ဥရောပ NCAP  ဘေးကင်းမှုအဆင့် နောက်ဆုံးပြဋ္ဌာန်းချက်အရ ကြယ်၅ပွင့်ရ ကားစာရင်းထုတ်ပြန်


ဥရောပ NCAP  ဘေးကင်းမှုအဆင့် နောက်ဆုံးပြဋ္ဌာန်းချက်အရ ကြယ်၅ပွင့်ရ ကားစာရင်းထုတ်ပြန်


မော်တော်ယာဉ် ဘေးကင်းရေးဆိုင်ရာ ကြံ့ခိုင်မှုကို လက်တွေ့စမ်းသပ် စစ်ဆေးအကဲဖြတ်သည့်  Euro New Car Assessment Programme (NCAP) က ဘေးကင်းမှုအဆင့့်ပြဋ္ဌာန်းချက် အသစ် ထုတ်ပြန်ခဲ့ပြီး မော်တော်ယာဉ်များကို လက်တွေ့စမ်းသပ် စစ်ဆေးအကဲဖြတ်ပါတယ်။
 အမြင့်ဆုံးအဆင့် ကြယ် ၅ ပွင့် ရရှိခဲ့ကြတာမှာ ကား brand အနေဖြင့် Tesla, Toyota, Hyundai,  Range Rover အစရှိသည်တို့ ပါဝင်ပါတယ်။ လျှပ်စစ်ကားမော်ဒယ်များမှာ Tesla Model S, Hyundai Ioniq 6, Toyota bZ4X တို့ ပါဝင်ပါတယ်။
ဥရောပ ဈေးကွက်အတွက် NCAP က စစ်ဆေးပေးတာ ဖြစ်ပါတယ်။

Tesla Model S က ကားပေါ် လိုက်ပါသူ ဘေးကင်းမှု ရာခိုင်နှုန်းမှာ လူကြီး ၉၄ % နှင့် ကလေး ၉၁% ၊ လမ်းသွားလမ်းလာ ဘေးကင်းမှု ၈၅% ၊ ဘေးကင်းထောက်ကူ ၉၈% ရရှိပါတယ်။
NIO ET7  က ကားပေါ် လိုက်ပါသူ ဘေးကင်းမှု ရာခိုင်နှုန်းမှာ လူကြီး ၉၁ % နှင့် ကလေး ၈၇% ၊ လမ်းသွားလမ်းလာ ဘေးကင်းမှု ၇၃% ၊ ဘေးကင်းထောက်ကူ ၉၅% ရရှိပါတယ်။

Toyota bZ4X နှင့် Subaru Solterra တို့ဟာ Toyota နှင့် Subaru တို့ အတူပူးပေါင်းလုပ်ကိုင်ပြီး ထုတ်လုပ်ထားတဲ့ မော်ဒယ် ၂မျိုး ဖြစ်ပြီး အခြေခံအားဖြင့် အတူတူ ဖြစ်ကြတဲ့ မော်ဒယ်များ ဖြစ်ကြတာကြောင့်  ရရှိတဲ့ ရာခိုင်နှုန်းလည်းအတူတူပဲ ဖြစ်နေတာ တွေ့ရပါတယ်။ ကားပေါ် လိုက်ပါသူ ဘေးကင်းမှု ရာခိုင်နှုန်းမှာ လူကြီး ၈၈ % နှင့် ကလေး ၈၇% ၊ လမ်းသွားလမ်းလာ ဘေးကင်းမှု ၇၉% ၊ ဘေးကင်းထောက်ကူ ၉၁% ရရှိပါတယ်။

Hyundai Ioniq 6 က ကားပေါ် လိုက်ပါသူ ဘေးကင်းမှု ရာခိုင်နှုန်းမှာ လူကြီး ၉၇ % နှင့် ကလေး ၈၇% ၊ လမ်းသွားလမ်းလာ ဘေးကင်းမှု ၆၆% ၊ ဘေးကင်းထောက်ကူ ၉၀% ရရှိပါတယ်။

တရုတ်နိုင်ငံမှာ ထုတ်လုပ်တဲ့ smart #1 က ကားပေါ် လိုက်ပါသူ ဘေးကင်းမှု ရာခိုင်နှုန်းမှာ လူကြီး ၉၆ % နှင့် ကလေး ၈၉% ၊ လမ်းသွားလမ်းလာ ဘေးကင်းမှု ၇၁% ၊ ဘေးကင်းထောက်ကူ ၈၈% ရရှိပါတယ်။

Nissan Ariya က ကားပေါ် လိုက်ပါသူ ဘေးကင်းမှု ရာခိုင်နှုန်းမှာ လူကြီး ၈၆ % နှင့် ကလေး ၈၉% ၊ လမ်းသွားလမ်းလာ ဘေးကင်းမှု ၇၄% ၊ ဘေးကင်းထောက်ကူ ၉၃% ရရှိပါတယ်။

တရုတ်နိုင်ငံထုတ် WEY Coffee 02 SUV က  ကားပေါ် လိုက်ပါသူ ဘေးကင်းမှု ရာခိုင်နှုန်းမှာ လူကြီး ၉၄ % နှင့် ကလေး ၈၇% ၊ လမ်းသွားလမ်းလာ ဘေးကင်းမှု ၇၃% ၊ ဘေးကင်းထောက်ကူ ၉၃% ရရှိပါတယ်။


Honda Civic e:HEV ရာခိုင်နှုန်းအားလုံး ၈၂-၈၉% ကြားမှာ ရရှိပါတယ်။ 

Toyota Corolla Cross ဟိုက်ဘရစ်က ရာခိုင်နှုန်းအားလုံး ၈၂-၈၇% ကြားမှာ ရရှိပါတယ်။ 

Kadjar မော်ဒယ်ကို နေရာဝင်ယူတဲ့  Renault Austral မော်ဒယ်အသစ်က လမ်းသွားလမ်းလာ ဘေးကင်းမှု ၆၇% ရရှိပြီး ကျန်ရာခိုင်နှုန်းများ အားလုံး ၈၀% အထက်မှာ ရရှိပါတယ်။ 

Range Rover Sport  က  ကားပေါ် လိုက်ပါသူ ဘေးကင်းမှု ရာခိုင်နှုန်းမှာ လူကြီး ၈၅% နှင့် ကလေး ၈၇% ၊ လမ်းသွားလမ်းလာ ဘေးကင်းမှု ၇၂% ၊ ဘေးကင်းထောက်ကူ ၈၂% ရရှိပါတယ်။

Isuzu D-Max Crew Cab ပစ်ကပ်ထရပ်က ဒုတိယအကျော့ စစ်ဆေးမှု ခံယူခဲ့တာ ဖြစ်ပြီး  ၂၀၂၀ ခုနှစ် စနစ်ဟောင်းမှာ ကြယ်၅ ပွင့် ရရှိခဲ့ပြီး ယခုလည်း ကြယ်၅ပွင့် ရရှိပါတယ်။ ယခုအကြိမ်မှာ ယာဉ်မောင်းဒူးခေါင်းအတွက် လေအိတ်ထည့်ပေးထားပါတယ်။ 
အမြင့်ဆုံးအဆင့် ကြယ် ၅ ပွင့်ရ ကားမော်ဒယ် စာရင်း 

Honda Civic e:HEV 
Hyundai Ioniq 6
Isuzu D-Max Crew Cab
Land Rover Range Rover
Nio ET7
Nissan Ariya
Nissan X Trail
Range Rover Sport
Renault Austral
Smart #1
Subaru Solterra
Tesla Model S
Toyota bZ4X
Toyota Corolla Cross
Wey Coffee 02

 

MAG

Read 325 times