၂၀၁၇ ခုနှစ်အတွင်းဆုအများဆုံးရရှိထားသည့် ကား(၁၀) စီး


သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့်  ဆုအများဆုံး ရရှိထားသည့် မော်ဒယ်များ ဖြစ်ပါသည်။

နှစ်ဝက်တာကာလမှာ ဆုတွေ အများဆုံးရရှိပြီး ဖြစ်သောကြောင့် နှစ်ကုန်ပိုင်းတွင် တနှစ်တာ အကောင်းဆုံး ကားဆုများ ရရှိရန် အလား အလာကောင်းနေသည့် မော်ဒယ်များ ဖြစ်ပါသည်။

၁။ 2017 Subaru Impreza

ယခုနှစ်အတွက် လုံး၀ အသစ်ပုံစံ ပြန်ပြင်ပြီး ထုတ်လုပ်ထားခြင်းဖြစ်ပါသည်။

နောက်ဘီးယက်စနစ်နှင့်အကောင်းဆုံးပွဲထုတ်လာပြီး Hatchback ကိုယ်ထည်နှင့် ပါ ရနိုင်လာပါသည်။

လုံခြုံစိတ်ချရမှု အထူး ကောင်းမွန်ပြီးယခုချိန်ထိအောင်တော့ ဒေါ်လာ ၂၅၀၀၀ အောက် အကောင်းဆုံး ကားဆုကို ရထားပြီး တန်ဖိုးနှင့် အလိုက်ဖက်ဆုံး အရည်အသွေး ပြနိုင်သည့် ကားဆုကိုလည်း ရထားပါသည်။
ဒေါ်လာ ၁၈၀၀၀ အောက် သဘောကျစရာ အကောင်းဆုံးကား ဆုကိုပါ ရရှိထားခြင်း ဖြစ်ပါသည်။

၂။ 2017 Honda CR-V

ယခုနှစ်အတွက် ဒီဇိုင်း ပြင်ဆင်ထုတ်လုပ်ထားမှု တွေ့ရပါသည်။

Toyota RAV-4 ထက်လည်း ရောင်းအား ကောင်းလာပြီး ဆီစားနှုန်း ချိုသာသည်။

မောင်းနှင်အသုံးပြုသူများနှင့် ရင်းနှီး အသားကျထားပြီးသား မော်ဒယ်ကောင်းပါ။

ယခုနှစ်အတွက် အကောင်းဆုံး မိသားစုသုံး ကား ၁၂ စီးမှာ ပါဝင်နေပြီ ဖြစ်သလို ဒေါ်လာ ၂၅၀၀၀ အောက် အကောင်းဆုံး SUV ဆုကိုလည်း ရထားတယ်၊
ဒေါ်လာ ၂၅၀၀၀ အောက် ဘီးစုံယက်စနစ်နဲ့ အကောင်းဆုံး မော်ဒယ်ဆုလည်း ရရှိထားတာပါ။

၃။ 2017 Kia Sportage

ထိုမော်ဒယ်ကလည်း ယခုနှစ်မှာ ဒီဇိုင်း ပြောင်းလဲ ထုတ်လုပ်ထားတာ တွေ့ရပါသည်။

ဈေးနှုန်းချိုသာသလောက် အရည်အသွေး ကောင်းလို့ လူကြိုက်များနေပါသည်။

ရုပ်ထွက်ကလည်း ဆွဲဆောင်မှု ရှိပြီး အာမခံလည်း ရှည်လို့ သဘောကျစရာပါသည်။

မော်ဒယ်က CR-V နှင့်အတူတူ မိသားစုသုံး အကောင်းဆုံး ကား ၁၂ စီး စာရင်းမှာ ပါနေသကဲ့သို့
ဒေါ်လာ ၂၅၀၀၀ အောက် တန်ဖိုးရှိ အကောင်းဆုံး SUV စာရင်းမှာလည်း ပါရှိနေပါသည်။

၄။ 2017 Chevrolet Impala

သက်တောင့် သက်သာရှိပြီး ဇိမ်ခံမော်ဒယ်လို သုံးနိုင်တယ်၊ အတွင်းခန်း အထူးကျယ်ဝန်းပါသည်။

အမေရိကန်တွင် အကောင်းဆုံး ဆီဒင် မော်ဒယ်ဖြစ်ရန် အလေးပေး ခံနေရပါသည်။

ဒေါ်လာ ၃ သောင်းအောက် ကားတွေထဲမှာ အကောင်းဆုံး ကားအဖြစ် ရွေးချယ်ခံထားရသလို မိသားစုသုံး ဆီဒင်ထဲမှာ အကောင်းဆုံး ကားဆုနဲ့ ၅နှစ်တာ သက်တမ်းကာလအတွင်း အကောင်းဆုံးကားဆုကိုပါ ရရှိထားပါတယ်။

၅။ 2017 Toyota Prius / Toyota Prime

Toyota ရဲ့ဆီရော လျှပ်စစ်ပါ ရောသုံးပြီး ခရီးဝေးရော မြို့တွင်းသုံးပါ အဆင်ပြေလို့ လူကြိုက်များနေတဲ့ မော်ဒယ်ပါ။ 
ဒေါ် လာ ၄ သောင်းအောက် အကောင်းဆုံး Hybrid ကားဆုကို ရထားပါသည်။

Prime မော်ဒယ်ကလည်း တန်ဖိုး ဒေါ်လာ ၄ သောင်းအောက် အကောင်းဆုံး Plug-in Hybrid မော်ဒယ်ဆု ရထားပြန်ပါသည်။

၅နှစ်တာ သက်တမ်း ကာလအတွင်း အကောင်းဆုံး ကားဆုစာရင်း မှာလည်း ပါနေပြီး ၂၀၁၇ အတွက် ဝယ်ယူဖို့ အကောင်းဆုံးဆု ကိုလည်း ရရှိထားပါသည်။

၆။ 2017 Kia Optima

၂၀၁၆ခုနှစ် မော်ဒယ်မှာ အကြီးစား အဆင့်မြှင့်မှုတွေ လုပ်ခဲ့သော်လည်း အခုနှစ်မှာတော့ သိပ်ပြီး မထူးခြားပါဘူး။

ပြိုင်ကားနှင့် ဆင်သည့် ရုပ်ထွက် နှင့် ဒီဇိုင်းကြောင့် လူကြိုက်များပါသည်။

ဒေါ်လာ ၂၅၀၀၀ အောက်ဘက် အကောင်းဆုံး ဆီဒင် ၁၀စီးမှာ ပါနေ သည်။

မိသားစုသုံး အကောင်းဆုံး ဆီဒင် ကားစာရင်းမှာ လည်းပါပြီး၊ Hybrid နဲ့ Plug-in Hybrid တွေလည်း ရနိုင်လာပြီး အဆို ပါ သက်ဆိုင်ရာ အပိုင်းတွေမှာလည်း အကောင်းဆုံး စာရင်းဝင် မော်ဒယ်အဖြစ် ရွေးချယ်ခံထားရတာ တွေ့ရပါသည်။

၇။ 2017 Hyundai Sonata

ဇိမ်ခံပုံစံ ဖန်တီးထားတယ်၊ လုံခြုံစိတ်ချရမှု အားကောင်းပြီး ဈေးနှုန်းနှင့်လိုက်ဖက်သည့် အရည်အသွေး ကောင်းကို ပြနိုင်လို့ လူကြိုက်များ နေပါသည်။

Honda Accord နဲ့ Toyota Camry များကို အကောင်းဆုံး ဈေးကွက် ပြိုင်ဆိုင် လာနိုင်တာ တွေ့ရပါ သည်။
ဒေါ်လာ ၂၅၀၀၀ အောက် တန်ဖိုး ရှိအကောင်းဆုံး ဆီဒင် စာရင်း ဝင်နေပြီး ဒေါ်လာ ၃ သောင်းအောက် တန်ဖိုးရှိ သက်တောင့်သက်သာ အရှိဆုံး ဆီဒင်စာရင်း မှာလည်း ထိပ်ပိုင်းမှာ ရပ်တည်နေနိုင်တာ တွေ့ရပါသည်။

၈။ 2017 Jeep Wrangler

မော်ဒယ်ကကိုယ်ထည်ပိုင်းမှာ တံခါး ၂ ပေါက်စနစ်နဲ့ရော ၄ ပေါက်စနစ်နဲ့ပါ ရနိုင်ပါသည်။

စိတ်ကြိုက် အဖြစ်ဆုံး SUV ၁၀ စီး စာရင်းမှာ ပါနေတယ်။ မောင်းနှင်လို့ အထူးကောင်းတယ်၊ စိတ်ကြိုက် ဖြစ်စေသည်။
ဒေါ်လာ ၂၅၀၀၀ အောက် အကောင်းဆုံး ကားစာရင်းမှာ ပါတယ်၊ တန်ဖိုးလျော့ကျမှု အနည်းဆုံး ကားဆုလည်း ရထားပြီး၊ ၅နှစ်တာ သက်တမ်း ကာလအတွင်း အကောင်းဆုံး ဆုစာရင်းမှာလည်း ပါနေပါသည်။

၉။ 2017 Honda Civic

နှစ်ယောက်စီး မော်ဒယ်အနေနှင့်ရော ဆီဒင် အနေနဲ့ရော Hatchbacck ကိုယ်ထည် အနေနဲ့ပါရနိုင်လာပြီး မော်ဒယ်တိုင်းကို လူ ကြိုက်များ နေပါသည်။

နှစ်စဉ် အကောင်းဆုံး ကိုယ်ထည် အသေးစား ကားဆုကိုလည်း ရယူထားနိုင်တာ တွေ့ရပြီး အခုနှစ် ကားတွေထဲမှာလည်းဒေါ်လာ ၁၈၀၀၀ အောက် တန်ဖိုးရှိ အကောင်းဆုံးကားဆုကို ရထားပါသည်။

၁၀။ 2017 Honda Accord

အခုနှစ်ထဲမှာတော့ အကောင်းဆုံး ပြန်လည် ဈေးကွက်ဝင်လာတဲ့ မော်ဒယ်ပါ။ အရွယ်အလတ်တန်းစား ကားတွေထဲတွင် ဝယ် ယူရန် အကောင်းဆုံးကားပါ၊
ဒေါ်လာ ၂၅၀၀၀ အောက် တန်ဖိုးရှိအကောင်းဆုံး ဆီဒင်စာရင်းမှာ ပါနေတယ်၊ ၅နှစ်တာ ကာလ အတွင်း အကောင်းဆုံးကားဆု စာရင်းမှာလည်း ပါရှိသည်။

ဒေါ်လာ ၃ သောင်းအောက် တန်ဖိုးရှိ မော်ဒယ်တွေထဲက သက်တောင့်သက်သာ အရှိဆုံး ကားဆုကိုလည်း ရထားပါသည်။

Hybrid မော်ဒယ်လည်း ရနိုင်လာပြီး ဒေါ်လာ ၄ သောင်းအောက် တန်ဖိုးရှိ Hybrid မော်ဒယ်များထဲတွင် ရွေးချယ်ရန် အကောင်းဆုံး ကားစာရင်းတွင် ပါလာပါသည်။

Read 1790 times