2017 BMW 7 Series


ယင်းကားအမျိုးအစားတံခါးလေးပေါက်နှင့် အထူးကန့်သတ်မိုဒယ် ဆီဒန်ကားသစ် 7 Seres Centennial Edition ၏မိုဒယ်အားလုံးကို BMW ၏ နာမည်ရပြီးသား တည်ဆောက်ရေးစွမ်းရည်များ၊ ထပ်တိုးနည်းပညာသစ်များနှင့် ဖန်တီးထားရုံသာမက7Seriesမိုဒယ်၏အကောင်းဆုံးနှင့်အလှပဆုံးစရိုက်လက္ခဏာများကိုရောင်ပြန်ဟပ် နေပါသည်

ယခုမိုဒယ်မှာကားအနောက်ဘက်အနိမ့်ဆုံးနေရာမှအိပ်ဇောပိုက်ဧရိယာဖြစ်ပြီးယခင်လိုအနက်ရောင်အစား တောက်ပသော ခရိုမီယမ်ရောင်များနှင့် ဖန်တီးထားပါသည်။

ထို့ပြင်အိပ်ဇောပိုက်နှစ်ခုကိုလည်းထမ်းပိုးတစ်ခုကဲ့သို့ခရိုမီယမ်ရေင်ဘားတန်းရှည်ကြီးနှင့်ဝန်းဝိုက်သွယ်က်ပေးထားပုံမှာ ကားအနောက်ဘက်ဒီဇိုင်းကို ပိုမိုထူးခြားသွားစေပါသည်။

အရွယ်အစားပြည့်ဇိမ်ခံဆီဒန်ကားသစ် 7 Series Centennial Edition ၏အတွင်းခန်းမှာ အထူးထုတ်မိုဒယ်မှန်း သိသာစေသည့်အတွင်းခန်းဒီဇိုင်းအပြင်အဆင်များပါဝင်ပါသည်။

ကားအတွင်းခန်းတစ်ခုလုံးကိုBMW Individual မှဒီဇိုင်းထွင်ထည့်ပေးထားသည့် မီးခိုးဖြူရောင်အရည်အသွေးမြင့် Merino Leather များနှင့် မွမ်းမံဆင်ယင်ထားပြီး ကားဒက်ရှ်ဘုတ်၊ ကားတံခါးအတွင်းဘက်နှင့် ခလုတ်ခုံတို့ကိုတော့ အနက်ရောင်အသားပေးဖန်တီးထားပါသည်။

အထူးခြားဆုံးပါဝင်သည့်အချက်မှာနာမည်ကျော် Montblanc အမှတ်တံဆိပ်ဖောင်တိန်တစ်ချောင်းဖြစ်ပြီး Centennial Edition အတွက်အထူးသီးသန့်ထုတ်လုပ်ထားသောကြောင့် ဖောင်တိန်အရည်အသွေးကအစ Centennial Edition မိုဒယ်ကဲ့သို့ အပြာနှင့် ခရိုမီယမ်ရောင်ကိုပေါင်းစပ်ထားပါသည်။

စုစုပေါင်းကားအစီးရေ တစ်ရာသာထုတ်လုပ်ပြီးလွန်ခဲ့သည့် ၂၀၁၆ ခုနှစ်နှစ်ကုန်ပိုင်းလောက်တည်းက ဈေးကွက်တင်ရောင်းချရန် စီစဉ်ခဲ့သော2017 BMW 7 Series Centennial Edition မိုဒယ်များ၏ ဈေးကို အတိအကျမသိရသေးကြောင်းသိရသည်။

Read 1958 times