2017 HYUNDAI CRETA


Hyundai ၏New Fluidic Sculpture ဒီဇိုင်းနည်းပညာနှင့် တည်ဆောက်ထားသော Creta သည်ရုပ်ထွက်လှရုံအတွက်တင်မဟုတ်ဘဲ Cofidence ရှိစေရန်အတွက်ပါ ရည်ရွယ်ထားကြောင်း သိရသည်။

ပြေပြစ်သော ကားအမိုးနှင့် ထုထည်ထူသောဘမ်ပါများကြောင့် ခံ့ညားသည့်အသွင်ကိုပေးစွမ်းနိုင်ပြီး ဆဌဂံပုံစံ Triple Slat Chrome ဘေးပေါင်များနှင့် ပုံစံတူ Aircraftများသည် ထူးခြားသောအသွင်ကို ပေးစွမ်းရုံတင်မက အကောင်းဆုံးမောင်းနှင်မှုကိုပါ ခံစားရစေမည်ဖြစ်ကြောင်း သိရသည်။

Static Bending Lightပါရှိသောကြောင့်လမ်းထောင့်၊လမ်းကွေ့များကို မောင်းနှင်သည့်အခါ မြင်ရန်ခက်ခဲသည့်နေရာများကို ရှေ့ဘီးအချိုးအကွေ့ အတိုင်မီးအလင်းအရောင်ထောက်ပံ့ ပေးနိုင်ကြောင်း သိရသည်။

Positioningk Lamp များသည်လည်း အရည်အသွေးမြင့်မားပြီးထူးခြားကောင်းမွန်သော အဖြူရောင် LED မီးလုံးများကို အချက်ပြမီးအဖြစ်အသုံးပြုထားသည်။ မျက်နှာစာ တစ်ဖက်တစ်ချက်တွင် လင်းအားကောင်းမွန်သော Bifunctional Projector Headlamp များနှင့်အတူ Daytime  Running Light မီးများကြောင့် နေ့ခင်းဘက်တွင်ပါ မိမိကားအား ထင်သာစေမည်ဖြစ်ကြောင်း သိရသည်။

ကားနောက်ပိုင်းတွင် Split-type Trail Lampပေါင်းစပ်မီးများသည်ခေတ်မီသော ကားနောက်ပိုင်းပုံရိပ်အား ဖော်ကျူးနေပြီး ရှေ့/နောက်ဘမ်ပါ အောက်တွင် ပိုမိုသန်မာစေရန် Sporty ဖြစ်စေရန် Skid Plates များကို ထပ်ပိုး တပ်ဆင်ထားကြောင်း သိရသည်။

အတွင်းခန်းအား သက်သောင့်သက်သာနှင့် ဇိမ်ကျကျစီးနင်းနိုင်ရန် ဖန်တီးပေးထားပြီး ယာဉ်မောင်းထိုင်ခုံအား အချိုး/အပြန့်၊ အနိမ့်/အမြင့် စသည့်ချိန်ညှိ နိုင်သော ခလုတ်များကိုလည်း အပြုရလွယ်ကူရန်ပြုလုပ်ပေးထားသည်။

ယာဉ်မောင်းရှေ့တည့်တည့်တွင်ရှိသော Advance Supervision Cluster ဒိုင်ခွက်အစုအဝေးမှ ယာဉ်နှင့်ပတ်သက်သော အချက်အလက်များကို ရှင်းလင်းမြင်သာရန်ဖော်ပြပေးမည်ဖြစ်သည်။

CD Player,USB နှင့် AUX ချိတ်ဆက်ပေါက်များမှ တဆင့် iphone,Andriod ထဲမှ သီချင်းများကို ကား ၏ထူးခြားကောင်းမွန်သော အသံစနစ်နှင့် တိုက်ရိုက်ချိတ််ဆက်ပြီး နားဆင်နိုင်မှာ ဖြစ်ပြီး စတီယာရင်မှ တစ်ဆင့် Audio Control,Bluetooth Hands-free စသည်တို့ခေါ်ဆိုနိုင်မှာ ဖြစ်သည်။

ယာဉ်အတွင်း ဇိမ်ကျကျ စီးနိုင်ရန် Fully Auto Temperature Control စနစ်သည်လည်း အတွင်းခန်းအပူချိန်ကို အလိုအလျောက်ချိန်ညှိပေးနိုင် မည်ဖြစ်သည်။

နှစ်ဘီးယက် မောင်းနှင်မှုစနစ်သုံး Creta တွင် 1.6 CRDi ဒီဇယ်အင်ဂျင်အား 6-Speed Auto Transmission ဂီယာနှင့် တွဲဖက်တပ်ဆင် အသုံးပြုထားကြောင်း သိရသည်။

အင်ဂျင်စွမ်းဆောင်ရည်မှာ 4000Rpm တွင် မြင်းကောင်ရေ ၁၂၈ကောင်အားကို ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

လုံခြုံရေးစနစ်များအတွက် Vehicle Stability Management (VSM),Electronic Stability Control(ESC),Hillstart Assist Control(HSC),Rear Parking Assist Systm,Anti-lock Braking System နှင့် အသက်ကယ်လေအိတ်နှစ်လုံး တပ်ဆင်ပေးထားသည်။

Hyundai Creta ၏စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၄,၃ဝဝ ဝန်းကျင်ခန့်ရှိပြီး Hyundai Motor Myanmar Showroom တွင် ဝယ်ယူနိုင်ပါသည်။ ဝန်ဆောင်မှုများအနေနှင့် သုံးနှစ်၊သို့မဟုတ် ကီလိုတစ်သိန်း အာမခံနှင့် ရောင်းချပေးလျက်ရှိသည်။

အရစ်ကျ ငွေပေးချေမှုစနစ် တွင် ပထမဆုံး အမေရိကန် ဒေါ်လာ ၆,၇၈ဝ ပေးသွင်းပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ ရ၅၃ ဒေါ်လာပေးသွင်း၍ သုံးနှစ်အရစ်ကျ စနစ်နှင့် ရောင်းချပေးကြောင်း သိရသည်။

 

Read 942 times