2017 Volvo V60 Cross Country


03/13/2017

အခန်းအကျယ်အဝန်း၊ ထိုင်ခုံဒီဇိုင်း၊ သက်သောင့်သက်သာရှိမှု၊ ခြေထောက်အတွက်နေရာကျယ်မှု၊  ခလုတ်အထိုင် အားလုံးစိတ်ကြိုက်ဖြစ်စေမည်ဖြစ်ပါသည်။

ကိုယ်ထည်အရွယ်အစားမှာ အနေတော်ဖြစ်ပြီး နောက်ဘက်ဝန်တင်ခန်းနှင့် ရှေ့ဘက်ခရီးသည်ခန်းကို အလေးပေးဖန်တီးပေးထားသောကြောင့် နောက်ဘက်ခရီးသည်ခန်း အနည်းငယ်ကျဉ်းနေပါသည်။

လက်ကိုင်ပိုင်းမှာ ကိုယ်ထည်တည်ဆောက်မှုသဘောအရ လမ်းကြမ်းပိုင်းစိတ်ကြိုက်မောင်းနှင်နိုင်သော်လည်း လက်ကိုင်ပိုင်းကိုင်တွယ်မောင်းနှင်ရမှာ မောင်းသူကိုယုံကြည်မှုနည်းစေပါသည်။

အင်ဂျင်ပိုင်းမှာ လေးလုံးထိုး Turbo charged စနစ်ဖြင့်အင်ဂျင်အစားထိုးထုတ်လုပ်ထားပါသည်။

အင်ဂျင်အသစ်မှာ ဆီစားနှုန်းပိုမိုချိုသာလာပြီး ဥရောပဈေးကွက်အတွင်းလူကြိုက်များသော ဂီယာချက် ၈ ချက်သုံး Auto စနစ်ဖြင့်ရနိုင်လာပါသည်။

ယင်းမော်ဒယ်တွင်တပ်ဆင်ထားသော အင်ဂျင်စနစ်မှာ ၂.၀ လီတာသုံးTurbocharged စနစ်သုံးပုံမှန် လေးလုံးထိုးအင်ဂျင်ဖြစ်ပြီး ရုန်းအား ၂၅၈ ပေါင်-ပေမှာမြင်းကောင်ရေ ၂၄၀ အားထွက်ရှိပါသည်။

ဘီးစုံယက်စနစ်ဖြစ်ပြီးး ၈ ချက်သုံး Auto ဂီယာဖြစ်ပါသည်။

အမြန်နှုန်းမြှင့်တင်မောင်းနှင်နိုင်မှုမှာ တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် ၆.၆ စက္ကန့်ကြာမည်ဖြစ်ပြီး ဆီစားနှုန်းမှာ တစ်ဂါလံလျှင် ၂၅ မိုင်နှုန်းစီးနင်းနိုင်မည်ဖြစ်ပါသည်။

ယင်းကားတွင် တံခါးလေးပေါက်စနစ်ဖြစ်ပြီး Wagon တန်းဝင်မော်ဒယ်ဖြစ်ပါသည်။

Premier နှင့် Platinum မော်ဒယ်ခွဲနှစ်မျိုးရနိုင်ပါသည်။

၁၈လက်မအရွယ်ဘီးများတပ်ဆင်ထားပြီး LED မီးသီးစနစ်နှင့် ရှေ့မီးကြီးကိုရောနေ့မီးအတွက်ပါ ထည့်သွင်း ဖန်တီးထားပါသည်။

နောက်ဘက်ပါကင်အာရုံခံစနစ်ပါရှိပြီး ကိုယ်ထည်နှင့် နောက်ဘက်တစ်ပေအကွာတွင် စတင်အချက်ပြ သတိပေးခြင်း၊ Sunroof ပါရှိပြီး ဖွင့်နိုင်၊ ပိတ်နိုင်ခြင်း၊ နောက်ကြည့်မှန်မှ အလိုအလျောက်ခေါက်သိမ်း၊ ဖွင့်သုံးနိုင်လိမ့်မည်ဖြစ်ပါသည်။

နောက်ဘက်မှန်ပြတင်းတံခါးများအားလုံးမှာ အနောက်များဖြစ်ပြီး အတွင်းကို မမြင်ရအောင်ဖန်တီးထားပြီး Cruise Control စနစ်ပါရှိပါသည်။

ရှေ့ဘက်ထိုင်ခုံကို အခြေအနေ ၈ မျိုးထိအောင်အလိုအလျောက်ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။

သားရေအခင်းအကျင်းနှင့် ထိုင်ခုံစွပ်များထည့်ထားခြင်း၊ လက်ကိုင်ဘီးတွင် အသံအတိုး၊ အလျှော့နှင့် သီချင်းအဖွင့်၊ အပိတ်အတွက်ခလုတ်များပါတပါတည်းထိုင်ထားပြီး နောက်ဘက်ထိုင်ခုံတန်းအမှီကို အလိုအလျောက်ပုံစံနှင့် အတင်အချပြုလုပ်နိုင်ပြီး နောက်ဆုံးတစ်ပြေးညီခုတင်ပုံစံထိအောင်ချနိုင်မည်ဖြစ်သည်။

ရှေ့ဘက်နှင့် နောက်ဘက်ခန်းကို ကာထားနိုင်ရန်လည်း အကာပါရှိကြောင်းသိရသည်။

 

Read 1955 times