2017 Chevrolet Tahoe


ယင်းမော်ဒယ်မှာလမ်းကြမ်းမောင်းမော်ဒယ်မဟုတ်သောလဲ ဝန်တင်ဆောင်နိုင်မှု အားကောင်းသော စွမ်းဆောင် ရည်ဦးစားပေး မော်ဒယ်မဟုတ်သော်လည်း လမ်းကြောင်းစုံ စိတ်ကြိုက်မောင်းနှင်နိုင်အောင် ဖန်တီး ထားသည် ကို တွေ့ရပါသည်။

တန်းတူဈေးကွက်ဝင်ပြိုင်ဘက်မော်ဒယ်များထက် ဝန်တင်ဆောင်ရုန်းကန်နိုင်မှု ပိုကောင်းသည်ကို တွေ့ရ ပါသည်။

နောက်တစ်ချက်မှာ အကြီးစား SUV မော်ဒယ်မဟုတ်သော်လည်း ရှေ့ဘီးနှင့် နောက်ဘီးထောက်ကြား ပမာဏကိုရှည်လျားအောင် ဖန်တီးထားမှု၏ နောက်ဆက်တွဲရလဒ်အနေဖြင့် အတွင်းခန်းကျယ်ဝန်းပြီး ခရီးသည် ၉ ယောက်ထိအောင်လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပါသည်။

အရွယ်ရောက်ခရီးသည်ဖြစ်ပါက ၇ ယောက်စိတ်ကြိုက်စီးနင်းနိုင်မှာဖြစ်ပါသည်။

၎င်းအပြင် အဝေးပြေးလမ်းကြောင်းများပေါ်တွင် တည်ငြိမ်မှုအပြည့်ရှိသည်ကိုတွေ့ရပြီး မြန်နှုန်းမြင့် မောင်းနှင် နေသည့်တိုင်အောင် စိတ်ချယုံကြည်ရမှု အပြည့်ရှိနေစေပါသည်။

အတွင်းခန်းအပြင်အဆင်မှာ အမေရိကထုတ်မော်ဒယ်အများစု၏ အတွင်းခန်းအားနည်းချက်ကို အကောင်းဆုံး ပြင်ဆင်ထုတ်လုပ်ထားသည်ကို တွေ့ရပါသည်။

မော်ဒယ်ကို လမ်းကြမ်းပိုင်းတွင် အသုံးပြုနိုင်အောင်ဖန်တီးထားသောကြောင့် အောက်ဘက်ကိုယ်ထည်သားမှာ လမ်းနှင့် ၈လက်မ ဝန်းကျင်ထိအောင်မြင့်နေသည်ကိုတွေ့ရပါသည်။

အောက်ဘက်ကိုယ်ထည်သားမြင့်နေမှုမှာ အတွင်းဘက်ကြမ်းခင်းသားကိုပါ လိုက်ပြီး မြင့်စေပါသည်။

ရလဒ်မှာအမိုးနှင့် အောက်ဘက်ကြမ်းခင်းသားအတွင်းနေရာအနည်းငယ်ကျဉ်းချင်နေပါသည်။

နောက်ဘက်ဝန်တင်ခန်းမှာ တတိယထိုင်ခုံတန်းထည့်ထားသောကြောင့် ခေါက်သိမ်းလို့ရသည့်တိုင်အောင် နည်းနည်းကျဉ်းချင်ပါသည်။

LS မော်ဒယ်ခွဲအနေဖြင့် ထုတ်လုပ်ထားသောမော်ဒယ်မှာ Telescoping Steering စနစ်ပါရှိမည်မဟုတ်ပါ။

ယင်းမော်ဒယ်ခွဲကို အခြားမော်ဒယ်ခွဲများထက် လူကြိုက်နည်းစေနိုင်ပြီး လီဗာနင်းတံက ပုံမှန်ထက်နည်းနည်း လေးချင်သောကြောင့် ခရီးဝေးမောင်းနှင်မှုအပိုင်းမှာ မောင်းနှင်သူကို ညောင်းညာလာစေနိုင်ပါသည်။

မော်ဒယ်သစ်မှာ ၈လက်မအရွယ် Touch စနစ်ဖြင့် သုံးနိုင်မည့်ပြသမျက်နှာပြင်စနစ်ပါရှိလာပါသည်။

4G LTE စနစ်ထိအောင်ချိတ်ဆက်ပေးနိုင်မည့် အထိုင်ပါရှိလာသောကြောင့် WiFi ထောင်လို့ရရှိလာနိုင်ပါသည်။

Chevy ၏ကိုယ်ပိုင်စနစ်ဖြစ်သော MyLink စနစ်ထည့်ထားပြီး ပိုမိုကောင်းမွန်သောကြိုးမဲ့ချိတ်ဆက် အသုံးပြုနိုင်မှု ရလာပြီး မြန်ဆန်လာစေပါသည်။

Apple ၏ CarPlay လည်းထည့်သွင်းအသုံးပြုလာနိုင်ပြီး လမ်းကျဉ်းသတိပေးအချက်ပြစနစ် ပါရှိလာပါသည်။

ရှေ့ဘက်အချက်ပြစနစ်ပါရှိလာပြီး ခလုတ်အထိုင်များနှင့် အသုံးပြုရမှုအစား Touch စနစ်ကို ခလုတ်တစ်ခု တည်းမှာပဲ အသုံးပြု ပုံစံ ၂ ခု ၃ ခုထည့်ပြီး ရှင်းလင်းအောင်ဖန်တီးထုတ်လုပ်လာသည်ကို တွေ့ရပါသည်။

မော်ဒယ်ခွဲအနေဖြင့် အခုနှစ်မော်ဒယ်သည် LS,LT နှင့် LTZ မော်ဒယ်ခွဲသုံးမျိုးထုတ်လုပ်ထားပါသည်။

အင်ဂျင်စနစ်အနေဖြင့် တစ်မျိုးတည်းသာရနိုင်ပြီး ၅.၃ လီတာသုံး V8 အင်ဂျင်ကို တပ်ဆင်ထားခြင်းဖြစ်သည်။

ယင်းအင်ဂျင်မှာ ရုန်းအား ၃၈၃ ပေါင်-ပေမှာ မြင်းကောင်ရေ ၃၅၅ ကောင်အားထွက်ရှိမည်ဖြစ်သည်။

အင်ဂျင်အကြီးစားတပ် SUV တစ်စီးအတွက် ရုန်းအားထွက်ရှိမှုအားနည်းသလိုရှိသော်လည်း ထိုအင်ဂျင်စနစ်မှာ နှစ်ဘီးယက်စနစ်က အမြင့်ဆုံး Tow အနေဖြင့် ပေါင် ၈၆၀၀ ရသကဲ့သို့လေးဘီးယက်စနစ်ဖြင့် ပေါင် ၈၄၀၀ ထိအောင်တင်ဆောင်ရုန်းကန်နိုင်မည်ဖြစ်ပါသည်။

နောက်ဘီးယက်စနစ်ရော လေးဘီးယက်စနစ်ပါရနိုင်ပြီး ဂီယာပိုင်းမှာ ၆ ချက်သုံး Auto တစ်မျိုးတည်း လာပါသည်။

အမြန်နှုန်းမြင့်တင်မောင်းနှင်နိုင်မှုအနေဖြင့် တစ်နာရီမိုင် ၆၀ နှုန်းကို အချိန် 7.3 စက္ကန့်ယူမည်ဖြစ်ပြီး နောက်ဘီးယက်စနစ်ဖြစ်ပါက ၇.၁ စက္ကန့်တည်းကြာမည်ဖြစ်ကြောင်းသိရသည်။

Source:internet journal

Read 1311 times