မြန်မာပြည်ရောက် 2017 Hyundai Accent


2017 မိုဒယ် Hyundai Accent ၏ရှေ့မျက်နှာစာတွင်ကျယ်ပြန့်ကြီးမားသည့်ဆဌဂံပုံစံခရိုမီယမ် Radiator Grille ကိုအသုံးပြုထားသောကြောင့်ရုပ်ထွက်ပိုမိုဆွဲဆောင်မှုရှိစေပါသည်။

ပြေပြစ်လှပသည့်မီးခွက်ဒီဇိုင်းသစ်နှင့်အတူဘောနတ်တွင်ပါ၀င်သည့်ကောက်ကြောင်းလိုင်းလေးများကကားကို Sporty ဆန်သည့်အသွင်ဆောင်သွားပါသည်။

ကားအနောက်ဘက်တွင်တပ်ဆင်ထားသည့် Combination Taillight မီးများကလည်းရှေ့ရုပ်ထွက်နှင့် လိုက်ဖက်ညီဖန်တီးပေးထားပါသည်။

ကားဘီးများကိုလည်း ၁၆ လက်မအလွိုင်းခွေနှင့် ၁၄ လက်မစတီးခွေတို့ကိုရွေးချယ်ရရှိနိုင်ပါသည်။

အတွင်းခန်းကို Colour Trim များအနေဖြင့် Grey, Beige နှင့် Black အရောင်သုံးမျိုးကိုရွေးချယ်နိုင်ပါသည်။

ထိုင်ခုံများအတွက်လည်း Fabric နှင့် Leather ထိုင်ခုံများကို Option အဖြစ်ရွေးချယ်ရရှိနိုင်ပါသေးသည်။

ယင်းကားတွင် Power Window, Smart-Key,Push-start, Auto Aircon, နောက်ကြည့်ကင်မရာ , မှန်ချိုး/မှန်ခေါက်စသည့်စနစ်များအားလုံးကိုပြည့်ပြည့်စုံစုံထည့်သွင်းတပ်ဆင်ထားပါသည်။

စတီယာရင် Volume Control စနစ်လည်းပါ၀င်ပြီး Bluetooth, USB/AUX များနှင့် Mobile Device များချိတ်ဆက်ကာသီချင်း၊ ရေဒီယို၊ AM, FM စသည့်ဖျော်ဖြေရေးများကိုအသုံးပြုနိုင်ပါသည်။

2017 Hyundai Accent မှာ 1.4L Kappa, MPi ဓာတ်ဆီအင်ဂျင်ကိုအသုံးပြုထားပါသည်။

အင်ဂျင်တစ်မိနစ်လည်ပတ်အား 6000 Rpm တွင် 100 PS ထွက်ရှိမည်ဖြစ်ပြီးအမြင့်ဆုံးစွမ်းဆောင်ရည် အဖြစ်တစ်နာရီကို ၁၈၅ ကီလိုမီတာနှုန်းမောင်းနှင်နိုင်မည်ဖြစ်ပါသည်။

ဂီယာကိုတော့ 6-Speed Automatic အသုံးပြုထားပြီးပျမ်းမျှဆီစားနှုန်းတစ်လီတာလျှင်မြို့တွင်း ၁၂ မိုင်နှင့် Highway ၁၆ မိုင်နှုန်းမောင်းနှင်နိုင်ပါသည်။

Accent မှာလုံခြုံရေးစနစ်များအနေဖြင့်ရှေ့/နောက် Disc ဘရိတ်၊ အလင်းပြန်မှုကိုလျှော့ချပေးသည့် Electrochromic နောက်ကြည့်မှန်၊ Anti-lock Brake System, Seatbelt pretensioners နှင့်အသက်ကယ်လေအိတ်နှစ်လုံးတို့ကိုထည့်သွင်းတပ်ဆင်ပေးထားပါသည်။

၂၀၁၇ မိုဒယ် Hyundai Accent ၏စျေးနှုန်းမှာအမေရိကန်ဒေါ်လာ ၂၅၅၀၀ ၀န်းကျင်ဖြစ်ပြီး ၀န်ဆောင်မှုများအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံပေးထားပါသည်။

Read 932 times