2007 Jaguar XK Sport


ဇိမ်ခံအမျိုးအစားနဲ့ စွမ်းဆောင်ရည်မြင့်ကားအမျိုးအစားကိုမျှော်လင့်နေကြတဲ့ လူငယ်နဲ့ လူလတ်ပိုင်းတွေ အကြိုက်တွေ့စေမယ့်ကားအမျိုးအစားပဲဖြစ်ပါတယ်။

ဗြိတိန်အခြေစိုက် ဇိမ်ခံကားထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Jaguar Land Rover ရဲ့တံခါးနှစ်ပေါက်အမျိုးအစားတစ်ခုဖြစ်ပြီး ၁၉၉၆ခုနှစ်ကနေ စတင်ထုတ်လုပ်ခဲ့လို့ မျိုးဆက်ခိုင်မာမှုရှိတဲ့ ကားတစ်စီးအဖြစ်လည်း အထင်းသားတွေ့မြင်ရမှာပါ။

စွမ်းဆောင်ရည်မြင့်ကားတစ်စီးရဲ့ အဓိကဂုဏ်ဒြပ်လို့တောင်ပြောရမယ့် ကိုယ်ထည်အလေးချိန်အတွက်လည်း အလူမီနီယံကိုသုံးပေးထားလို့ ပေါ့ပေါ့ပါးပါးနဲ့တော်တော်လေး မောင်းနှင်လို့ကောင်းစေမှာဖြစ်ပြီး စီးပိုင်လှတဲ့စတီယာရင်ထိန်းကျောင်းမှုက တော့တိကျသေချာလှတဲ့ ထိန်းကျောင်းမှုကိုပေးစွမ်းစေမှာဖြစ်ပါတယ်။

ဒါကြောင့် ဟန်းနီးမွန်းလိုမျိုးခရီးအတွက် အကွေ့အကောက်များတဲ့လမ်းတွေရွေးထားခဲ့ရင်တော့ ဒီကားလေးကရွေးချယ်ဖို့အကောင်းဆုံးပါပဲလို့ အကြံ ပေးချင်ပါတယ်။ သွယ်လျတဲ့ဟန်ပန်နဲ့ ကျစ်လစ်လှတဲ့ကိုယ်ထည်ဒီဇိုင်းကလည်း မြင်သူရှုတင့်တယ်စေမှာ အမှန်ပါပဲ။ နောင်တော်မျိုးဆက်ကလည်း Jaguar ရဲ့ တစ်သက်တာရောင်းအားအကောင်းဆုံး အမျိုးအစား ဖြစ်နေခဲ့လို့ ရွေးချယ်ပြီးရင်တောင်မမှားတဲ့အနေအထားက သေချာလှပါတယ်။

ဂီယာပုံစံကို အင်္ဂလိပ်အက္ခရာ J ပုံစံဖန်တီးပေးထားပြီး အသုံးပြုရလွယ်ကူစေသလို ပြိုင်ကားကြိုက်သူတွေ အတွက်အထူးအရေးပါလှတဲ့ Sport ကိုလည်းတစ်ပါတည်းထည့်သွင်းပေးထားလို့ ကားကျော်တက်တဲ့နေ ရာတွေမှာ တော်တော်လေးအသုံးတည့်စေမှာပါ။

ဒီအချိန်မှာတော့ Gear up and down အတွက် စတီယာရင်း ကနေပဲ paddle shifter ပုံစံလိုမျိုးခလုတ်တွေကနေအသုံးပြုနိုင်မှာဖြစ်ပါတယ်။ လည်သာစတီယာရင်ကြိုးချုပ်နဲ့ ကျွန်းကွက်အပြင်အဆင်ကတော့ အထက်တန်းကားတစ်စီးရဲ့အပြင်အဆင်နဲ့အညီပါဝင်လာမှာဖြစ်ပါတယ်။

Push start ဖြစ်လို့ ဒေါက်ဝှီးမှကြိုက်ပါတယ်ဆိုတဲ့သူတွေအတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။ စတီယာ ရင် volume control တွေပါဝင်ပေမယ့် ရှုတ်ရှပ်ခေတ်နေမျိုးမဟုတ်လို့ အမြင်ရှင်းတာမှကြိုက်တဲ့ ကျွန်တော်တို့ လိုလူမျိုးအတွက်တော့ တော်တော်လေးအဆင်ပြေစေမှာပါ။

ဓာတ်ဆီအမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါကတော့ ၄၂၀၀ စီစီပါ။ ဂီယာကတော့ အော်တိုပဲဖြစ်ပြီး sport မှာတော့ စိတ် ကြိုက်အသုံးပြုမှုဖြစ်တဲ့ Up and Down နဲ့အသုံးပြုနိုင်မှာပါ။ မြင်းကောင်ရေ ၃၀၀အားနဲ့ အင်ဂျင်ရုန်းအား 310 lb-ft ကိုရရှိစေပြီး သတ်မှတ်စံနှုန်း 0-60 mph ကိုတော့ ၆ စက္ကန့်အတွင်းနဲ့အရှိန်တင်နိုင်မှာပဲဖြစ်ပါတယ်။

Author ; N.L.A

Read 867 times