ဝန်ထမ်းပါမစ် ၁၂၃ ဦး ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်


ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းဆိုင်ရာကိစ္စရပ်များ အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်ရန်အတွက် မော်တော် ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ (၁/၂၀၂၁) ကြိမ်မြောက် အစည်း အဝေးကို ဇန်နဝါရီလ ၁၂ ရက် မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

ကန့်သတ်ထားခြင်းမရှိတော့ အစည်းအဝေးတွင် မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ၂၀၂၁ ခုနှစ် ပြည်ပမှ မော်တော်ယာဉ်တင်သွင်းခြင်းအတွက် ထုတ်လုပ် သည့် ခုနှစ်သတ်မှတ်ချက်တွင် ယာဉ်အိုယာဉ်ဟောင်း အစီအစဉ်၊ တစ်ဦးချင်းအစီအစဉ်ဟူ၍ ကန့်သတ်ထားခြင်း မရှိတော့ဘဲ လူစီးယာဉ်တင်သွင်းခြင်းတွင်

သုံးနှစ်အတွင်း ထုတ်လုပ်သည့် မော်တော်ယာဉ်၊ လုပ်ငန်းသုံးယာဉ် တင်သွင်းခြင်းတွင် ငါးနှစ်အတွင်း ထုတ်လုပ်သည့် မော်တော်ယာဉ်၊ မီးသတ်ယာဉ်၊ လူနာတင်ယာဉ်များ တင်သွင်းခြင်းတွင် (၁၀) နှစ်အတွင်း ထုတ်လုပ်သည့် မော်တော်ယာဉ်နှင့် လုပ်ငန်းသုံးယန္တရားများအတွက် လွန်ခဲ့သည့် ၁၅ နှစ်အတွင်း ထုတ်လုပ်သည့် ယာဉ်များ တင်သွင်းရန် သတ်မှတ်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။

ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်/ စစ်မှုထမ်းကောင်း တံဆိပ်/ ရဲမှုထမ်းကောင်းတံဆိပ်ရရှိပြီးသော ပြည်သူ့ ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရာထူးအဆင့်အလိုက် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခြင်းအတွက် ကြော်ငြာ ချက်ထုတ်ပြန်ခဲ့ပြီး ခွင့်ပြုခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၁၈ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၇ ရက်အထိ ၁၂၃ ဦး ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံ့ဝန်ထမ်းများ အရောင်းပြခန်းမှ မော်တော်ယာဉ် ဝယ်ယူခြင်းအတွက်လည်း လုပ်ငန်းများအဆင်ပြေချောမွေ့ စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် မှာကြားသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြ သော ကော်မတီအဖွဲ့ဝင်များက မိမိတို့ သက်ဆိုင်ရာကဏ္ဍ အလိုက် ဆောင်ရွက်နေမှုများကို တင်ပြဆွေးနွေးရာ တင်ပြ ချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြည့်စွက် ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

Read 198 times