DC Fast Charging နှင့် မိနစ်သုံးဆယ်ခန့်အားသွင်းရုံဖြင့် အားပြည့်နိုင်သည့် 2016 Nissan Leaf


Nissan Leaf ကို ၂ဝ၁ဝ ပြည့်နှစ်အကုန်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပြီး အမေရိကန်၊ ကနေဒါနှင့် ဥရောပနိုင်ငံများကို ၂ဝ၁၁ ခုနှစ်မှစ၍ တင်ပို့ရောင်းချခဲ့ပါသည်။

အာရှမှာ ဈေးကွက်အအောင်မြင်ဆုံး လျှပ်စစ်ကားဖြစ်သော Nissan Leaf သည် ကားဒီဇိုင်း ခေတ်မီလှပသကဲ့သို့ အတွင်းခန်းဂရိတ်မြင့်ပြီး ဘက်ထရီသက်တမ်း ရေရှည်ခံမှုနှင့် စက်စွမ်းအား ကောင်းမွန်သည့်အတွက်

စတင်ထုတ်လုပ်သော ၂ဝ၁ဝ မိုဒယ်မှစ၍ Green Car Vision Award ၊ European Car of the Year ၊ World Car of the Year နှင့် Car of the Year Japan စသောဆုများကို ဆက်တိုက်ရရှိခဲ့ပါသည်။

Nissan Leaf ကို တရုတ်နိုင်ငံမှာလည်း Venucia e30 ဆိုသော အမည်တစ်ခုနှင့် ထုတ်လုပ်ထားရှိပါသည်။
Nissan Leaf ကို လေခွင်းအား(Aerodynamaic Drag) ကောင်းမွန်အောင် V-Shape ပုံစံ ဒီဇိုင်းဆင်ထားပြီး ရှေ့မီးကြီးများကိုလည်း ဘက်ထရီစား သက်သာအောင် LED မီးများ အသုံးပြုထားပါသည်။

ငါးယောက်စီး Hatchback ကားအမျိုးအစားဖြစ်ပြီး လျှပ်စစ်ကားဖြစ်သည့်အတွက် ကုန်ပစ္စည်းများ သယ်ဆောင်မည်ဆိုလျှင်တော့ အဆင်မပြေပေ။ ၂ဝ၁၅ မိုဒယ်မှာ S ၊ X ၊ G ၊ S Aero Style ၊ X Aero Style ၊

G Aero Style စသော ဂရိတ်များရှိပြီး ပုံမှန်ဂရိတ်နှင့် Aero Style ဂရိတ်တွင် ရှဲလ်ပြောင်းသွား၍ ရှေ့ရုပ်ထွက်လည်း ကွဲသွားပါသည်။ Aero Style ဂရိတ်များတွင် Signal မီးများက LED ဒေါင်လိုက်ဖြစ်ပြီး

ဂရိတ်အားလုံးမှာ Digital Aircon ၊ Push-start ၊ Steering Volume Control နှင့် Central Switch များ ပါဝင်ပါသည်။ Aero Style ဂရိတ်များတွင် Leather Steering ဖြစ်သွားပြီး Original Alloy Size ကလည်း

၁၇ လက်မ ဖြစ်သွားပါသည်။

Nissan Leaf မှာ အင်ဂျင်မရှိသည့်အတွက် Zero Engine ဖြစ်သော်လည်း 30 Kilowatt Hour (30kWh) ဘက်ထရီ တပ်ဆင်ထား၍ အားအပြည့်သွင်း ထားမည်ဆိုလျှင် ၁၇၂ ကီလို(၁ဝ၇ မိုင်)အထိ မောင်းနှင်၍ရပါသည်။

ထိုကားကို ပုံမှန်အားသွင်းမည်ဆိုလျှင် လေးနာရီလောက်ကြာမည်ဖြစ်သော်လည်း DC Fast Charging နှင့် အားသွင်းမည်ဆိုလျှင်တော့ မိနစ်သုံးဆယ်လောက် အားသွင်းရုံဖြင့် ၈ဝ ရာခိုင်နှုန်းမှ ၁ဝဝ ရာခိုင်နှုန်းအထိ

အားပြည့်မည် ဖြစ်ပါသည်။ အင်ဂျင်မပါသည့်အတွက် ချက်စီကလည်း Zero ဖြစ်ပြီး နံပါတ် က AZE0 ဖြစ်ပါသည်။

Nissan Leaf ၂ဝ၁၆ မိုဒယ်(ဘယ်မောင်း)ကို အမေရိကန်နှင့် ကနေဒါနိုင်ငံ စသော ဘယ်မောင်းနိုင်ငံများမှ မှာယူတင်သွင်း၍ရပြီး အခွန်သက်သာသည့်အတွက် ကျပ်သိန်း ၂၅ဝ နှင့် သုံးရာကြား ကျသင့်မည် ဖြစ်ပါသည်။

Automobile

Read 569 times