ယာဉ်တိုက်မှု (၁၀)မျိုး နှင့် ၂၀၂၀ မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေ


၁။ရပ်ထားသောယာဉ်ကိုဝင်ရောက်တိုက်မိခြင်း။

ရပ်ထားသောယာဉ်ကိုအခြားယာဉ်တစ်စီးမှ ဝင်ရောက်မိတဲ့အခါမှာတိုက်တဲ့ ယာဉ် အမှားပဲဖြစ်ပါတယ်။ ဒါပေမယ့်ညအချိန်အမှောင်ထဲမှာဘေးမီးဖွင့် မထားဘဲလမ်းမပေါ်ရပ်ထားခဲ့မယ်။ အန္တရာယ် မဖြစ်နိုင်အောင်သတိပေးမယ့်သူရှိမနေခဲ့ရင်တော့ ရပ်ထားတဲ့ယာဉ်မှာ လည်းတာဝန်ရှိနိုင်ပါတယ်။

၂။ရှေ့ယာဉ်အားနောက်ယာဉ်မှဝင်ရောက်တိုက်မိခြင်း။

နောက်ကယာဉ်မှာတာဝန်ရှိပါတယ်။ ဒီနေရာမှာ တချို့ကပြောကြပါတယ်။ ရှေ့ယာဉ်က ရုတ်တရက်ဘရိတ်အုပ်လို့တိုက်ရတာပါလို့ပြောကြပါတယ်။ ဒါပေမယ့်ယာဉ်သွားလာမှုစည်းကမ်းနည်းဥပဒေပုဒ်မ ၁၄၅ မှာ ရှေ့ယာဉ်ရုတ်တရက်ရပ်တန့်လျှင်နောက်မှ ယာဉ်သည်ထိခိုက်မှုမဖြစ်စေရန်သင့်လျော်သော အကွာအဝေးမှ လိုက်ရမည်လို့ဖော်ပြထားပါတယ်။

သင့်လျော်သောအကွာအဝေးဆိုတာကတော့ပုံသေ မရှိနိုင်ပါဘူး။ ရှေ့ယာဉ်အရှိန်များရင်များသလို အရှိန်နည်းရင်နည်းသလိုထိခိုက်မှုမရှိပဲရပ်တန့်နိုင်မယ့်အကွာအဝေးကိုချိန်ဆမောင်းနှင်ရမှာပါ။ အဲ့ဒီအတွက်ရှေ့ယာဉ်မှ ခွေးဖြတ်ပြေးလို့ဖြစ်ဖြစ် လူဖြတ်ပြေးလို့ပဲဖြစ်ဖြစ်အကြောင်းတစုံရာကြောင့် ရပ်တန့်ချိန်မှာနောက်ယာဉ်သည်လည်းထိခိုက်မှုမရှိအောင်ရပ်တန့်နိုင်ရပါမယ်။ ဖရီးကြောလို့ခေါ်တဲ့ရပ်မျဉ်းမရှိတဲ့ ကွေ့ကြောတည့်ကြောမှာတိုက်ရင်တော့ ရှေ့ယာဉ်အမှားဖြစ်ပါတယ်။ လမ်းညွှန်အမှတ်အသားကိုလိုက်နာခြင်းမရှိတဲ့အတွက်ပါ။

၃။ လမ်းဆုံတွင်ယာဉ်(၂)စီးတိုက်ခြင်း။

မိန်းလမ်းမကြီးနဲ့လမ်းသွယ်ဆိုရင်တော့လမ်းသွယ်ယာဉ်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ နည်းဥပဒေပုဒ်မ ၁၄၉(ခ)အရလမ်းမကြီးမှ ယာဉ်သည်ဦးစားပေးရတဲ့အတွက်ပါ။ တကယ်လို့တူညီလမ်းဆုံမှာဆိုရင်တော့ နည်းဥပဒေပုဒ်မ ၁၄၉(က)အရလက်ယာဘက် ယာဉ်သည်ဦးစားပေးရပါတယ်။ တူညီလမ်းဆုံသို့ယာဉ်(၂)စီးတပြိုင်တည်းရောက်ရှိလျှင်ဦးစွာရောက်ရှိသောယာဉ်ကိုဦးစားပေးရမည်ဖြစ်ပြီးတချိန်တည်းရောက်ရှိလျှင်လက်ယာဘက်ယာဉ်ကိုဦးစားပေးရမည်လို့သက်မှတ်ထားတဲ့အတွက်ပါ။

၄။လမ်းလယ်တွင် မျက်နှာချင်းဆိုင်တိုက်မိခြင်း။

ဒါကတော့ယာဉ်(၂)စီးလုံးမှာတာဝန်ရှိပါတယ်။ လက်ယာကပ်မောင်းစနစ်ဖြစ်တဲ့ဒီနိုင်ငံမှာ သာမန်အားဖြင့် မည်သည့်ယာဉ်မဆို လက်ယာကပ်မောင်းရမှာဖြစ်တဲ့အတွက်ပါ။ နည်းဥပဒေပုဒ်မ ၁၄၁မှာလည်း ဖော်ပြထားပါတယ်။ အမြန်လမ်းတွေလို ယာဉ်ကြော(၃)ကြောရှိတဲ့လမ်းဆိုလက်ဝဲဘက်အစွန်းကြောသည် ကျော်တက်ရန်နှင့် အမြန်မောင်းနှင်ရန်မှ ာသာအသုံးပြုရမှာဖြစ်ပါတယ်။

၅။T ပုံသဏ္ဍန်လမ်းဆုံတွင်တိုက်မိခြင်း။

T လမ်းဆုံမှာတိုက်ရင်လည်းလမ်းမပေါ်ကွေ့ ထွက်တဲ့ယာဉ်ကအမှားပဲ ဖြစ်ပါတယ်။

၆။ တည့်ယာဉ်နှင့်ဝဲဘက်သို့'ဂ'ကွေ့ကွေ့သောယာဉ်တိုက်မိခြင်း။

နည်းဥပဒေပုဒ်မ ၁၄၈ နဲ့ ၁၅၀ အရတည့်တည့်လာနေတဲ့ ယာဉ်မရှင်းပဲ ကွေ့တဲ့ယာဉ်ကအမှားပဲဖြစ်ပါတယ်။ "လွတ်မယ်ထင်လို့ကွေ့တာပါ" တို့"ရှေ့ကတည့်တည့်လာတဲ့ယာဉ်ကအရှိန်များတာ" တို့ပြောတက်ကြပါတယ်။ ဘယ်လိုပဲပြောပြောရှင်းရမှာပါပဲ။

၇။လမ်းပြောင်းပြန်ကျော်တက်၍မျက်နှာချင်းဆိုင်ယာဉ်နှင့်တိုက်မိခြင်း။

နည်းဥပဒေပုဒ်မ ၁၄၆အရရှေ့မှမျက်နှာခြင်း ဆိုင်လာသောယာဉ်မရှင်းဘဲလမ်းပြောင်းပြန်ကျော်တက်တက်တဲ့ယာဉ်မှာတာဝန်ရှိပါတယ်။

၈။ဘေးချင်းယှဉ်ကျော်တက်၍ပွတ်တိုက်ခြင်း။

လက်ဝဲဘက်မှကျော်တက်ပွတ်တိုက်မိသည့်ယာဉ်သာအမှားဖြစ်ပါတယ်။

၉။အဝိုင်းတွင်ယာဉ်(၂)စီးတိုက်မိခြင်း။

နည်းဥပဒေပုဒ်မ၁၄၉အရအဝိုင်းပတ်နေတဲ့ယာဉ်သာအမှန်ဖြစ်ပါတယ်။အဝိုင်းပတ်ယာဉ်ဦးစားပေးရမှာဖြစ်ပေမယ့်မြို့တော်တော်များများမှာ အဝိုင်းပတ်နေတဲ့ယာဉ်တွေကပဲ ရပ်ပေးနေတာကိုမြင်နေရပါတယ်။

၁၀။ ယာဉ်မှ လူကိုတိုက်ခြင်း။

စက်တပ်ယာဉ်နဲ့ လူတိုက်မိပြီဆိုရင်တော့ စက်တပ်ယာဉ်သာအမှားဖြစ်ပါတယ်။

Credit Original uploader

Read 2036 times