Beijing Automotive Industry Holding Co.,Ltd ကထုတ်လုပ်သော BAIC လူစီးကားလေးများသည် တရုတ်ပြည်မှာဆိုလျှင် အရောင်းရဆုံး လူစီးကား ၁ဝ မျိုး စာရင်းထဲတွင် ပါဝင်ပါသည်။
BAIC သည် ဆွီဒင်နိုင်ငံက SAAB စက်ရုံမှ နည်းပညာဝယ်ယူပြီး ထုတ်လုပ်ထားခြင်းဖြစ်သကဲ့သို့ Mercedes ၊ Hyundai ၊ Fonton စသော ကုမ္ပဏီများနှင့်လည်း Joint Venture အနေဖြင့် ပူးပေါင်းထုတ်လုပ်ထားသည့်အတွက် နည်းပညာမြင့်မားပြီး ဒီဇိုင်းကလည်း ခေတ်ရှေ့ပြေးနေပါသည်။
BAIC ကထုတ်လုပ်သော A113/A115 ဆိုလျှင်လည်း အင်ဂျင်ပါဝါနည်းသော်လည်း Luxury Type ဖြစ်အောင် အတွင်းခန်းအပြင်အဆင်ကို မွမ်းမံထားပါသည်။
BAIC A113 နှင့် A115 တို့ကို Sedan ၊ Hatchback ပုံစံနှစ်မျိုးစလုံးနှင့် ထုတ်လုပ်ထားပါသည်။
BAIC ကထုတ်လုပ်သော ထိုကားအမျိုးအစားများက Key Remote နှင့် Manual အဲကွန်းကိုသာ သုံးထားသော်လည်း Sunroof ၊ DVD Navi ၊ TV ၊ Bavk Camera များ ပါရှိသည့်အတွက် အတွင်းဂရိတ် မြင့်တယ်ဟုဆိုနိုင်ပါသည်။
Steering Volume Control ပါဝင်ပြီး AM ၊ FM ၊ CD ၊ MP3 ၊ USB ၊ DVD တို့နှင့် ချိတ်ဆက်နိုင်မည့် Speaker လေးလုံး တပ်ဆင်ထားသည့်အတွက် အသံစနစ်လည်းကောင်းမွန်ပါသည်။
2016 Model BAIC A115 Hatchback ၏ဈေးက ရန်ကုန်လိုင်စင်နံပါတ် ထွက်ပြီးသား (Zero Kilo)ကို ဝယ်မယ်ဆိုလျှင် ကျပ် ၁၅၅ သိန်းဝန်းကျင်ရှိပြီး နယ်လိုင်စင်နှင့်ဆိုလျှင် ကျပ်သိန်း ၁၅ဝ ဝန်းကျင်တွင် ရှိပါသည်။