2017 Cadillac XT5


အမေရိကန်နိုင်ငံထုတ် ကားများထဲတွင် ဒုတိယသက်တမ်းအမြင့်ဆုံးဖြစ်သော Cadillac ကားအမျိုးအစားလည်း ပါဝင်ခဲ့ပါသည်။

ထိုကားအမျိုးအစားသည် လမ်းကြမ်းမောင်းနှင်နိုငသော SUV ကားအမျိုးအစားကို Station Wagon၊ Hatchback တို့လို ကားအမျိုးအစားနှင့် ပေါင်းစပ်ထားသော Crpsspver ကားများခေတ်စားလာချိန်တွင် Cadillac မှာလည်းဇိမ်ခံကားတစ်မျိုးတည်းထုတ်လုပ်သောအစဉ်အလာကို စွန့်လွှတ်ပြီး Crossover ကားအမျိုးအစားကို စတင်ထုတ်လုပ်လာခဲ့ပါသည်။

2017 Cadillac XT5 မှာ အရွယ်အလတ်စားဇိမ်ခံ Crossover SUV ကားအမျိုးအစားဖြစ်ပြီး Crossover Touring 5ကိုအတိုကောက်ခေါ်ထားခြင်းဖြစ်သည်။

2017 မိုဒယ် Cadillac XT5 တွင်ဆန်းသစ်တီထွင်ထားသောနည်းပညာရပ်များဖြစ်သည့် Streaming video နောက်ကြည့်မှန်၊ ဂီယာချိန်းရာတွင် တီကျသောအီလက်ထရွန်းနစ်စနစ်များပါဝင်သကဲ့သို့ ကားအောက်ခံ ဖရိမ်ကို ပေါ့ပါးမှုရှိအောင် ထုတ်လုပ်ထားပါသည်။

အမေရိကန်တွင်ရောင်းသော Cadillac XT5 မှာ မြင်းကောင်ရေအား ၃၁၀ ရှိသော 3.6LLGX V6 အင်ဂျင်အသုံးပြုသောလည်း တရုတ်နိုင်ငံတွင် ထုတ်လုပ်ရောင်းချသော Cadillac XT5 တွင် မြင်းကောင်ရေ ၂၅၈ ကောင်အားသာရှိသော 2.0 LLTG14 အင်ဂျင်ကို သုံးထားပါသည်။

အော်တိုဂီယာ ရှစ်ချက်ပါဝင်ပြီး အမြင့်ဆုံးအမြန်နှုန်းတစ်နာရီလျှင် မိုင်၁၃၀ အထိမောင်းနှင်နိုင်ပါသည်။

ဆီစားနှုန်းမှာ မြို့တွင်းမောင်းပါက တစ်ဂါလန်လျှင် ပျမ်းမျှ ၁၉ မိုင်နီးပါး ခရီးပေါက်ပြီး အဝေးပြေးလမ်းတွင် တစ်ဂါလန်လျှင် ၂၇ မိုင်နှုန်းအထိမောင်းနှင်နိုင်မည်ဖြစ်ပါသည်။

သုညမိုင်မှ တစ်နာရီမိုင်ခြောက်ဆယ်နှုန်းရောက်ရန် အရှိန်မြှင့်ဖို့ ၆ ဒဿမ ၆ စက္ကန့်သာကြာသောကြောင့် မောင်းနှင်အားကို ရုတ်တရက်မြှင့်တင့်ရန်လွယ်ကူမည်မဟုတ်ပါ။

ပုံမှန်အားဖြင့် ရှေ့ဘီးယက်ကားမျိုးထုတ်လုပ်သော်လည်း လေးဘီးယက်စနစ်ကိုလည်း ရွေးချယ်ရရှိနိုင်သော 2017 Cadillac XT5 လေးဘီးယက်စနစ်နှင့် အီလက်ထရွန်းနစ်ထိန်းချုပ်စနစ်သုံး Rear Differential တို့၏ ပေါင်းစပ်မှုကြောင့် ကုပ်အားကောင်းမွန်ပြီး စတီယာရင်အထိန်းအသိမ်းတိုးတက်ကောင်းမွန်လာကာ လမ်းကြမ်း မောင်းနှင်မှုအတွက် ကောင်းမွန်စေပါသည်။

ကားအတွင်းပိုင်းအပြင်အဆိုင်မှာ ဝယ်ယူမည့်နှုန်းအလိုက် အပြောင်းအလဲရှိပါသည်။

ရှေ့ခန်းနှစ်ယောက်ထိုင်ခုံနှင့် နောက်ခန်းသုံးယောက်ထိုင်ခုံတွေမှာ သားရေထိုင်ခုံများဖြစ်ပြီး ရှေ့ခန်းမှာ အနည်းငယ်ကျဉ်းပါသည်။

နောက်ထိုင်ခုံများကို စိတ်ကြိုက်လှန်ချိုးနိုင်ပြီး ပစ္စည်းများများတင်ရန်အဆင်ပြေစေပါသည်။

ပစ္စည်းတင်သော နောက်ခန်းအကျယ်အဝန်းမှာ ကုဗပေ သုံးဆယ်ရှိပြီး နောက်ထိုင်ခုံပါလှန်လိုက်ပါက ၆၃ ကုဗပေ တင်ဆောင်နိုင်မည်ဖြစ်ပါသည်။

Hands-free-Liftgate ပါဝင်သောကြောင့် နောက်ဖုံးကိုလက်ဖြင့်ဖွင့်စရာမလိုပဲ ကားအောက်ကို ခြေထောက်ပြလိုက်ရုံဖြင့် အလိုအလျောက်တံခါးပွင့်နိုင်မည်ဖြစ်ပါသည်။

လုံခြုံရေးနည်းပညာများအဖြစ် ရှေ့ကားနှင့် အရမ်းနီးကပ်သောအခါ သတိပေးစနစ်၊ အလိုအလျောက်ဘရိတ်ဖမ်းစနစ်၊ Head-up Display၊ Lane Departure Warning ၊ Blind Spot Monitoring ၊ Parking Sensor များပါဝင်ပြီး သတင်းအချက်အလက်များအတွက် ရှစ်လက်မအရွယ်မော်နီတာ၊ Bose စပီကာရှစ်လုံး၊ 4GLTE Wi-Fi hot spot တို့ကိုထည့်သွင်းပေးထားပါသည်။

ကားဈေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၉,၀၀၀ နီးပါးရှိပြီး အပိုပစ္စည်းထပ်တပ်ဆင်ထားသော Luxury, Premium,Platinum အမျိုးအစားများမှာမည်ဆိုပါက ဒေါ်လာခြောက်သောင်းကျော်အထိ ကုန်ကျမည်ဟု သိရသည်။

 

Read 1996 times