အရောင်းအဝယ်ရပ်တန့်နေသည့် ကားဈေးကွက်နှင့် ကားဈေးနှုန်း


ဧပြီ ၁ ရက်မှစ၍ COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများ ပြန်ဖွင့်ပေးမည်ဖြစ်ရာ ကားဝယ်ယူလိုသူများက ကားစျေးများ ပြန်ကျမည်အထင်ဖြင့် စောင့်ကြည့်နေကြသောကြောင့် စျေးကွက်အခြေအနေမှာအေးစက်နေရပါသည်။

COE စနစ်ဖြင့် ပတ်သတ်၍လည်း တင်သွင်းရမည့် အစီးရေ၊ ကောက်ခံမည့် အခွန်နှုန်းထားများအပေါ် သတင်းအမျိုးမျိုးထွက်ပေါ်နေပြန်ရာ စျေးကွက်အပြောင်းအလဲကို အားလုံးက စောင့်ကြည့်နေကြပါသည်။

အရောင်းအဝယ်ငြိမ်သက်နေသည့်ကာလတွင် ကားအရောင်းစင်တာများတွင်သာမက ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း အဝယ်ဆင်းမှုနည်းသောကြောင့် စျေးကွက်အေးစက်နေကာ ငွေလည်ပတ်ရန်အတွက်စျေးချရောင်းသော ကားများသာ အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

ယာဉ်ရောင်းဝယ်ရေးစခန်းများတွင်လည်း ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်မှစ၍ အရောင်းအဝယ်အေးစက်နေပြီး နယ်အဝယ်ဆင်းလာမှသာ ကြိုးကြားကြိုးကြား အရောင်းအဝယ်ဖြစ်ကြောင်း သိရပါသည်။

အရောင်းအဝယ်အေးစက်နေချိန်တွင် ၁၃၀၀ စီစီကားများ စျေးအနည်းငယ်ဆင်းသွားပြီး အမြင့်ကားများမှာ စျေးအတက်အကျမရှိဘဲ အရောင်းအဝယ်အေးစက်နေကြောင်း သိရပါသည်။

၂၀၁၈ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မိုဒယ်သတ်မှတ်ချက်များအရ ၂၀၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့်ရမည်ဖြစ်သကဲ့သို့ အကောက်ခွန်ဦးစီးဌာနက CIF တန်ဖိုးများမထုတ်ပြန်တော့ဘဲ Invoice အတိုင်းသာ အခွန်စည်းကြပ်တော့မည်ဖြစ်သဖြင့် ပေးဆောင်ရမည့် အခွန်နှုန်းထားများကို တွက်ချက်နေခြင်းကြောင့် ကားတင်သွင်းမှုမှာ ရပ်တန့်နေသည်။

ထို့အပြင် ဧပြီလတွင် စတင်ကျင့်သုံးမည့် COE စနစ်ကို စောင့်ကြည့်နေခြင်း၊ တင်သွင်းမည့်ပုံစံ ပြောင်းလဲသွားခြင်းနှင့် ပေးဆောင်ရမည့် အခွန်နှုန်းထားများ ပြောင်းလဲမှုများကြောင့် တင်သွင်းပြီးသား ကားအဟောင်းများကိုသာထိန်းရောင်းနေကြရပါသည်။

ယခုနှစ်မူဝါဒအရလည်း ၂၀၁၄ မိုဒယ်နှင့်အထက် ဘယ်မောင်းကားများသာ တင်သွင်းခွင့်ရမည်ဖြစ်ရာ ထိုကားများနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသောကြောင့် လက်ရှိအချိန်တွင်လည်း မည်သည့်တန်ဖိုးတစ်ခုဖြင့်ပါမစ်လျှောက်ရမည်ကို အခက်တွေ့နေကြပါသည်။

ကားတင်သွင်းရန် ခက်ခဲနေချိန်တွင် COE စနစ်ဖြင့် ရန်ကုန်လိုင်စင်ကားများ ပြန်ဖွင့်ပေးမည်ဟု သတင်းမှာလည်း ထွက်ပေါ်လာရာ ကားဝယ်ယူလိုသူများက ကားစျေးများ ပြန်ကျမည်အထင်ဖြင့် စောင့်ကြည့်နေကြသောကြောင့်စျေးကွက်ကပို၍ အေးစက်သွားခဲပါသည်။

အခက်အခဲများကြားတွင် နယ်လိုင်စင်အပ်ကားများကို ရန်ကုန်လိပ်စာပြောင်းလဲပြီး ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခြင်းကိုလည်း ခွင့်မပြုတော့သဖြင့် စလစ်စျေး အပြောင်းအလဲကြားတွင် ကားအရောင်းအဝယ် ရန်တန့်သွားကြောင်းသိရပါသည်။

ကားစျေးနှုန်းများ

စဉ်    ကားအမျိုးအစား    နံပါတ်    မိုဒယ်    စျေးနှုန်း
၁ Toyota Hilux Vigo MDY 2012 295
၂ Toyota Mark II YGN 2003 200
၃ Honda Insight MDY 2010 210
၄ Toyota Probox MDY 2007 130
၅ Suzuki Swift ယာယီ 2011 220
၆ Toyota Ractis YGN 2011 185
၇ Toyota Hiace YGN 2007 400
၈ Toyota Alphard YGN 2003 365
၉ Honda Fit GK3 ယာယီ 2014 265
၁၀ Nissan AD Van YGN 2011 295

 

Read 5933 times