တောင်ကိုရီးယား၏ စတုတ္ထမြောက် အကြီးဆုံးကားကုမ္ပဏီကြီး Ssang Yong Master Company သည်အရင်ရှိပြီးသား Korando Sports နေရာတွင် အဓိကပြောင်းလဲမှုတချို့ကိုပြုလုပ်ပြီး ၂၀၁၆ ခုနှစ်မိုဒယ်အဖြစ်နဲ့ ဈေးကွက်တင်ရောင်းချလိုက်ပြီဖြစ်ကြောင်းသိရသည်။
သိသာထင်ရှားမှု အရှိဆုံးမှာ အင်ဂျင်အပြောင်းအလဲဖြစ်ပြီး အရင် Korando Sports အမည်အစား Musso အမည်ဖြင့်ပြောင်းလဲခေါ်တွင်ခဲ့ပါသည်။
Ssang Yong Musso မှာလုပ်ငန်းသုံးယာဉ်ဆန်နေဆဲဖြစ်ပြီး ပြိုင်ဘက်များနှင့် ယှဉ်လျှင် ဈေးသက်သာမှုမှာ အားသာချက်တစ်ခုဖြစ်ပါသည်။
ရိုးရိုး SE မိုဒယ်နှင့် ဇိမ်ခံအသုံးအဆောင်များပိုပြည့်စုံသော EX ဆိုသောမျိုးကွဲအနေဖြင့် ထုတ်လုပ်ထားပြီး အင်ဂျင်စွမ်းဆောင်ရည်အတွက်2.0L အင်ဂျင်အစား 2.2L တာဘိုဒီဇယ်အင်ဂျင်အသစ်နှင့် အစားထိုးသုံးစွဲထားကြောင်းသိရသည်။
ယခင်က မြင်းကောင်ရေအား ၁၅၃ ကောင်သာထွက်ရှိချိန်တွင် မြင်းကောင်ရေအား ၁၇၆ ကောင်အထိစွမ်းရည်မြင့်မားသွားသည်ကို တွေ့ရသည်။
ထို့ပြင် ညစ်ညမ်းဓာတ်ငွေ့ထွက်ရှိမှုအနေနှင့် တစ်ကီလိုမီတာကို ၂၀၂ ဂရမ်အထိ လျော့ကျသွားသောကြောင့် Euro 6 အဆင့်သတ်မှတ်ခံထားရပါသည်။
နောက်ဘီးယက်စနစ်အပြင် ဘီးကုပ်အားများမှာ အထူးကောင်းမွန်သော လေးဘီးယက်မောင်းနှင်မှုစနစ်ကို Manual ဂီယာဖြင့်တွဲဖက်ထားပြီး Auto ဂီယာစနစ်ကို Optional အနေဖြင့် ရယူနိုင်ပြီး ဂီယာစနစ်ရွေးချယ်မှုအပေါ်မူတည်၍ ဆီစားနှုန်းလည်းအနည်းငယ်ကွာခြားမှု ရှိပါသည်။
Manual ဂီယာတွင် ဆီတစ်ဂါလန်လျှင် မိုင်လေးဆယ်အထိရောက်ရှိအောင်မောင်းနှင်နိုင်မည့် Auto ဂီယာစနစ်မှာ ၃၇ မိုင်လောက်ထိလျော့ကျသွားမည်ဖြစ်သည်။
အတန်းအစားတူသောကားများထဲတွင် ဈေးအသက်သာဆုံးကားအဖြစ်တည်ဆောက်ပေးထားပါသည်။
ထူးခြားချက်တစ်ခုမှာ ဆိုင်းထိန်စနစ်အတွက် အများစုက Leaf Springs သုံးနေချိန်တွင် 2016 Ssang Yong Musso မိုဒယ်မှာ Multi-Link Rear Suspension ကိုအသုံးပြုထားခြင်းဖြစ်သည်။
ခရီးသည်ငါးယောက်ဆံံ့သော 2016 Ssang Yong Musso ၏အတွင်းခန်းမှာ အခြေခံမိုဒယ်ဖြစ်သော SE မှစပြီး သက်သောင့်သက်သာရှိစေမည့် သားရေထိုင်ခုံများကို အသုံးပြုထားကြောင်းသိရသည်။
ပိုအဆင့်မြင့်သော EX မိုဒယ်များတွင် ရှေ့ထိုင်ခုံအတွက် အပူပေးစနစ်၊ Automatic Climate Control ၊ Automatic Headlights and Wipers ၊ သားရေသားအပြည့် ထိုင်ခုံနှင့် နောက်ကြည့်ကင်မရာ၊ ခုနှစ်လက်မအရွယ် Colour Touch-screen များပါဝင်ပါသည်။
ဒက်ရှ်ဘုတ်ပေါ်မှ Center Console ခလုတ်ခုံမှာ အလယ်မှာရှိသော်လည်း ယာဉ်မောင်းသူဘက်ကို တစောင်းဖြစ်အောင်စီမံထားပေးပါသည်။
လုံခြုံရေးစနစ်မှာ 2016Ssayg Yong Musso မှာခေါင်းခန်းခရီးသည်များအတွက် လေအိတ်နှစ်လုံးပါဝင်ပြီး ABS Brakes with EBD နှင့် ESP Stability Control with ARP Active Roll-over Protection စနစ်နှင့် Disc Brake များကို အသုံးပြုထားကြောင်းသိရသည်။
Source:Automobile journal