ဆီတစ်ဂါလံကိုမိုင် ၅၀ ပြေးသည့် 2014 Honda Accord Hybrid


ကာဗွန်ထုတ်လွတ်မှုနည်းပါးသည့် Hybrid နည်းပညာပေါ်လာသည်မှာ ကမ္ဘာမြေကြီးအတွက်များစွာအကျိုးပြု နိုင်ရုံသာမကလောင်စာဆီလည်းချွေတာနိုင်သည့်အတွက် လူသားတို့အတွက်ကမ္ဘာမြေကြီးအတွက်ပါ ကောင်းမွန်သည့်နည်းပညာဖြစ်ပါသည်။

ယခုအချိန်တွင်လောင်စာဆီလုံးဝမသုံးရသည့်လျှပ်စစ်ကားများပါထုတ်လုပ်လာနိုင်သည့်အတွက် ကာဗွန်ထုတ်လွတ်မှုလုံးဝမရှိဘဲ သဘာဝပတ်ဝန်းကျင်ကိုလုံးဝညစ်ညမ်းမှုမရှိသည့်အတွက်ကမ္ဘာပေါ်တွင် ရှိသည့်နိုင်ငံများ၏အစိုးရများကယင်းကားမျိုးကိုအခွန်လျှော့ချပြီး ကောက်ခံမည်ဆိုပါကပြည်သူကောင်းကျိုးအတွက်သာမက သဘာဝပတ်ဝန်းကျင်ကိုပါထိန်းသိမ်းပြီးသား ဖြစ်သွားပါသည်။

ဂျပန်ကထိပ်တန်းကားထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် Honda သည် Hybrid ကားများထုတ်လုပ်လာတာနှစ်ပေါင်းကြာမြင့်နေပြီဖြစ်ပြီး ယခုကားတွင်နောက်ဆုံးနည်းပညာဖြင့်ထုတ်သည့် အတွက်2014 Honda Accord Hybrid ကားကဆီတစ်ဂါလံကိုမိုင် 50 ထိအောင်မောင်းလို့ရပါသည်။

ယင်းကားတွင် Hybrid ကားဆိုသော်လည်းကား၏အင်ဂျင်နှင့်ရော Hybrid စနစ်နှင့်ရောလျှပ်စစ်ကားအဖြစ်နှင့်ပါစွမ်းအင်သုံးမျိုးဖြင့်မောင်းနှင်လို့ရနိုင်ပါသည်။

Accord Hybrid တွင် 2.0လီတာရှိဆလင်ဒါလေးလုံးထိုးအင်ဂျင်တပ်ဆင်ထားသည်သာမက ရှေ့ဘီးနှစ်ဖက်တွင်လျှပ်စစ်စနစ်နှင့်မောင်းလို့ရအောင်မော်တာနှစ်လုံးတပ်ဆင်ထားပါသည်။

မောင်းနှင်နေရင်းနှင့်ဘက်ထရီကိုအားသွင်းမည်ဖြစ်ပြီး 1.3 kWh ရှိသည့် Lithium-ion ဘက်ထရီကိုတပ်ဆင်ထားပါသည်။

ဆီစားနှုန်းမှာဆီတစ်ဂါလံကိုမြို့တွင်းမိုင် 50 နှင့် ဟိုင်းဝေးလမ်းများတွင် 45 မိုင်ထိသွားနိုင်ပြီး လျှပ်စစ်သီးသန့်ဆိုလျှင် ၁၃ မိုင်လောက်မောင်းလို့ရသည့်ကားအမျိုးအစားဖြစ်ပါသည်။

ဆွီဒင်ကားအမျိုးအစားဖြစ်ပြီး အတွင်းဘက်ပိုင်းကိုလည်းပြည့်ပြည့်စုံစုံဖြည့်စွက်ပေးထားပါသည်။

အမြင့်ကားများတွင်ပါဝင်သည့် Bluetooth စနစ်၊ နောက်ကြည့်ကင်မရာ၊ dual-zone ရာသီဥတုအလိုက်အပူချိန် အော်တိုထိန်းချုပ်ပေးသည့်စနစ်၊ USB အပေါက်၊ 8 လက်မရှိသည့် touch screen တို့သာမက Pandora အင်တာနက်ရေဒီယို၊ hands-free message စနစ်စသည့်နောက်ဆုံးနည်းပညာများကိုပါ ထည့်သွင်းပေးထားပါသည်။

ဆီကိုလည်းချွေတာနိုင်ပြီးပစ္စည်းကိရိယာစုံစုံလင်လင်ပါဝင်သည့်အပြင်ကား၏လှပသည့်ဒီဇိုင်းကြောင့်ကမ္ဘာနိုင်ငံအသီးသီးကလူအများအကြိုက်တွေ့လျက်ရှိပြီး ဈေးနှုန်းကအမေရိကန်ဒေါ်လာ 29945 ရှိကြောင်းသိရသည်။

 

Read 3504 times