စွမ်းအားမြင့် ဂီယာဘောက် 18 Speed Transmission Ultra-Shift Transmission အကြောင်း


Ultrashift လို့ခေါ်တဲ့ < တချိ့ကလဲ Crawler ပေါ့  Heavy-duty တွေအတွက် အဓိက ထုတ်လုပ်ထားတဲ့ special gearbox အကြောင်း အနည်းငယ်ဆွေးနွေးတင်ပြပါမယ် ၊ Ultra-Shift ကို Manual နဲ့ Automated ဆိုပြီး အသုံးပြုတဲ့ လုပ်ပေါ် မူတည်ပြီး ( ၂ )မျိုး ခွဲထားတယ်

Ultra-shift တွေမှာ Forward speed ကို 16 ချက် ၊ Backward speed ကို 2 ချက် ခွဲထားပါတယ် ၊ စကားမစပ် တချို့ Ultra-shift တွေကျတော့ Forward speed ကို 15 ချက် ၊ Backward speed ကို 3 ချက် ပြုလုပ်ပေးထားပါတယ် ၊ အများအားဖြင့်တော့ < Forward 16 and Reverse 2 > က များပါတယ်

ဒီလို Gear တွေကို ရှုပ်ရှက်ခက်အောင် ဘာဖြစ်လို့ လုပ်ထားတာလဲ ဆိုတော့ ... ရည်ရွယ်ချက် ရှိပါတယ် ၊ မြန်မာနိုင်ငံမှာ ဆိုရင် Forward 5 ချက် Back 1 ဆိုရပါပြီ ... ဒါပေမဲ့ သူတို့နိုင်ငံမှာကျတော့ သွားရတဲ့ ခရီးနဲ့ အသုံးပြုတဲ့ လမ်းအနေထားနဲ့က ဒီကနဲ့ ကွဲပြားခြားနားပါတယ် ၊ နောက်တစ်ခုက ဒီလောက်များတဲ့ gear ချက်တွေကို ဘယ်လိုကားအမျိုးစားတွေမှာ သုံးလဲဆိုတော့ Long haul truck နဲ့ Heavy-duty truck တွေမှာ အဓိက သုံးပါတယ် ၊ gear အချက်ရေများသွားတဲ့အတွက် Engine ကထွက်တဲ့ rpm ကို အသေးစိတ် အလုပ်လုပ်နိုင်တဲ့အတွက် ဘယ်လောက် speed မှာ ဘယ် gear ကို သုံးရမလဲဆိုတာ ဆုံးဖြတ်လို့ရနိုင်တာပေါ့

Manual 18 speed တွေနဲ့ Automated Transmission ( AMT ) က အဓိက ကွာခြားချက်က Clutch နင်းတဲ့အတံ မပါတာ ကွာသလို ၊ Gear မထိုးရတာလည်း ကွာပါတယ် ... အထဲမှာရှိတဲ့ Transmission အလုပ်လုပ်ပုံက သိပ်မကွာပါဘူး ... Manual က ( မြန်မာအခေါ် ... တုတ်ထိုး ) Synchronizer ကို Shifter ကနေ တိုက်ရိုက် အလုပ်လုပ်စေတာ ဖြစ်ပြီ ... Clutch ပါတဲ့အတွက် Clutch နင်းရပါတယ် ၊ သူကတော့ Manual Gear ထိုးသလိုပေါ့

AMT ( Volvo နဲ့ MAN မှာ Semi-Auto ) .... ကတော့ ECA ( Electronic Clutch Actuator ) ကနေ အလုပ်လုပ်ပေးတာ ဖြစ်တယ် ၊ Gear အထိုး Clutch အလွှတ် သူဟာနဲ့သူ programming နဲ့ သွားတာ ဖြစ်တယ် ... Gear ထိုးတဲ့အခါမှာလဲ Pneumatic system နဲ့သွားတာဖြစ်လို့ Driver အနေနဲ့က ဘာမှ ထွေထွေထူးထူး လုပ်စရာ မလိုပဲ Steering ကို ထိန်းပေးနေရုံပါပဲ ... အဲ့လိုပုံစံ US ထုတ် Muck truck မှာရှိတဲ့ mDrive မှာ တွေရပါတယ် < mDrive လို့ရှာပြီး Google တွင်ကြည့် >

UltraShift gearbox တွေကို US နဲ့ Europe ထုတ် Truck တွေမှာ အထူးသဖြင့်တေ့ွရပါတယ် ၊ Long Huge Vehicle လို့ခေါ်တဲ့ Transportor တွေမှာ Horse power မြင့် Engine တွေနဲ့ တွဲသုံးကြတာ တွေ့ရပါတယ် ၊ UltraShift ဖြစ်တဲ့ အတွက် Gearbox ကိုမှ special function သုံး Layshaft 2 ချောင်းထည့်ထားတာ ဖြစ်တယ် ... Torque power များသွားတဲ့အတွက် Hp မြင့် Engine တွေနဲ့သာ သင့်လျှော်တဲ့ Gearbox အမျိုးစားဖြစ်ပါတယ် ၊ ဒီလို UltraShift တွေကို US ထုတ် Freightliner ၊ Mack ၊ Peterblit နဲ့ Kenworth စတဲ့ ခေါ်ရှည် Tractor တွေမှာ အထူးသဖြင့်သုံးကြပါတယ်

အသစ်ဆန်းကို တီထွင်ဖန်တီးနေတဲ့ အနောက်တိုင်းလူမျိုးများရဲ့ ထုံးစံအတိုင်း ... Ultrashift တွေဟာ လွန်ခဲ့တဲ့ ဆယ်စုနောက်အကျော်လောက်ကတည်းက အနောက်နိုင်ငံတွေမှာ ခေတ်စားခဲ့ပေမဲ့ ယခုအချိန်ထိ မြန်မာမှာတော့ ရှားရှားပါးပါး တွေ့ရခဲပါတယ် .... Ultra-Shift ကို အမေရိကန် Transmission company Eaton Fuller နဲ့ Allison ကအဓိက ထုတ်လုပ်ဖြန့်ဖြူးသလို ဂျာမနီထုတ် ZF ကလဲ ထုတ်လုပ်ဖြန့်ဖြူ းပါတယ် ၊ အမေရိကန်တွေဟာ Engine power ကြီးကြီး နဲ့ ခေါင်းရှည်ရှည် Truck တွေကို အထူးပဲ နှစ်ခြိုက်ကြပါတယ် ၊ ဒါကြောင့် အဲ့ဒီလို Truck တွေဟာ အမေရိကားမှာ အထူးပဲ ကောင်းအားကောင်းကြတာ ဖြစ်တယ်

Ultra-shift ရဲ့ Function က Range နဲ့ Split ဆိုပြီး နှစ်မျိုးရှိတယ် ၊ Range မှာ 2 မျိူးးရှိတယ် Low Range နောက်တစ်မျိုးက High range < Low range က gear no 1 2 3 4 > ပြီးတော့ High range က ကျန်တဲ့ gear no 5 6 7 8 တိူ့ပဲ ဖြစ်တယ် ... Split မှာလဲ Low split နဲ့ High split ဆိုပြီး ရှိတယ် ... Split ကတော့ < gear Up or Down ... + (or) - > .... Range အကြောင်းကို အသေးစိတ် ပြောပြဖို့ မလိုပေမဲ့ Split အကြောင်းကို ပြောပြဖို့လိုလိမ့်မယ် .... စကားစပ် ဘယ်အချိန်မှာ Range ရဲ့ Switch ကို နှိပ်ရမလဲဆို Low range ( Gear no 4 ) ကနေ High range ( Gear no 5 ) ကို ပြောင်းတော့မယ် ဆိုရင် Range swith လေးကို အပေါ် ကလုတ်တင်ပြီး ဂီယာ ထိုးနိုင်ပါတယ်

ဂီယာတံ မှာရှိတဲ့ Split ဘုလေးရဲ့ အလုပ်လုပ်ပုံက ဒီလိုဗျ ..... Gear ထိုးမဲ့အချိန် Lever လျှော့ပြီး Clutch နင်းလိုက်ရင် RPM လျှော့သွားမယ် ဒါဒီအချိန်ကျရင် Gear ထိုးတယ်ပေါ့ဗျာ အဲ့လိုထိုးရင် Low split နဲ့ အရင်ဝင်ရတယ် ... ပြီးမှ ရုတ်တရက် High split ကို ပြောင်းတာပေါ့ဗျာ ...ဒါကတော့ Gear ထိုးတဲ့ ပုံစံပေါ့ ၊ Lever နဲ့ Gear ကို တွဲခေါ်ပြီး ထိုးတဲ့ပုံစံပေါ့ ... အကျိုးသက်ရောက်မှုကတော့ သာမာန် ဂီယာဘောက်တွေထက် high way road တွေမှာ Truck ရဲ့ performance တက်လာမယ်ပေါ့ ... ဆီစားနှုန်းလဲ နည်းနည်း သက်သာသွားမယ်

ပြီးတော့ Gear shifter မှာ ဖြစ်နေတဲ့ ပုံစံအပြင် Transmission ထဲမှာ ဖြစ်နေတဲ့ ပုံစံကတော့ ကျွန်တော်တို့ ဆီမှာ သူံးနေတဲ့ 10 speed နဲ့ 12 speed gearbox တွေလို ပုံစံ မတူတော့ဘူး ... Main shaft အပြင် Layshaft 2 ချောင်းပါလာပါတယ် ... အဲ့အပြင်မှ Split ( Hi-Lo ) ကို အသက်သွင်းပေးတဲ့ Planetary gear အုံကလဲ ပါသေးတယ် .... Manual ဖြစ်လို့ Gear အထိုးအပြု တွေကို လူကနေပဲ ထိုးမှာ ဖြစ်တယ် ... Clutch နင်းဖို့ ECA ရဲ့ အကူညီ မပါသလို ... Gear ကို ကူထိုးပေးဖို့ Pneumatic system သုံး Actuator တွေလဲ မပါဘူး

Ultra-Shift ( or ) 18 speed gearbox တွေဟာ အထူးသဖြင့် Hp မြင်တဲ့ Engine တွေနဲ့ပဲ အထူးကိုက်ပါတယ် ..ဘာလို့လဲ ဆိုတော့ သူကလဲ Engine part ထဲမှာပါတဲ့အတွက် Engine ရဲ့ power ကဆုံးရှုံးမှု ဖြစ်ပါတယ် ... gear ရဲ့အချက်ရေ များလေလေ ပေးရတဲ့ Engine ရဲ့ hp ဆုံးရှုံးလေဖြစ်တဲ့အတွက် 18 speed ကို ရိုးရိုးကားလေးတွေမှာ မသုံးတာပါ ... ကားတိုင်းလဲ မသုံးကြပါဘူး ... သူ့ကို အထူးထုတ် စွမ်းမြင့် Diesel Engine တွေနဲ့သာ တွဲသုံးလေ့ရှိပါတယ်။

Source: Y.M.T(Facebook.com)

Read 918 times