2017 Bentley Mulsanne Grand Limousine


ကားမိုဒယ်အသစ်တစ်ခုအနေဖြင့်ကား၏ကိုယ်ထည်ပုံစံရောအတွင်းခန်းအပြင်အဆင်ပါထူးခြားပြောင်းလဲသွားသော်လည်းအင်ဂျင်နှင့်စွမ်းဆောင်ရည်မှာသမားရိုးကျMulsanne မိုဒယ်နှင့်အတူတူပင်ဖြစ်ပါသည်။

သီးသန့်ဖောက်သည်တစ်ယောက်တည်းအတွက်အထူးဒီဇိုင်းထွင်ပြီးလက်မှုပညာနှင့် အသေးစိတ်ဖန်တီးတည်ဆောက်ထားခြင်းဖြစ်သည်။

ယင်းမိုဒယ်၏လှပသောကိုယ်ထည်ဒီဇိုင်းမှာထုတ်လုပ်သူMulliner၏ကျွမ်းကျင်လက်ရာမြောက်သောလက်မှုပ ညာမှားနှင့်တည်ဆောက်မှုစွမ်းရည်ကိုပြသရာရောက်ပြီးကားတစ်စီးအနေဖြင့်အမြင့်ဆုံးပေးစွမ်းနိုင်သည့်ဇိမ်ကျသက်သာမှု၊ကျွမ်းကျင်သောလက်မှုပညာ၊တစ်မူထူးခြားသောသီးသန့်ဆန်မှုနှင့်အဆင့်မြင့်မွမ်းမံထားမှုများကိုလည်း ထင်ရှားပေါ်လွင်စေပါသည်။

ပုံမှန် Mulsanne မိုဒယ်ထက်ကိုယ်ထည်ပိုရှည်လျားသော Mulsanne Grand Limousine ၏ အတွင်းခန်းမှာ ခရီးသည်ခြောက်ယောက်ထိကျယ်ကျယ်ဝန်းဝန်းလိုက်ပါစီးနင်းနိုင်ပါသည်။

သိသိသာသာပိုကျယ်ဝန်းသောကားနောက်ခန်းတွင်ခရီးသည်လေးယောက်စီးနင်းနိုင်ပြီးကိုယ်ပိုင်ဇိမ်ခံလေယာဉ်ကဲ့သို့နှစ်ယောက်တွဲမျက်နှာချင်းဆိုင်ထိုင်ခုံအနေအထားမျိုးဖန်တီးပေးထားပါသည်။

Bentle အတွက်ပထမဆုံးနည်းပညာသစ်တစ်ခုဖြစ်သည့် ကားရှေ့ခန်းနှင့် ကားနောက်ခန်းကိုခွဲခြားထားသော SmartGlassဖြစ်ပြီးခလုတ်တစ်ချက်နှိပ်လိုက်ရုံဖြင့်မှန်အကြည်မှမှန်အနောက်အဖြစ်သို့ချက်ချင်းပြောင်းလဲသွားစေနိုင်မည်ဖြစ်သည်။

ကားအတွင်းခန်းတွင် ယူကေစံတော်ချိန်၊ဒေသတွင်းစံတော်ချိန်နှင့် ကားအပြင်ဘက်အပူချိန်ကိုဖော်ပြပေးမည့် လက်ဖြစ်သုံးခုတွဲဒိုင်ခွက်ပါဝင်ပါသည်။

ကားနောက်ခန်းတွင် သစ်ပါးသားနှင့် ပြုလုပ်ထားသော ခေါက်စားပွဲများကလည်းကားနောက်ခန်းခရီးသည်များ အတွက်ကားမောင်းနေရင်းသက်သောင့်သက်သာအလုပ်လုပ်စေနိုင်မည်ဖြစ်သည်။

ထို့ပြင်ကားရှေ့ခန်းနှင့်ကပ်လျက် ထိုင်ခုံနှစလုံးကြားတွင် ရေခဲသေတ္တာအသေးစားလေးပါဝင်ပြီး ၎င်းနှင့်မျက်နှာချင်းဆိုင်ထိုင်ခုံနှစ်လုံးကြားတွင်အချိုရည်ထည့်စရာ အကန့်လေးဖန်တီးထားပါသည်။

ကားနောက်ခန်းတစ်ခုလုံးကိုအဆင်အသွေးလှပသောသစ်ပါးသား၊အလူမီနီယမ်သတ္တုများနှင့်အလှပဆုံးမွမ်းမံ ထားပြီးထိုင်ခုံလေးခုံစလုံးကိုလည်းအကောင်းစားသားရေများနှင့်ပြုလုပ်ထားရုံသာမက ခေတ်မီအဆင့်မြင့်သော ကားအတွင်းခန်းနည်းပညာများအစုံအလင်ပါဝင်ပါသည်။

ထို့ပြင်ကားနောက်ခန်းခရီးသည်များပိုမိုဇိမ်ကျစေရန်အတွက် Mulliner မှအထူးစီမံဖန်တီးထားသော HVAC စနစ်ကိုလည်းထည့်သွင်းပေးထားပြီး ကားရှေ့ခန်းနှင့် နောက်ခန်းစကားပြောဆိုဆက်သွယ်နိုင်ရန် Intercom စနစ်လည်းပါဝင်ပါသည်။

Read 1520 times