ယင်းမော်ဒယ်၏ ကိုယ်ထည်ပိုင်းမှာ ပေါ့ပါးအောင်ဖန်တီးထားသကဲ့သို့ Drift စွမ်းဆောင်ရည် ကောင်းမွန်ရန်အတွက် မြေဆွဲအားနှင့် ကိုယ်ထည်အလယ်ပိုင်း ဟန်ချက်ညီအောင် ဖန်တီးထားသည်ကို တွေ့ရပါသည်။
ထိုင်ခုံမှာ sport မော်ဒယ်များ၏ ပုံစံမျိုူးဖြစ်ပြီး ယာဉ်မောင်းထိုင်ခုံမှာ ထိုင်ရတာရော၊ မောင်းနှင်ရသည့် အပိုင်းတွင်ပါ ပိုပြီး စိတ်ကျေနပ်မှုပေးနိုင်သည်ကို တွေ့ရပါသည်။
ကိုယ်ထည်ကို အနေတော်အရွယ်အစားအနေဖြင့် ဖန်တီးထားပြီး မြို့တွင်းလမ်းကြောင်းများတွင်ပါ အကောင်းဆုံး မောင်းနှင်နိုင်အောင်ဖန်တီးထားသောကြောင့် နောက်ဘက်ခရီးသည်ခန်းအတွက် ထိုင်ခုံတန်း ပါရှိသော်လည်း အနည်းငယ်ကျဉ်းသွားသည်ကို တွေ့ရသည်။
မော်ဒယ်ခွဲအနေဖြင့် သုံးမျိုးရနိုင်ပြီး Premium, Limited နှင့် Series Yellow များအဖြစ်ရနိုင်ပါသည်။
အင်ဂျင်စနစ်မှာ အရွယ်အစားတစ်မျိုးတည်းရနိုင်မည်ဖြစ်ပြီး 2.0 လီတာသုံးလေးလုံးထိုးအင်ဂျင်နှင့်ဖြစ်ပြီး ရုန်းအား ၁၅၆ ပေါင်-ပေမှာ စွမ်းအင်ထွက်ရှိမှု မြင်းကောင်ရေ ၂၀၅ ကောင်အားထွက်ရှိပါသည်။
စွမ်းအင်ထုတ်လုပ်မှုအားကောင်းသော်လည်း ရုန်းအားနည်းမှုမှာ တောင်တက်လမ်းမျိုးတွင် မော်ဒယ်ကို အကောင်းဆုံးစွမ်းဆောင်ရည်ပြသစေနိုင်မှုမရှိပါ။
မော်ဒယ်မှုာနောက်ဘီးယက်စနစ်တစ်မျိုးတည်းရနိုင်ပြီး ဂီယာပိုင်းမှာ ၆ ချက်သုံး Auto နှင့် Manual ပါရနိုင်ပါသည်။
မော်ဒယ်မှာ Auto အတွက်ဆိုရင် တစ်နာရီမိုင် ၆၀ နှုန်းအတွက် အချိန် ၈ စက္ကန့်ဝန်းကျင် လောက်ထိကြာမည်ဖြစ်ပြီး Manual အတွက်ဆိုပါက အချိန် ၆ စက္ကန့်ခွဲလောက်သာ ကာမည်ဖြစ်ပါသည်။
ဆီစားနှုန်းမှာ ဆီတစ်ဂါလံလျှင် ပျမ်းမျှ auto နှင့်ဆိုပါက ၂၇ မိုင်နှင့် Manual နှင့်ဆိုပါက ၂၅ မိုင်စီးနင်း နိုင်မည်ဖြစ်ပါသည်။
ယင်းမော်ဒယ်တွင် ၁၇ လက်မအရွယ် Alloy သားနှင့်ဖန်တီးထားသောဘီးများ ၊ Keyless စနစ် အသုံးပြုမှုအပါအဝင် သားရေဦးစားပေးအတွင်းခန်းအပြင်အဆင်နှင့်အတူ ယာဉ်မောင်းထိုင်ခုံမှာ အနိမ့်၊ အမြင့်ချိန်ညှိနိုင်မှု၊ နောက်ဘက်ထိုင်ခုံတန်းကို ခေါက်သိမ်းနိုင်မှု၊နောက်ဘက်ရိုက်ကူးရေးကင်မရာစနစ်နှင့် ပုံရိပ် များကို ပြန်လည်ပြသနိုင်ရန်အတွက် ၆.၂ လက်မအရွယ်ပြသမျက်နှာပြင်စနစ်ကိုပါထည့်သွင်းထားကြောင်း သိရသည်။
HD ရေဒီယိုစနစ်လည်းရနိုင်သကဲ့သို့ CD စက်၊ USB ပေါက်နှင့် နားကြပ်ပေါက်များလည်းရရှိပါသည်။