2017 Hyundai Azera Limited


တံခါးလေးပေါက်နှင့် အရွယ်အလတ်စားဆီဒန်ကားသစ် Azera သည်လျင်မြန်ဖျတ်လတ်မှုနှင့် သက်ဝင် လှုပ်ရှားမှုကို ပေါ်လွင်စေပါသည်။

အင်ဂျင်သံညက်ညောသလို ကျစ်လျစ်တောင့်တင်းစွာ တည်ဆောက်ပေးထားသည့်ကားကိုယ်ထည်က ကားအတွင်းခန်းကို ဆူညံသံများဝင်ရောက်မှုအနည်းဆုံးဖြစ်အောင် လျှော့ချပေးပြီးလေတိုးသံများကအစ လျော့နည်းသွားစေပါသည်။ခရိုမီယမ်ရောင်ကို အသားပေးဖန်တီးထားသည့် ရှဲလ်၏ ဘေးတစ်ဖက်စီတွင် အရွယ်အစားကြီးမားသော HID Xenon ကားရှေ့မီးများကို လိုက်ဖက်ညီစွာတွေ့မြင်နိုင်ပါသည်။

ရှည်သွယ်လှပသည့် ဖင်လျှောကားပုံစံကိုယ်ထည်သာမက ခံ့ညားတင်တယ်သော ကမ္ဘာကျော် Bentely ကားနှင့်ခပ်ဆင်ဆင်ကောက်ကြောင်းလိုင်းများနှင့်လက်ရာမြောက်သောအကွေ့အဝိုက်မှာလည်းသွယ်လျ လှပ သောကားဘေးဘက်ကို ပိုပြီးပေါ်လွင်ထင်ရှားစေပါသည်။

ထို့ပြင်ဒီဇိုင်းဆန်းသစ်လှပသည့် ၁၉ လက်မအရွယ်ကားဘီးများမှာ Azera Limited ၏ခံညားသောသွင်ပြင် နှင့်မြင့်မားသောစွမ်းဆောင်ရည်ကိုပိုထင်ရှားစေပါသည်။

ဆူညံသံများလျော့နည်းအောင် အထူူးစီမံထားသော Azera ၏ ကားအတွင်းခန်းမှာ လူငါးယောက်အထိ သက်သောင့်သက်သာ လိုက်ပါစီးနင်းနိုင်ပြီး ခြေချစရာနေရာမှာလည်းကျယ်ဝန်းပါသည်။

ကားအတွင်းခန်းအပြင်အဆင်မှာလည်း အရင်မိုဒယ်များထက် ပိုခေတ်မီသောဟန်ပေါက်ပြီး နှစ်ရောင်စပ်ဒီဇိုင်းမှာလည်း အတွင်းခန်း၏ အလှကိုပိုပြီးပေါ်လွင်စေပါသည်။

ကားအတွင်းတွင် အရည်အသွေးကောင်းသော leather ထိုင်ခုံများ၊ စီဒီခြောက်ချက်ထိုးစီဒီဖွင့်စက်နှင့် စပီကာ ၁၀ လုံးပါအသံစနစ်များကို တပ်ဆင်ပေးထားပါသည်။

ထို့ပြင်အလွယ်တကူစက်နှိုး၊ ရပ်နိုင်မည့် Stop/start capability ပါဝင်သော Smart Cruise Control၊ ကားရှေ့မီးများကို အလင်းရောင်ပိုကောင်းစေမည့် Automatic High Beam Assist ၊ ကားကိုမောင်းနှင်နေသည့်လမ်းကြောင်းမသွေဖယ်စေရန် အချက်ပြသတိပေးမည့် Lane Departure Warning နှင့် ကားပါကင်ထိုးရာတွင်လွယ်ကူစေရန် Rear Parking Sensor ကဲ့သို့ အဆင့်မြင့်နည်းပညာ များလည်းပါဝင်ပါသည်။

၂၀၁၇ မိုဒယ် Hyundai Azera ဆီဒန်ကားသစ်၏ အခြေခံမိုဒယ်အတွက် ဈေးကို အမေရိကန်ဒေါ်လာ ၃၄၁၀၀ နှင့်အထက် သတ်မှတ်ပေးထားပြီး ပိုအဆင့်မြင့်ကောင်းမွန်သည့် Azera Limited ၏ဈေးနှုန်းမှာ ဒေါ်လာ ၃၉၃၀၀ နှင့်အထက်ဖြစ်ပါသည်။

Hyundai သည်ကားသစ်အတွက် အချိန်ငါးနှစ်၊ သို့မဟုတ် ခရီးမိုင်ခြောက်သောင်းအထိအာမခံပေးထားပါသည်။

Read 1253 times