သင်သိပါသလား??? ကမ္ဘာ့ရုပ်အဆိုးဆုံးကား (၁၀) စီး


ကမ္ဘာ့ပေါ်တွင် ထုတ်လုပ်သောကားများသည် ဒီဇိုင်းမျိုးစုံ အရောင်အသွေးမျိုးစုံ ပုံစံမျိုးစုံဖြင့် ထုတ်လုပ်လျက်ရှိပါသည်။

ထိုကားများထဲမှ Automobile Equipment Directory စာဖတ်ပရိတ်သတ်များအတွက် ကမ္ဘာ့ရုပ်အဆိုးဆုံး ကား (၁၀) စီးကို စုစည်းတင်ပြပေးလိုက်ပါသည်။

1. The Aurora

၁၉၅၇ ခုနှစ်တွင် ယာဉ်မတော်တဆထိခိုက်မှုများမှ ကမ္ဘာကြီးကို ကယ်တင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့လုံခြုံစိတ်ချမှုပေးနိုင်ဆုံးသောကားကို ထုတ်လုပ်ခဲ့ပါသည်။

သို့သော် ထိုကားသည် လုံခြံုမှုပေးနိုင်ခြင်းမှာ မသေချာသော်လည်း ကမ္ဘာ့ရုပ်အဆိုးကားအဖြစ် စာရင်းဝင်သွားကြောင်း သိရပါသည်။

 

2. Fiat Multipla

Fiat Multipla ကားသည် ကမ္ဘာ့ရုပ်အဆိုးဆုံးကားများ၏ ဒုတိယနေရာတွင် ရှိပါသည်။

ထိုကားကို ၁၉၉၈ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော်လည်း အီတလီကားထုတ်လုပ်သူများ၏ မျက်လုံးဒုက္ခအလွန်ပေးလှသဖြင့် ၂၀၁၀ ခုနှစ်တွင် ဖျက်သိမ်းခဲ့ပါသည်။

သို့သော် တစ်ခါတစ်ရုံတွင် ထိုကားအကြွင်းအကျန်များကို လမ်းပေါ်တွင် အနည်းငယ်တွေ့မြင်နိုင်အုံးမည် ဖြစ်ပါသည်။

 

3. Citroen Ami

Citroen Ami ကားသည် ထူးဆန်းသော ကားကိုယ်ထည်ရှိပြီး Hatchback များ၏ ပြောင်းပြန်ပုံစံဖြစ်ပါသည်။

ထိုကားကို ၁၉၆၁ ခုနှစ်တွင် ထုတ်လုပ်ခဲ့သော်လည်း ပုံစံမှာ ထူးခြားပြီး ဆွဲဆောင်မှုမရှိသော ပုံစံဟုမှတ်ယူသောကြောင့် ကမ္ဘာ့ရုပ်အဆိုးဆုံးကား၏ တတိယ နေရာသို့ ရောက်ရှိခဲ့ပါသည်။

 

4. Panoz Abruzzi “Spirit of Le Mans’

Panoz Abruzzi “Spirit of Le Mans’ ကားသည် ရုပ်ဆိုးသည့်ကားဟု ပြောထားသော်လည်း ထိုကားသည် စျေးကြီးသော ကားအမျိုးအစားထဲတွင်ပါဝင်ပြီး ထိုကားကို ၈၁ စီးသာ ထုတ်လုပ်ရောင်းချခဲ့ပါသည်။

ထိုကားကို နေ့ဘက်တွင် အရှိန်ဖြင့် မောင်းနှင့်သည့်အခါ နေရောင်ထဲတွင် ကားကိုယ်ထည်မှရောင်ပြန်ဟပ်မှုကြောင့် အခြားသူများမမြင်နိုင်လောက်သဖြင့် ယာဉ်ထိခိုက်မှု အန္တရာယ်များသဖြင့် အန္တရာယ်အရှိဆုံးကားဖြစ်ခဲ့ပါသည်။

 

5. Weber Sportscars aka ‘Faster One’

Weber Sportscars ကို နောက်တမျိုးအားဖြင့် Faster One’ ဟုခေါ်လေ့ရှိသောပြိုင်ကားသည် နာမည်နှင့်လိုက်ဖက်စွာ အလွန်လျင်မြန်လှပါသည်။

ထိုကား၏ အမြန်နှုန်းသည် Switzerland ဥပဒေကို ကျော်လွန်နေသောကြောင့် ၂၀၀၈ ခုနှစ်တွင် ဖျက်သိမ်းလိုက်ပါသည်။

ထိုကားသည် အန္တရာယ်ရှိသော ကားတစ်စီးဖြစ်သည်ဟု ယူဆရပါသည်။

 

6. The Nissan Cube

The Nissan Cube ကားသည် အလွန်ရုပ်ဆိုးအကျည်းတန်သောကားမဟုတ်သော်လည်း ထိုကားသည် လေခွင်းအားအလွန်နည်းပြီး ကားရှေ့မီးသီးများက ကြည့်ရအမြင်မတော်ဖြစ်စေပါသည်။

ထိုကားကို ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့သော်လည်း ယနေ့အထိ အသုံးပြုနေသေးကြောင်းသိရပါသည်။

 

7. 2010 Veritas RS III

2010 Veritas RS III ကားသည် အလွန်ရုပ်ဆိုးအကျည်းတန်ပါသည်။

ထိုကားကို ၂၀၁၀ ခုနှစ်တွင်ထုတ်လုပ်ခဲ့သော်လည်း လူကြိုက်နည်းလွန်းလှပါသည်။

2010 Veritas RS III သည် ရုပ်ဆိုးလွန်းသာမက အိမ်မက်ဆိုးကိုပါ မြင်မက်စေနိုင်ကြောင်းနှင့် ငရဲခန်းမှ မကောင်းဆိုးဝါးတစ်ကောင်းနှင့် တူသောကြောင့် လူကြိုက်နည်းလွန်းလှပါသည်။

 

8. Reliant Robin

Reliant Robin ကားသည် လှေတစ်စီး၊ မော်တော်ဆိုင်ကယ်နှင့် သုံးဘီးကားပုံစံများကြားတွင်ရှိပြီး ကြည့်ရအဆင်မပြေလှသော ကားတစ်စီးဖြစ်ပါသည်။

ထိုုကားသည် ကမ္ဘာ့ရုပ်အဆိုးဆုံးကားများထဲတွင် ပါဝင်သောကြောင့် ရေပန်းအစားဆုံးဖိုက်ဘာမှန်ကားထဲမှ တစ်ခုဖြစ်ခဲ့ပါသည်။

ထိုကားကို ၁၉၇၃ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ပါသည်။

 

9. Brubaker Box

Brubaker Box ကားသည် လွန်စွာကြည့်ရဆိုးသော ကားတစ်စီးဖြစ်ပါသည်။

ထိုကားကို ရုတ်တရက်ကြည့်လိုက်ပါက သေတ္တာတစ်ခုအောက်တွင် ဘီးလေးဘီး တပ်ဆင်ထားသည်နှင့် ဆင်တူပါသည်။

ထိုကားသည် ကားဝယ်သူများကို မဆွဲဆောင်နိုင်သော ကားတစ်စီးဖြစ်ပြီး အသုံးဝင်မှုအလွန်နည်းပါးသော ကားတစ်စီးဖြစ်ကြောင်း သိရပါသည်။

 

10. PT Cruiser

PT Cruiser ကားသည် ကမ္ဘာ့ရုပ်အဆိုးဆုံးကားဆယ်စီးထဲတွင် နောက်ဆုံးကားဖြစ်ပါသည်။

ထိုကား၏ပုံစံသည် ခေတ်စကားအရပြောရမည်ဆိုလျှင် ခပ်ချေချေပုံစံဖြစ်ပါသည်။

 

Read 30843 times