2001-02 Mdl Used Car မို့ အင်ဂျင်ဝိုင်မလျော့ဘူးလား လို့မေးခဲ့ရင်


ကီလို ၅၀၀၀ ( ငါးထောင် ) နဲ့ ၆၀၀၀ ( ခြောက်ထောင်ကြား ) ရောက်တာနဲ့ မိမိနဲ့ အဆင်ပြေနေတဲ့ Brand ပဲ လဲပါတယ်။ 2001-02 Mdl Used Car မို့ အင်ဂျင်ဝိုင်မလျော့ဘူးလား လို့မေးခဲ့ရင် ? ၁၇ နှစ်သားရှိတဲ့ကားအင်ဂျင်မို့ နဲနဲပါးပါး ရှိတာပေါ့ ။


ဒါဆို နဲနဲပါးပါး လျော့နေတဲ့ ကြားလပ်တွေအတွက် အလျော့တွက်ကိုက်အောင် နဲနဲ ပိုပျစ်တဲ့ 40 - တစ်ခုခု ထည့်သင့်တယ်လို့ အကြံပေးချင်တယ်ပေါ့။ ဓါတ်ဆီ အင်ဂျင်များကို 30/40 အဆင်ပြေသလိုထည့်သုံးကြပါတယ် 30/40 ကြောင့် အင်ဂျင်ကို တိုက်ရိုက်မထိခိုက်စေပါဘူး။ အင်ဂျင်ဝိုင်သက်တမ်းကို အလွန်အကျွံ သုံးမိကြလို့သာ Oil Sludge ဆိုတဲ့ ဆီဂျိုး ပျစ်ပျစ်တွေ ကျပြီး ထိခိုက်မိတာပါ ။

တစ်ခါလဲ တစ်ခါ တံဆိပ်အမျိုးမျိုးပြောင်း စိတ်မှန်း လက်မှန်းနဲ့ လဲမိကြတဲ့သူများအတွက်တော့ ဒါမျိုးသတိထားပေးရမှာပါ။ ခုခေတ်ပေါ် Eng; Oil များက Chemical Compound မျိူးစုံနဲ့ ဖေါ်စပ်ထားကြပါတယ်။ ရေနံက တိုက်ရိုက်ထုတ်တဲ့ Oil ကို ကားလေးတွေက မသုံးသလောက်ပဲ။

ထုတ်လုပ်ပုံ ဖေါ်မြူ လာမတူကြလို့ တစ်ခု လက်ကျန်နဲ့ နောက်တစ်ခု လက်သစ် ဓါတ်ပြု ပြောင်းလဲ နိုင်ပါတယ်။ ဒါကြောင့်မို့ အရောင်မြန်မြန်ညစ်တာ မဲလာတာတွေ့ဖြစ်လာနိုင်ပါတယ်။ စက်သံ ချောမွေ့မှုလည်း ကြမ်းလာနိုင်ပါတယ်။ အကယ်၍ သာ သင့်ကားဟာ 5-w-30 / 10-w-30 နဲ့ အဆင်ပြေနေရင် မြန်မာပြည်က နွေမိုးနွေ အဲ နွေမိုးဆောင်း အားလုံးအတွက် ဒါကိုပဲ စိတ်ချလက်ချ ဆက်လက်သုံးစွဲပါ။


နွေ ရောက်လို့ 40- ပြောင်းသုံးစရာမလိုပါ အင်ဂျင်ဝိုင်သဘောက မပျစ်မကျဲ ဆိုတာ အကောင်းဆုံးမို့။ ကီလို မနဲမများ ရောက်မှ 10-w-30- လောက်ပဲ တက်သုံးပါ။ SAE = 30 ဆိုတာ ကမ္ဘာ့ စံနှုန်း Standard Grade တစ်ခုအဖြစ် ရပ်တည်နေပါပြီ။ IMA Engine တတ် Hybrid Car များကိုဆိလျှင် 0-w-20 ပဲ ထည့်သင့်ပါသည်။ ကားအသစ်တစ်ချို့ကိုတောင် 20 - ထည့်ခိုင်းကြပါတယ်။


အင်ဂျင်ထုထည် ကြီးလာတိုင်း ဆီ အဆင့်ပါ တက်လာရမယ်ဆိုတာကို နားလည်မှု မလွဲစေချင်ပါ။ 30 နဲ့ အဆင်ပြေတဲ့ကား အင်ဂျင်သွက်လက်မှု ပိုကောင်းပါတယ်။ ဒီတော့ ဓါတ်ဆီစား ပါ မသိမသာ သက်သာ သွားပါတယ်။ Idle Speed ပိုငြိမ်ပါတယ်။ ပတ်ဝန်းကျင် အပူချိန် အနေအထားအရ ကီလိုနဲတဲ့ကား ဖြစ်ဖြစ် ၊ ကီလိုများတဲ့ကားဖြစ်ဖြစ် ၊ 1300 ဖြစ်ဖြစ် 2.4 ဖြစ်ဖြစ် ၊ ဒီမှာ အင်ဂျင်ဝိုင်မသိမသာလျော့တတ်ပါတယ်။ မိမိ အင်ဂျင်သဘောသဘာဝ နဲ့ ကိုက်ညီမယ့် အင်ဂျင်ဝိုင်ကို ရွေးချယ်တတ်ဘို့လိုပါတယ်။

တစ်ချို့ကားတွေများ လျော့ပေမယ့် အဆင်ပြေပုံ တစ်ခုက ကီလို ၄၀၀၀ ထောင်လောက်မောင်းပြီးရင် လျော့လာတာ စသိရပါပြီ။ အမျိုးအစားတူ Refill Oil ကို စဖြည့်တယ်ဆိုပါတော့ ဖြည့်ဆီ ၁ လီတာလည်းကုန်ရော။ သတ်မှတ် ကီလို ၅၀၀၀ ထောင်လည်းပြည့်သွားရော ဆိုပါတော့ ဒါလည်း တစ်မျိုးကောင်းပါတယ်။ ဘယ်လောက်မောင်းထားလည်း ကီလိုမေ့နေတောင် Refill Oil ၁ လီတာကုန်ပြီး နောက်တစ်ပတ် ပိတ်ရက်မှာ Oil Replace လုပ်သင့်တဲ့ အချိန်ဇယားတစ်မျိုးပါပဲ။

ဒါကြောင့်မို့ အင်ဂျင်ဝိုင်က လျော့တတ်တာမို့ မိမိကားက 4-Lit ဆိုရင် 5-Lit ပုံးဝယ်သင့်ပါတယ်။ လျော့တတ်တဲ့ ကားအတွက် လက်ကျန်ဖြည့်ဆီ ၁လီတာကုန်တဲ့ အချိန်ဟာ သင့်ကား အင်ဂျင်ဝိုင်လဲရမယ့် အချိန်ပါပဲ။ ခု နမူနာပြထားတာ 2AZ Engine / 2.4Lit ပါ။ မှတ်မှတ်ရရ သွင်းလာတုန်းက ကီလို ၈ သောင်းပတ်လည် ခု ဆို ပုံထဲက အတိုင်း 133,331 Kilo ရှိနေပါပြီ။


Morning Start မှာ အိပ်ဇောထဲက ရေကျတုန်းပါပဲ။ Idle ကလည်း ညက်ညောလျက်ရှိနေတုန်းပါပဲ။ နွေ မိုး ဆောင်း 10-w-30 ပဲထည့်တဲ့ကားပါ။ ၂၄ - နာရီ မြို့တွင်းမြို့ပြင် ထသွားတဲ့ကားပါ
အင်ဂျင်ဝိုင်လည်း နဲနဲလျော့ပါတယ်။ နမူနာ ပြောသလို ဖြည့်ဆီ ၁ လီတာကုန်ပြီးတဲ့ အချိန်ဆို ကီလို ၅၀၀၀ နီးပါးရောက်နေတဲ့အပြင် ခုဆို မိုးအကုန် ဆောင်းအကူးနဲ့ အံကိုက်မို့ နောက်တစ်ရာသီ အတွက် အချိန်အားဖြင့်လည်း ကွက်တပါပဲ။


နောက်တစ်ကြိမ်လဲ ရမယ်ဆိုရင် Happy New Year မှာပေါ့။ သတင်းစကား အတင်းပါးချင်တာက ကားသစ်ရယ် ကားဟောင်းရယ် မှ မဟုတ်ပါဘူး စနစ်တစ်ကျ ထိန်းသိမ်းတဲ့ နည်းစနစ်ကို ပြောပြလိုက်တာပါ။

Read 2965 times