရွယ်ကြီးမားသော နှင်းခွဲမီးနှင့် အတူတကွ တွေ့မြင်ရပါမည်။
ဘေးဘက် ကားကိုယ်ထည် သို့ ဆက်လက်ကြည့်ရှုပါက လေခွင်းအား ကောင်းစွာတုံ့ပြန်နိုင်သည့် ကိုယ်ထည်ဖန်တီးမှုကို တွေ့မြင်နိုင်မည်ဖြစ်သည်။ ထို့နောက် ကားအနောက်ဘက်ဧရိယာသို့ ဆက်လက်လေ့လာမည်
ဆိုပါက ဆန်းသစ်ပြီး ခေတ်ဆန်သည့် အနောက်ဘက်မီးတန်းနှင့် ကားနောက်ဖုံးတို့ကို တွေ့မြင်ရပါမည်။ အဆိုပါ မီးတန်းအုံတွင် High Mounted Brake Light နှင့် Rear Fog Light တို့ ပါဝင်မည်ဖြစ်သည်။
အလားတူ Power Sunroof ၊ Intelligent Rear Wiper ၊ R16 Aluminuim Alloy Rim ၊ Red Clipers ၊ Windshield Rain Sensor စသည့် ပါဝင်မှုများကိုလည်း ထည့်သွင်းထားပါသည်။
2018 BAIC X25 ၏ အတွင်းခန်းကို သပ်ရပ်လှပစွာ ခင်းကျင်းထားပြီး ခေတ်မီဆန်းသစ်သည့် လက်ရာများဖြင့် အတွင်းခန်းတစ်ခုလုံးကို ဖန်တီးထားပါသည်။ ယင်းသည် ခရီးသည်ငါးဦး စီးနင်းနိုင်သည့် 2 Raw SUV ဖြစ်ပြီး
ထိုင်ခုံများသည် Sport Seat များ ဖြစ်ကြသလို ဒုတိယ ထိုင်ခုံတန်းကို ၆၀/၄၀ အချိုး ခေါက်သိမ်းခြင်းနှင့် ကြမ်းပြင်နှင့် ရေပြင်ညီ ခေါက်လှဲခြင်းတို့ ပြုလုပ်နိုင်ပါသည်။
Dashboard Area ကို လှပစွာဖန်တီးထားပြီး Aircon လေထွက်ပေါက်ကလေးများသည် အဝိုင်းပုံလေးများဖြစ်၍ လူငယ်ကြိုက်ဒီဇိုင်းဟု ဆိုရပါမည်။ ပါဝင်ပစ္စည်းများစွာနှင့်အတူ နည်းပညာသုံးပစ္စည်းများ၊ ဖျော်ဖြေရေးဆိုင်ရာ
ပါဝင်မှုများ စုံလင်စွာ ပါရှိမည်ဖြစ်ပြီး အဓိကပါဝင်သည့် Feature များမှာ Trip Computer Display ၊ Quartz Clock ၊ Bluetooth and USB Port ၊ 7 inches Screen + Smartphone Interconnection ၊ စပီကာ
ခြောက်လုံးပါသည့် အသံစနစ်၊ Leather Steering Wheel နှင့် Aircon with Micro Filter စသည်တို့ ပါဝင်ကြပါမည်။
2018 BAIC X25 တွင် အင်ဂျင်အနေဖြင့် 1.5 L I4 Engine ၊ 85 KW ၊ 148 Nm အင်ဂျင်နှင့် 4 Speed Autogear တို့ တွဲဖက်တပ်ဆင်ထားပါသည်။ ယင်းသည် Front Engine/Front Drive ကားအမျိုးအစား ဖြစ်ပြီး Steering
သည် Electric Power Steering အမျိုးအစားဖြစ်သည်။ Suspension စနစ်များအနေဖြင့် ကားအရှေ့ဘက်တွင် McPherson Independent Suspension ကိုလည်းကောင်း၊ ကားအနောက်ဘက်တွင် H Type Torsion Beam
ကိုလည်းကောင်း အသီးသီး တပ်ဆင်ထားပါသည်။
2018 BAIC X25 သည် တန်းမြင့် SUV ကားဖြစ်၍ လုံခြုံရေး ကဏ္ဍကိုလည်း အလေးထားဖန်တီးထားပါသည်။ ယင်းတွင် အဆင့်မြင့် နည်းပညာသုံး လုံခြုံရေးစနစ်များစွာ ပါရှိကြပါမည်။ အဓိကပါဝင်သည့် Safety Feature
များမှာ ABS+EBD ၊ Brake Assist System ၊ E-Gas ၊ အသက်ကယ်လေအိတ်ခြောက်လုံး၊ Engine Electronic Security ၊ ISOFIX စနစ် နှစ်ခု၊ Rearview Camera System ၊ Rear Parking Radar စသည်တို့ ပါဝင်ကြပါမည်။
2018 BAIC X2(Luxury) ကို အမေရိကန်ဒေါ်လာ ၁၆,၉၉၀ ဝန်းကျင်ဖြင့် Aung Gabar Motor Services မှ တင်သွင်း ရောင်းချပေးနေပြီး ကား၏ အပြင်ပိုင်းအရောင်များကို အဖြူ၊ ရွှေရောင်၊ အနီ၊ အပြာ၊ လိမ္မော်၊ အနက်တို့ဖြင့်
ရရှိနိုင်ကာ ဝန်ဆောင်မှုအနေဖြင့် သုံးနှစ်/ ကီလို တစ်သိန်း သတ်မှတ်ပေးထားပါသည်။
Automobile