2017 Adixin moove


ဈေးနှုန်းသက်သာပြီး အရည်အသွေးမြင့် တရုတ် Auto ဆိုင်ကယ်အသုံးပြုသူများအတွက် ADIXIN ကုမ္ပဏီမှ ဒီဇိုင်းလှပစွာ ထွက်ရှိလာသော ၂၀၁၇ မိုဒယ် MOOVE အကြောင်းကိုတင်ပြလိုက်ပါသည်။

တရုတ်နိုင်ငံထုတ် ADIXIN MOOVE ဆိုင်ကယ်သည် ဒလက်ဘီးအမျိုးအစား ရိုးရိုးဒိုင်ခွက်ကိုအသုံးပြုထားပြီး အင်ဂျင်အရည်အသွေးနှင့် ဒီဇိုင်းပိုင်းကို အလေးပေးထုတ်လုပ်ထားကြောင်းသိရသည်။

ထိုဆိုင်ကယ်မှာ လက်ရှိလူကြိုက်များနေသော ထိုင်းနိုင်ငံထုတ် Honda Moove နှင့် ဒီဇိုင်းဆင်တူပြီး ဈေးနှုန်းသင့်တင့်သည့် Auto ဂီယာအမျိုးအစားဆိုင်ကယ်အသုံးပြုသည့် အရွယ်သုံးပါးစလုံးကြိုက်နှစ်သက် လာနိုင်မည်ဖြစ်သည်။

၂၀၁၇ မိုဒယ် ADIXIN MOOVE ဆိုင်ကယ်၏ ဈေးနှုန်းမှာ ကျပ်ကိုးသိန်းရှစ်သောင်းဝန်းကျင်ရှိပြီး အင်ဂျင်အာမခံ ခြောက်လနှင့် Service လက်ခအခမဲ့တစ်နှစ်ပါရှိမည်ဖြစ်ကြောင်းသိရသည်။

အရောင်အနေဖြင့် အဖြူ၊ ဖြူပြာ၊ ဖြူစိမ်း၊ ဖြူနက်၊ နက်ရွှေနှင့် အနက်အစရှိသောအရောင်ခြောက်မျိုးထွက်ရှိပြီး အရောင်အားလုံးမှာ ဆိုင်ကယ်အသုံးပြုသူများကြိုက်နှစ်သက်နိုင်သည်ဟုသိရသည်။

အင်ဂျင်ပါဝါ ၁၂၅ စီစီရှိပြီး ADIXIN ကုမ္ပဏီထုတ် Click နှင့် Scoopy ဆိုင်ကယ်အင်ဂျင်တို့သာ အသုံးပြုထားသည်ကို တွေ့ရပါသည်။

စလစ်ဖြစ်ခြင်းကင်းဝေးရန်အတွက် ကျွတ်မပါသော တာယာအကြီးကို အသုံးပြုထားပြီး စပရိန်ကန်အား မဟုတ်ဘဲ တစ်ကြိုးဆွဲပြီး တစ်ကြိုးလျော့နိုင်သော လီဗာကြိုးနှစ်ချောင်းကို အသုံးပြုထားသည်။

ဆီစားနှုန်းအနေဖြင့် သာမန် 125 ဆိုင်ကယ်အတိုင်းဖြစ်သော်လည်း ကိုယ်ထည်သေးသောကြောင့် ဆီစားအနည်းငယ် သက်သာကြောင်းသိရသည်။

စက်သုံးဆီ တစ်ဂါလန်ဆံ့ တိုင်ကီပါရှိပြီး Octane 92 ဆီအသုံးပြုပါက အင်ဂျင်ဆွဲအား ကောင်းမွန်သကဲ့သို့ အင်ဂျင်သက်တမ်းတာရှည်ပိုခံမည်ဖြစ်ပါသည်။

ကာပရိုက်တာ Type အမျိုးအစား၊ Air Cooled System လေစနစ်အသုံးပြုထားပြီး ရှေ့/နောက် ရိုးရိုးမီးသီးကြီး နှင့် LED မီးတန်းများထည့်သွင်းအသုံးပြုထားပါသည်။

၂၀၁၇ မိုဒယ် ADIXIN MOOVE ဆိုင်ကယ်မှာ ဒီဇိုင်းသေးသွယ်ပြီး အရောင်ဆန်းသောကြောင့် ဆိုင်ကယ်စီးသူ လူငယ်မိန်းကလေး အများဆုံးကြိုက်နှစ်သက်နိုင်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

Read 7042 times