ယင်းကားအတွင်းခန်းမှာ လူငါးယောက်သက်သောင့်သက်သာစီးနိုင်ရန်စီမံထားပါသည်။
အတွင်းခန်းထိုင်ခုံအနေအထား၊စတီယာရင်အနိမ့်/အမြင့်၊ နောက်ကြည့်မှန်အနေအထားတို့ကိုယာဉ်မောင်းသူ၏ အကြိုက်မှတ်သားထားပြီး အလိုအလျောက်ချိန်ညှိပေးနိုင်ပါသည်။
အင်ဂျင်အမျိုးအစားမှာ 3.8LV6 GD၊ ဓာတ်ဆီအင်ဂျင်တပ်ဆင်အသုံးပြုထားပါသည်။
အင်ဂျင်တစ်မိနစ်လည်ပတ်အား 6000Rpmမှာ မြင်းကောင်ရေ ၃၁၁ ကောင်အားထုတ်လုပ်ပေးနိုင်ပါသည်။
အမြင့်ဆုံးစွမ်းဆောင်ရည်မှာ တစ်နာရီကို ၂၄၀ ကီလိုမီတာနှုန်းမောင်းနှင်နိုင်ပြီး ၆ ဒသမ ၅ စက္ကန့်အတွင်း သုညမှကီလိုမီတာတစ်ရာအထိအရှိန်မြှင့်တင်နိုင်ပါသည်။
Transmission အနေဖြင့် 8 Speed Automatic ဂီယာကိုအသုံးပြုထားပါသည်။
Genesis မှာအလိုအလျောက်အရေးပေါ်ဘရိတ်စနစ်တပ်ဆင်ထားသောကြောင့် ကင်မရာနှင့် အာရုံခံကိရိယာမှ မိမိယာဉ်လမ်းကြောင်းပေါ်တွင်ရှိသောလူ၊ အရာဝတ္တုများကိုအာရုံခံပေးပြီး တိုက်မိရန်အလားအလာရှိပါက အလိုအလျောက်ဘရိတ်ဖမ်းပေးနိုင်မည်ဖြစ်ပါသည်။
ထို့ပြင်အရှိန်အားထိန်းချုပ်ပေးသောစနစ်၊မျက်ကွက်နေရာကိုထောက်လှမ်းပေးနိုင်သည့်စနစ်၊ယာဉ်ကြော ပြောင်းအထောက်အကူစနစ်၊ အသက်ကယ်လေအိတ်ကိုးလုံးစသည်တို့ကိုတပ်ဆင်ပေးထားပါသည်။
ယင်းကားဈေးနှုန်းမှာအမေရိကန်ဒေါ်လာ ၉၃,၁၀၀ ဝန်းကျင်ဖြစ်ပြီးသုံးနှစ်ဒါမှမဟုတ်ကီလိုတစ်သိန်းအာမခံပေး ထားပါသည်။