ဒေါ်လာ ၁၂ သန်းတန် နံပါတ်ပြား


Bugatti Divo အိမ်စီးပြိုင်ကား တစ်စီးကို အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်းဖြင့် ရောင်းချတယ်။ 
ဒေါ်လာ ၁၂ သန်းနဲ့ Bugatti Divo နှစ်စီး ကောင်းကောင်းဝယ်လို့ လောက်တယ်။

ဒါပေမဲ့ နံပါတ်ပြားကိုပဲ ဝယ်ပြီး  Lamborghini ရဲ့  Aventador SVJ Roadster မော်ဒယ်ကားမှာ တပ်ဆင်အသုံးပြုခဲ့ပါတယ်။ တပ်ဆင်လိုက်တဲ့ နံပါတ်ပြားက ယူရို ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၈၇ သန်း) တန်တယ်။ 

 

 

နံပါတ်က အစဉ်အတိုင်း ဂဏန်းသုံးလုံး ဖြစ်တဲ့  123 ဖြစ်ပါတယ်။ လိုင်စင်နံပါတ် ထုတ်ပေးတဲ့နိုင်ငံက ကာတာနိုင်ငံ ဖြစ်ပါတယ်။ အဲဒီလို နံပါတ်မျိုးတွေက လူကြိုက်များလို့ လေလံပစ်ခဲ့တာမှာ ဒေါ်လာ ၁၂ သန်းနီးပါးပေးပြီး လေလံဆွဲခဲ့တာ ဖြစ်ပါတယ်။

 

ကမ္ဘာ့ဈေးအကြီးဆုံး နံပါတ်ပြားတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်သွားပါတယ်။ စံချိန်တင်တဲ့ ပလိတ်ပြားနံပါတ်တွေက ဂဏန်းနည်းနည်းပဲ ပါတာမျိုးတွေ ဖြစ်ပြီး အက္ခရာနဲ့ နံပါတ်တွဲလိုက်ရင် ကားပိုင်ရှင်အတွက် အဓ်ိပ္ပာယ် တစ်မျိုး ရှိသွားတာမျိုးကိုလည်း ဈေးကောင်းပေးပြီး ဝယ်လေ့ ရှိပါတယ်။ 

Aventador SVJ Roadster ကို စီးရေ ၈၀၀ ထုတ်လုပ်ခဲ့ပြီး ရောင်းဈေးက အမေရိကန်မှာ အမေရိကန်ဒေါ်လာ ၅၇၃,၉၆၆ ဖြင့် အနိမ့်ဆုံးဈေး စတင်ပါတယ်။ ကားရောင်းဈေးက ၆ သိန်း မပြည့်ဘူး။ နံပတ်ပြားက သိန်း ၁၂၀ ဖြစ်နေတော့ ကားထက် အဆ ၂၀ ဈေးပိုကြီးပါတယ်။

 ၂၀၁၉ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး  6.5-liter V12 အင်ဂျင် တပ်ဆင်ပေးထားပါတယ်။ အော်တိုဂီယာ ၇ ချက် ဖြင့် အင်ဂျင်ကို တွဲပေးထားတယ်။ သုည ကီလိုမီတာကနေ  တစ်နာရီ ကီလိုမီတာ ၁၂၀ ကို ရောက်ဖို့ ၂ ဒသမ ၉ စက္ကန့်ပဲ ကြာတယ်။ အမြန်ဆုံး အမြန်နှုန်းက တစ်နာရီ ကီလိုမီတာ ၃၅၀ (၂၁၇ မိုင်) ဖြစ်ပါတယ်။ 


 

Read 1294 times