2017 Toyota 86 Coupe


ထိုကားအမျိုးအစားမှာ လက်ကိုင်ပိုင်း၏ အားသာချက်ကို ဦးစားပေးဖန်တီးထားသည်ကို တွေ့ရသည်။

MX5 မှာ လက်ကိုင်ပိုင်းကောင်းမွန်မှုနှင့် လူကြိုက်များစေခဲ့သကဲ့သို့ ထိုမော်ဒယ်ကိုလည်း အားသာချက်ရအောင် ဖန်တီးထားသည်ကိုတွေ့ရသည်။

တည်ငြိမ်မှုရှိပြီး လိုက်ပါစီးနင်းရမှု သက်သောင့်သက်သာရှိပါပြီး ဇိမ်ခံမော်ဒယ်ပုံစံ ခံစားမှုရသကဲ့သို့ ဥရောပထုတ် Coupe ၏ ဖန်တီးမှုမျိုးတွေ့ရပါသည်။

ထည့်သွင်းနည်းပညာပိုင်းမှာလည်းကား၏ တန်ကြေးထက်ပိုမြင့်သည့်စနစ်တွေ့ကိုထည့်သွင်းထားပါသည်။

ကိုယ်ထည်ပိုင်းသေးငယ်ပြီး Coupe ဖြစ်သောကြောင့် တံခါးနှစ်ပေါက်နှင့် ရှေ့ဘက်ခန်းကိုဦးစားပေးပုံစံ ဖန်တီးထားသောကြောင့် နောက်ဘက်ခရီးသည်ခန်းမှာ ကျဉ်းသွားပါသည်။

Scion FR-S နာမည်ဖြင့် ပိုပြီးလူသိများသောမော်ဒယ်ကို Toyota နာမည်အောက်တွင်ထုတ်လုပ်လာပါသည်။

အင်ဂျင်ပိုင်းမှာ ရှေ့ထွက်မော်ဒယ်ထက် အဆင့်မြှင့်ထားမှုရှိပြီး Manual စနစ်နှင့် ဂီယာပိုင်းကိုလည်း ပြန်ပြင်ထားပါသည်။

Suspension စနစ်ပြန်ထိုင်ထားပြီး ရှေ့ဘက်နောက်ဘက် ရုပ်ထွက်အချိုးအဆစ် အနည်းငယ်ပြောင်းလဲသွား သည်ကို တွေ့ရသည်။

မောင်းနှင်နိုင်မှုမှာ Manual စနစ်နှင့် Auto စနစ်ဖြင့်လည်းရနိုင်ပါသည်။

ဂီယာစနစ်နှစ်မျိုးလုံးမှာ ၆ ချက်ပဲသုံးနိုင်မည်ဖြစ်ပြီးအမြန်နှုန်းမြင့်မောင်းနှင်နိုင်မှုမှာ Manual နှင့် တစ်နာရီလျှင် မိုင်၆၀ နှုန်းကို အချိန် ၆ စက္ကန့်ခွဲကျော်ကျော်နှင့်ရနိုင်သော်လည်းAuto ဂီယာဖြင့် အချိန် ၈ စက္ကန့်ကျော်ကြာမြင့်ပါသည်။

Auto ဂီယာခေတ်စားလာချိန်တွင် 86 ၏Auto စွမ်းဆောင်ရည်မှာထပ်မံအဆင့်မြင့်တင့်ရန်လိုအပ်နေသေးသည့် သဘောဖြစ်နေပါသည်။

ဆီစားနှုန်းမှာ ပျမ်းမျှ တစ်ဂါလံကို ၂၇ မိုင်စီးနင်းနိုင်မည်ဖြစ်သည်။

မော်ဒယ်မှာ ခရီးသည် ၂ ယောက်ဦးစားပေးစီးနင်းနိုင်ရန်ဖန်တီးထားသောကြောင့် အသေးစားနှစ်ယောက်စီး မော်ဒယ်ဖြစ်ပြီး အလျား ၁၃ ပေနှင့် ၁၀.၇ လက်မရှိပါသည်။

ဈေးကွက်ဝင်မော်ဒယ်တွင် ကိုယ်ထည်အသေးဆုံးဖြစ်ပြီး အမြင့် ၄ ပေနှင့် ၂.၆ လက်မ၊ မျက်နှာစာအကျယ် ၅ ပေနှင့် ၉.၉ လက်မရှိပါသည်။

အပြင်ဘက်အရောင်အနေဖြင့် အနီ၊ အပြာ၊ အဖြူ အစရှိသောလူငယ်ကြိုက်အရောင် ၇ မျိုးရနိုင်မည်ဖြစ်ပြီး အတွင်းခန်းမျာ အထည်ဦးစားပေးပုံစံနှင့် အနက်ရောင်တစ်မျိုးတည်းသာထုတ်လုပ်ထားပါသည်။

ခရီးသည်ခန်းမှာ ရှေ့ဘက်ခန်းက ၅၄.၅ လက်မရှိသော်လည်း နောက်ဘက်ခန်းမှာ ၅၁.၇ လက်မရှိပါသည်။

အင်ဂျင်ပိုင်းမှာ ၂.၀ လီတာသုံးပုံမှန်လေးလုံးထိုးအင်ဂျင်တစ်ခုတည်းကိုသာတပ်ဆင်ထားပြီး ထိုအင်ဂျင်စနစ်မှာ ဂီယာပိုင်းတပ်ဆင်ထားမှုအပေါ်အခြေခံပြီး Manual စနစ်ဖြင့် ရုန်းအား ၁၅၆ ပေါင်-ပေမှာ စွမ်းအင်မြင်းကောင်ရေ ၂၀၅ ကောင်အားရှိနိုင်ပြီး Auto စနစ်ဖြင့် ရုန်းအား ၁၅၁ ပေါင်-ပေမှာ မြင်းကောင်ရေ ၂၀၀ အားထွက်ရှိမည်ဖြစ်သည်။

 

Read 2930 times