မြန်မာပြည်ရောက် 2016 Chevrolet Sail 3


ယင်းကားအမျိုးအစားသည် အမေရိကန်အခြေစိုက် ကားကုမ္ပဏီ Chevrolet ထုတ် 2016 မိုဒယ် Sail 3 LTZ ဆီဒန်ကားအမျိုးအစားဖြစ်ပါသည်။

ထိုကားသည် Chevrolet ၏မျိုးဆက်သစ်ကားငယ်များထဲတွင် အရည်အသွေးမြင့် စွမ်းအင်ချွေတာ ပေးနိုင်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု လျော့နည်းစေခြင်းတို့ကြောင့် မြန်မာနိုင်ငံမိသားစုများနှင့် လိုက်လျောညီထွေမှုရှိသည့် ကားဖြစ်ပါသည်။

Sail 3 မိုဒယ်မှာ Chevrolet ၏ဆန်းသစ်သည့် ဒီဇိုင်းနှင့် ဖန်တိးထားသည့် ရုပ်ထွက် အသွင်အပြင်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

အရှေ့ဘက်မျက်နှာစာက ကျယ်ပြန့်ပြီး Sport ဆန်သည့် နှစ်ထပ်ရှဲလ်မှာ Chevrolet ၏ Bowtie လိုဂိုတပ်ဆင်ထားပြီး ကား၏ အသွင်အပြင် ဆွဲဆောင်မှုရှိနေစေပါသည်။

အရင်မိုဒယ်များထက် အခု Sail 3 မိုဒယ်က ၅၁ မီလီမီတာ ပိုရှည်ပြီး ၄၅ မီလီမီတာ ပိုကျယ်ကာ ရှေ့ဘီးဝင်ရိုးနှင့် နောက်ဘီးဝင်ရိုးကြးအကွာအဝေး(Wheelbase) က ၃၅ မီလီမီတာ ပိုရှည်လာတာ တွေ့ရပါသည်။

အတွင်းခန်းကိုလည်း ကောင်းမွန်သပ်ရပ်အောင် ဖွဲ့စည်းထားတာတွေ့ရမည်ဖြစ်ပြီး Chevrolet ၏ အထင်ကရဖြစ်သည့် Cockpick Design ကိုဆက်လက်သုံးစွဲထားပါသည်။

အတွင်းခန်းက အမျိုးအစားတူကားများနှင့် နှိုင်းယှဉ်ပိုကျယ်ဝန်းပြီး သက်သောင့်သက်ရှိစေမည့် ထိုင်ခုံအနေအထား၊ အလွယ်တကူ အသုံးပြုနိုင်မည့် ပစ္စည်းထားသိုစရာနေရာ ၁၆ ခုတို့အပြင် နောက်ဖုံးခန်း၏ အကျယ်အဝန်းကလည်း ၃၆၆ လီတာဝင်ဆံ့မည် ဖြစ်ပါသည်။

ထို့ပြင် Radar-sweep အချက်ပြဒိုင်ခွက်၊ 3D ပုံစံစပိကာ ကာဗာ၊ ခွက်ပုံစံထိုင်ခုံ၊ Mode နှစ်မျိုးသုံးနိုင်သည့် Sunroof၊ နည်းပညာမြင့်ဖျော်ဖြေရေး စနစ်များ၊ ထိန်းချုပ်ခလုတ်များပါ၀င်သည့် Three-Spoke စတီယာရင်၊ စမတ်ဖုန်းမျက်နှာပြင်ကဲ့သို့ မြင်ရမည့် ၄ ဒသမ ၂ လက်မအရွယ် Colour Display, Bluetooth စနစ်နှင့်ချိတ်ဆက်ပြီး သီချင်းနားထောင်နိုင်မည့် စနစ်စသည်တို့ ပါ၀င်ပါသည်။

၁ ဒသမ ၅ လီတာ DVVT အင်ဂျင်က မြင်းကောင်ရေ ၁၁၁ ကောင်အားထုတ်လုပ်ပေးနိုင်ပြီး ကီလိုတစ်ရာ အကွာအဝေးကို ဆီ ၅ ဒသမ ၄ လီတာသာ ကုန်ကျမည် ဖြစ်သောကြောင့် အရင်မိုဒယ်များထက် ၈ ရာခိုင်နှုန်း ဆီစားသက်သာစေမည် ဖြစ်ပါသည်။

Sail 3 သည်လုံခြုံစိတ်ချရမှုအပိုင်းမှာ ထိပ်တန်းအဆင့်ရှိပြီး ကားဘော်ဒီတစ်ခုလုံး၏ ၅ ဒသမ ရ ရာခိုင်နှုန်းကို ခိုင်ခံ့ မာကျောပြီး ၁၃၀၀ Mpa အထိ ခံနိုင်ရှည်ရှိသည့် PHS Hot-rolled Steel နှင့်ဖွဲ့စည်းတည်ဆောက်ထားပါသည်။

ထို့ပြင် အသက်ကယ်လေအိတ်နှစ်လုံး၊ ABS Brake System၊ Electronic Brake-force Distribution၊ Cornering Brake Control အစရှိသည့် လုံခြုံစိတ်ချရသည့် နည်းပညာများနှင့် ဖွဲ့စည်းတည်ဆောက် ထားပါသည်။

ယင်းကားစျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၂၆၀၀၀ ၀န်းကျင်တွင်ရှိပြီး ၀န်ဆောင်မှုများအနေဖြင့် ငါးနှစ် သို့မဟုတ် ကီလိုတစ်သိန်း အာမခံနှင့် ရောင်းချပေးလျက်ရှိပါသည်။

 

Read 1209 times