လုပ်ငန်းသုံးကားများနှင့် ၁၃၀၀ စီစီကားများ အမေးများပြီး အရောင်းအဝယ်ဖြစ်နေသည့် ကားဈေးကွက်


ယခုနှစ် နှစ်ဆန်း ပိုင်းမှစ၍ Brand အသီးသီးမှ ကားသစ်များကို တင်သွင်းမိတ်ဆက် ရောင်းချနေသော်လည်း နယ်အဝယ်များကိုသာ အဓိက အားထားနေရ သည်။ ပြည်တွင်း၌ SKD စနစ်ဖြင့် Car Brand အသစ် လေးခုကျော် ဝင်ရောက်လာရန် ရှိသည့်အတွက်လည်း အချို့က ထိုကားသစ်များကို စောင့်ကြည့်နေကြသည်။

ယခင်နှစ်က အရောင်းအဝယ်ကောင်းခဲ့သည့် Suzuki ကားများသည်လည်း စက်ရုံထုတ်ဈေး မြင့်တက်သွားခြင်းကြောင့် အဝယ်နည်းသွားခဲ့သည်။ ဈေးကွက်ငြိမ်သက်နေချိန်တွင် နံပါတ်ထွက်ပြီးသား ၁၃ဝဝ စီစီကားများနှင့် ၆၆၀ စီစီ Mini Truck များသာ ပုံမှန်အ တိုင်း အရောင်းအဝယ်ဖြစ်နေသည်။ “YVQC စနစ်နဲ့ ရန်ကုန်လိုင်စင်ပေးမယ့် မူဝါဒက အစအန ရှာလို့ မရဖြစ်နေတဲ့အတွက် အရောင်းအဝယ်က အေးနေဆဲ ဖြစ်ပါတယ်၊ ၁၃ဝဝ စီစီ နံပါတ်ထွက်ပြီးသား ကားတွေကတော့ အရောင်းအဝယ်ဖြစ်ပါတယ်။

နောက်ပြီး ဒီရက်ပိုင်းမှာ လုပ်ငန်းသုံးကားတွေ အရောင်းအဝယ်ဖြစ်တယ်၊ ဂျပန်ညာမောင်းကားတွေ တင်သွင်းခွင့်မရှိတဲ့အတွက် လုပ်ငန်းသုံးကားတွေ လည်း ဈေးမြင့်တက်သွားတယ်၊ လုပ်ငန်းသုံးကားတွေထဲက ၆၆၀ စီစီ Mini Truck တွေနဲ့ Canter တွေ အဝယ်လိုက်ပါတယ်”ဟု “စကြာရွှေ ရည်ကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုကျော်စွာထွန်းမြင့် က ဆိုသည်။

ကုမ္ပဏီလိုင်စင်ဖြင့် တင်သွင်းသော လုပ်ငန်းသုံးယာဉ်များကို တန် ဖြင့် ခွဲခြားကာ ပါမစ်တစ်စောင်လျှင် တစ်စီးမှ ငါးစီးအထိ တင်သွင်းခွင့် ပြုပေးရာတွင် ငါးတန်အောက်ယာဉ်များကို နယ်လိုင်စင်ဖြင့် ခွင့်ပြုပေးထား ပြီး ငါးတန်အထက် ယာဉ်များကိုသာ ရန်ကုန်လိုင်စင်ဖြစ်စေ၊ နယ်လိုင်စင် ဖြစ်စေ ကြိုက်နှစ်သက်သလို လျှောက်ထားခွင့်ပြုနေသည်။ သို့သော် ကားတင်သွင်းခွင့်မူဝါဒအရ လုပ်ငန်းသုံးကားများ တင်သွင်းရာတွင် ၂၀၁၅ မိုဒယ်မှ ၂၀၁၉ မိုဒယ်အတွင်း ဘယ်မောင်းကားများကိုသာ တင်သွင်းခွင့် ပြုထားသဖြင့် ဈေးကွက်ကြိုက် ဂျပန်ညာမောင်းကားများမှာ ဈေးများ မြင့်တက်သွားခဲ့သည်။

လူစီးကားများထဲတွင် ဈေးကွက်ကြိုက်ဖြစ်သော Honda Fit · Toyota Probox · Toyota Wishi Toyota Klugeri Toyota Vanguard နှင့် Toyota Harria တို့မှာ ပုံမှန်သာ အရောင်းအဝယ် ဖြစ်နေသည်။ “ဒီရက်ပိုင်းမှာ အရောင်းအဝယ် ပုံမှန်ဖြစ်ပေမဲ့ ထင်သလောက် မကောင်းသေးပါဘူး၊ အဝယ်အများစုကလည်း ဝယ်စီးရောင်းတွေနဲ့ ဝယ်/ ။ ရောင်းတွေ များပါတယ်၊ ဈေးကွက်ကြိုက် Toyota Probox ၊ Toyota Hilux Surf ၊ Toyota Wish ၊ Toyota Kluger ၊ Toyota Vanguard နဲ့ Toyota Harrier တို့က အဝယ်တွေ ရှိပါတယ်၊ နောက်ပြီး Honda - Fit တွေလည်း အမေးများပြီး အရောင်းအဝယ်ဖြစ်ပါတယ်။

စတိနံပါတ်ကားထက် နံပါတ်ထွက်ပြီးသားကားတွေ အရောင်းအဝယ် ပိုဖြစ်တယ်၊ SKDနဲ့ တပ်ဆင်ထုတ်လုပ်တဲ့ Suzuki ကားတွေကတော့ အရင်ထက် ၁၀ သိန်းကျော် ဈေးတက်သွားပြီး ယှဉ်ပြိုင်စရာ ကားသစ်တွေလည်းများလာတဲ့အတွက် အရင်နှစ်ကလောက်တော့ မရောင်းရတော့ပါဘူး”ဟု • “MMMကားအရောင်းစင်တာမှ မန်နေဂျင်းဒါရိုက်တာ ကိုမင်းမင်းမောင်က ။ ဆိုသည်။ ။ ပြီးခဲ့သည့် ရက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည့် ကားပြပွဲများကြောင့်လည်းယာဉ်ရောင်းဝယ်ရေးစခန်းများတွင် ဝယ်လက် အဆင်းနည်းသွားခဲ့သည်။

ထို့ပြင် ယခုနောက်ပိုင်းတွင် အဝယ်အများစုက လက်ငင်းဝယ်ယူသာ နံပါတ်ထွက်ပြီးသား ကားများထက် အရစ်ကျစနစ်ဖြင့် ဝယ်ယူ နိုင်သော ကားအရောင်းပြခန်းနှင့် ကားအရောင်းစင်တာများမှ ရောင်းချသည့် နံပါတ်ထွက်ပြီးသား ကားများကို ဦးစားပေးဝယ်လာကြသဖြင့် ကားသစ် နှင့် ကားဟောင်း ဝယ်လိုအားမှာ မျှတနေသည်။

““ဒီရက်ပိုင်းမှာ ကားအရောင်းပြပွဲတွေ ရှိပေမဲ့ ပြပွဲမှာရော အပြင် ဈေးကွက်မှာပါ အရောင်းအဝယ်ထင်သလောက် မဖြစ်ပါဘူး၊ ကျပ်သိန်း နှစ်ရာဝန်းကျင် ၁၁ဝ စီစီကားတွေလောက်ပဲ အရောင်းအဝယ်ဖြစ်တယ်။ အမြင့်ကားတွေကတော့ သိသိသာသာ အေးနေပါတယ်၊ နယ်အဝယ်ဆင်း ပေမဲ့လည်း အရောင်းအဝယ်က ထင်သလောက် မကောင်းဘူး၊ အခုနောက်ပိုင်းမှာ အဝယ်အများစုက လက်ငင်းထက် အရစ်ကျစနစ်ကို ပိုပြီး စိတ်ဝင်စားလာကြသလို ကားသစ်နဲ့ ကားဟောင်းကိုလည်း ဈေးနှုန်းချိန်ဆ ပြီး ဝယ်ယူလာကြပါတယ်၊ အမြင့်ကားထဲမှာဆိုရင် Toyota Vanguard
လောက်ပဲ အဝယ်ရှိတယ်၊ လုပ်ငန်းသုံးကားတွေကတော့ အမေးများလာ သလို အရောင်းအဝယ်လည်း ဖြစ်လာပါတယ်”ဟု ကားဝယ်/ရောင်း ဦး ကြည်လင်းက ပြောသည်။

ကားအရောင်းအဝယ်များ အေးနေခြင်းကြောင့် စလစ် အရောင်းအဝယ်များမှာလည်း ဆက်ပြီး အေးနေသည်။ သို့သော် အပ်ကားရှားပါးနေသည့်အတွက် ရန်ကုန်လိုင်စင်အမည်ပေါက်စလစ်သည် ကျပ်သိန်း ၁၃ဝ ဝန်းကျင်တွင် တင်းခံနေပြီး တိုက်ကြေစလစ်မှာလည်း ကျပ် ၁၁၅ သိန်းဝန်းကျင်ရှိနေကြောင်း ကားဈေးကွက်အတွင်းမှ သိရသည်။

Read 874 times