2017 Acura RLX


ထိုကား၏ အားသာချက်မှာ တပ်ဆင်ထားသော V6 အင်ဂျင်မှ စွမ်းအင်ထုတ်လုပ်မှု အထူးကောင်းမွန်ပြီး ဆီစားလည်းနည်းသောကြောင့် မော်ဒယ်ကနေ့စဉ် လူနေမှုဘဝအတွက် အကောင်းဆုံးအံဝင်စေပါမည်။

ထို့ပြင် Sport မော်ဒယ်၏ စွမ်းဆောင်ရည်မျိုးပြသနိုင်သည်ကိုလည်းတွေ့ရမည်ဖြစ်သည်။

အသက်ကယ်စနစ်နှင့် ဆက်စပ်နည်းပညာပိုင်းတွင် အထူးမြင့်မားပြီး အလိုအလျောက်အကူစနစ်မျာ ဂျာမနီဇိမ်ခံမော်ဒယ်တွေ၏ နည်းပညာပိုင်းလောက်ကိုပင် အထူးကောင်းမွန်ပါသည်။

အတွင်းခန်းကျယ်ဝန်းပြီး များသောအားဖြင့် Sport ဆန်အောင်ဖန်တီးထားသောမော်ဒယ်တွေ၏ နောက်ဘက်ခန်းကျဉ်းမြောင်းသော အားနည်းချက်ကို အကောင်းဆုံးပြုပြင်ဖန်တီးထားနိုင်သည်ကို တွေ့ရသည်။

Hybrid မော်ဒယ်အနေဖြင့်လည်း ရနိုင်မည်ဖြစ်ပြီး ထိုမော်ဒယ်တွင် စွမ်းဆောင်ရည်ကောင်းခြင်း၊ မြန်ဆန်သွက်လက်ခြင်း၊ ဆီစားနှုန်းအထူးသက်သာကောင်းမွန်သည်ကို တွေ့ရပါသည်။

အားနည်းချက်မှာ ဇိမ်ခံဈေးကွက်ကို လွှမ်းမိုးထားသော ဂျာမနီကား၏ ဈေးနှုန်းကို ပြိုင်ဆိုင်နိုင်လောက်သည်အထိ ဈေးနှုန်းမချိုသာသည်ကို တွေ့ရသည်။

ထို့ပြင် သတင်းအချက်အလက်ပြစနစ်မှာ ပြသမျက်နှာပြင်စနစ်ကို ပုံမှန်တစ်ခုတည်းထိုင်ထားတက်သော်လည်း အခု RLX တွင်နှစ်ခုထိုင်ထားပါသည်။

အသုံးပြုရမှုအပိုင်းမှာ နည်းနည်းရှုပ်သွားစေသည်မှလွဲ၍ ထူးခြားဆန်းသစ်မှုမရှိပဲ အားရုံများသွားစေခြင်းသာ ဖြစ်ပါသည်။

ထို့ပြင်ရှေ့ဘက်ထိုင်ခုံတန်းတွင် သုံးထားသောဆိုဖာသားများသည် ခရီးတိုတွင်မသိသာသော်လည်း ခရီးဝေးမောင်းနှင်းစီးနင်းမှုတွင် သက်သောင့်သက်သာဖြစ်စေမှု အားနည်းစေသည်ကို တွေ့ရပါသည်။

ယခုနှစ်မော်ဒယ်တွင် ဂြိုလ်တုအခြေပြုအချက်အလက်ပြစနစ်၊ မြေပုံစနစ်ထည့်သွင်းဖန်တီးလာမှု မရှိခြင်းမှာ ဂျာမနီမော်ဒယ်တွေကို ပြိုင်ဆိုင်ဖို့အားနည်းစေပါသည်။

ယခုနှစ်မော်ဒယ်မှာ ရွေးချယ်နိုင်စရာ မော်ဒယ်ခွဲနှစ်မျိုးထုတ်လုပ်ထားသည်ကို တွေ့ရပါသည်။

Technology နှင့် Advance ဟူ၍ ခွဲခြားထားပြီး အင်ဂျင်စနစ်မှာတစ်ခုတည်းဖြစ်ပြီး နည်းပညာထည့်သွင်းဖန်တီးမှုကွဲပြားမှုသာရှိပါသည်။

ထို့ပြင် Hybrid အနေဖြင့်လည်းရွေးချယ်နိုင်မည်ဖြစ်ပြီး စွမ်းအင်ထုတ်လုပ်ပေးနိုင်မှု ပိုမိုအားကောင်းသကဲ့သို့ဆီစားပါပိုပြီး ချိုသာကောင်းမွန်ပါသည်။

အင်ဂျင်ပိုင်းမှာ ပုံမှန်မော်ဒယ်အတွက်ဆိုလျှင် 3.5 လီတာသုံး V6 အင်ဂျင်ကိုတပ်ဆင်ထားပြီး ရုန်းအား ၂၇၂ ပေါင်-ပေမှာ မြင်းကောင်ရေ ၃၁၀ အားထိ အောင်ထွက်ရှိမည်ဖြစ်သည်။

ဘီးစုံယက်စနစ်ဖြင့်လည်းရနိုင်သလို ရှေးဘီးယက် မော်ဒယ်လည်းထုတ်လုပ်နိုင်ပါသည်။

ရှေ့ဘီးယက်စနစ်နှင့်ဂီယာပိုင်းမှာ Auto နှင့်ဖြစ်ပြီး ၆ ချက်သုံးဖြစ်သည်။

ထိုစနစ်မှာ ဇိမ်ခံမော်ဒယ်တွေ၏ ဂီယာချက်တော်တော်များများ သဘောကျလာသောဈေးကွက်အနေအထားမှာ အားနည်းချင်ပြီး ဘီးစုံယက်စနစ်ဖြင့် Dual-Clutch စနစ်ဖြင့် ၇ ချက်သုံးဖြစ်ပါသည်။

စွမ်းဆောင်ရည်ဦးစားပေးမော်ဒယ်မဟုတ်သော်လည်း အင်ဂျင်စနစ်၏ ဖန်တီးမှုအားကောင်းခြင်းက မော်ဒယ်ကို မြန်နှုန်းမြင့် မောင်းနှင်လာနိုင်စေပါသည်။

တစ်နာရီ မိုင် ၆၀ နှုန်းကို အချိန် ၆ စက္ကန့်ဝန်းကျင်နှင့် မောင်းနှင်စေနီုင်မည်ဖြစ်ပြီး ဆီတစ်ဂါလံကိုလည်း ၂၅ မိုင်ဝန်းကျင်မောင်းနှင်နိုင်မည်ဖြစ်သည်။

အလိုအလျောက် Wiper စနစ်၊ LED ရှေ့မီးကြီး၊ Sunroof ထည်ံထားခြင်း၊ သော့မဲ့စနစ်၊ သားရေထိုင်ခုံသားနှင့် အနေအထားမှာ သဘောကျစရာကောင်းလှပါသည်။

Source:Automobile Journal

Read 1333 times