2017 BMW G 310 R


ကမ္ဘာကျော်အမှတ်တံဆိပ် မော်တော်ဆိုင်ကယ်ကို ဈေးနှုန်းသက်သာစွာနှင့် အခြေခံလူတန်းစား လက်လှမ်းမီမည့် အတိုင်းအတာနှင့် ထုတ်လုပ်ထားသောကြောင့် စွမ်းဆောင်ရည်ပိုင်းကို လျှော့ချထားတာတွေ့ရပြီး BMW ၏ အင်ဂျင်ပါဝါ 500 CC အောက်ပထမဆုံး Roadster အဖြစ်မှတ်တမ်းဝင်ပါသည်။

အိန္ဒိယနှင့် ဘရာဇီးလ်တို့ကို အဓိကပစ်မှတ်ထားသော တစ်ကမ္ဘာလုံးအတိုင်းအတာနှင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

2017 BMW G 310R မိုဒယ်မှာ အင်ဂျင်စွမ်းဆောင်ရည်ပိုင်းအတွက် 313 CC Liquid-cocled Single Cylinder အင်ဂျင်ငယ်ကိုသာ တပ်ဆင်ပေးထားပြီး မြင်းကောင်ရေ ၃၄ ကောင်အားနှင့် လိမ်ကျစ်အား 20.7 lb-ft ရှိပါသည်။

Intake Valves အတွက် Camshaft တစ်ခု၊ Exhaust Valves အတွက် Camshaft တစ်ခု စုစုပေါင်း Camshaft နှစ်ခုပါဝင်သော DOHC (Double OverHead Cam) and 4 Valves ဖြစ်သောဒီဂျင်သစ်သည် ခေတ်မီဆန်းသစ်မှုရှိနေပါသည်။

Camshafts နှင့် DLC (Diamond-Like Carbon) အုပ်ထားသော Rocker Arms များတွင် S 1000 RR မိုဒယ်မှာ အမြင့်ဆုံးအမြန်နှုန်း တစ်နာရီလျှင် မိုင်ကိုးဆယ်နှုန်းနှင့် ဆီတစ်ဂါလန်ကို မိုင်ခုနှစ်ဆယ်မှ ၇၅ မိုင်နှုန်းအထိ မောင်းနှင်းနိုင်မည်ဖြစ်ပြီး ဆီတိုင်ကီကသုံးဂါလန်နီးပါး ဝင်ဆံ့သောကြောင့် ဆီအပြည့် ဖြည့်ထားပါက မိုင်နှစ်ရာခရီးနီးပါးရောက်နိုင်မည်ဖြစ်ကြောင်းသိရသည်။

BMW Motorrad သည် G 310 R မိုဒယ်ကို ၂၀၁၅ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး BMW ၏နည်းပညာဖန်တီးမှုအပိုင်းကို မြူးနှစ်မြို့တွင် လုပ်ဆောင်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

BMW နည်းပညာဖြစ်သောကြောင့် ပေါ့ပါးမှု၊ လေခွင်းအားကောင်းမွန်မှုတွေကို 2017 BMW G 310 Rမိုဒယ်မှာပါ ဆက်ထိန်းထားနိုင်ကို တွေ့ရသည်။

သက်သောင့်သက်သာရှိအောင် ဖန်တီးတည်ဆောက်ပေးထားသည့် အပြင် မြို့တွင်းမြို့ပြင်လမ်းများကို အကောင်းဆုံးအသုံးချမောင်းနှင်နိုင်မည်ဖြစ်သည်။

အထူးသဖြင့် လွယ်ကူရိုးရှင်းမှုနှင့် လုံခြုံရေးအသားပေးဒီဇိုင်းဖန်တီးထားသော 2017 BMW G 310 R မိုဒယ်၏ ကိုယ်ထည်အလေးချိန်ပေါင် ၃၅၀ သာရှိပြီး ထိုင်ခုံအမြင့် ၃၂ လက်မနီးပါးရှိသော Seating Position ကြောင့် စီးနင်းသူကို သက်သောင့်သက်သာ၊ ဖိအားကင်းကင်းနှင့် လွယ်လွယ်ကူကူမောင်းနှင်နိုင်စွမ်းရှိပါသည်။

ကျောရိုးအတွက်တောင့်တင်းမာကျောသော Tubular Steel Frame၊ အထက်/အောက် ရွေ့လျားပေးနိုင်မည့် Upside-Down Forks ဖြင့် ယာဉ်တည်ငြိမ်စေနိုင်မည့် ဒီဂရိမြင့်မားစေနိုင်ရန်အတွက် Long Swingarm တို့ဖြင့်ဖွဲ့စည်းပေးထားပါသည်။

အနောက်ဘက်ဒီဇိုင်းမှာ သိပ်မဆန်းသော်လည်း အရှေ့ဘက်တွင် သေးငယ်သောမီးခွက်နှင့်အတူ ဒီဇိုင်းဆန်းပြားသောရှေ့မီးကြီး၊ Dynamically Modeled Fuel Tank Trim Elements နှင့် Roadster အမျိုးအစားမှန်း ပေါ်လွင်ထင်ရှားစေမည့် ရုပ်ထွက်မျက်နှာစာမျိုးပိုင်ဆိုင်ထားသည်ဟု သိရသည်။

BMW မော်တော်ဆိုင်ကယ်အတိုင်း 2017BMW G 310 R မိုဒယ်၏ လုံခြုံရေးစနစ် အားဖြည့်မှုမှာ အဆင့်မြင့် ABS ဘရိတ်စနစ်ကို Standard အနေဖြင့် ထည့်သွင်းပေးထားပြီး ရှေ့ဘီးအတွက်အချင်း မီလီမီတာသုံးရာရှိ Single-disc Brake နှင့် အနောက်ဘက်အတွက် အချင်းမီလီမီတာ ၂၄၀ ရှိ Disc Brake တို့ကို အသုံးပြုထားပါသည်။

Large Liquid Crystal Display ဖြစ်သော ဒိုင်ခွက်စနစ်မှာ အပြည့်ဝဆုံး ကြည်လင်ပြတ်သားမှုနှင့် သတင်းအချက်အလက်များကို ဖော်ပြပေးမည်ဖြစ်သည်။

ထိုအမျိုးအစား၏ ရောင်းဈေးမှာ အမေရိကန်ဒေါ်လာ ၄,၇၅၀ မှ စတင်မည်ဖြစ်ပြီး အာမခံသုံးနှစ် နှင့် မိုင်ပေါင်း ၃၆,၀၀၀ ရမည်ဖြစ်ကြောင်းသိရသည်။

Read 7869 times