1 KD D-4D အင်ဂျင်


1 KD D-4D အင်ဂျင်
၂၀၀၀ ပြည့်နှစ်လောက်မှာစတင်ပေါ်ပေါက်ခဲ့ပြီး Toyota ရဲ့အသစ်ဆန်းဆုံးသော အင်ဂျင်အဖြစ်အသုံးတော်ခံခဲ့ပါတယ်။ ၃၀၀၀ စီစီဒီဇယ်အင်ဂျင်အမျိုးအစားဖြစ်ပြီး အင်တာကိုလာရော တာဘိုချာဂျာပါ ပါဝင်မှာဖြစ်လို့စွမ်းဆောင်ရည်က တော့လက်ဖျားခါလောက်မှာပါ။

ဒါ့အပြင် common rail ဖြစ်လို့ စွမ်းဆောင်ရည်ပိုင်းအတွက် ထောက်ပံ့မှုပါဝင်သလို ပျက် ရင်ကုန်မယ့် ကုန်ကျစရိတ်ကိုလည်း သိထားရမှာပါ။ ရိုးရိုးပန့်၊ နော်ဇယ်ထက် စွမ်းဆောင်ရည်ပိုကောင်းသလို ဈေးလည်း ကောင်းမှာဖြစ်ပါတယ်။ Bore က ၉၆ မီလီမီတာရှိပြီး stroke ကတော့ ၁၀၃ မီလီမီတာအထိအရှည်ရှိပါတယ်။ မြင်းကောင် ရေ ၁၇၀အားနဲ့ အင်ဂျင်ရုန်းအား 260 lb-ft ကိုရရှိစေပြီး compression ratio ကတော့ ၁၇.၉:၁ ပဲဖြစ်ပါတယ်။

Common rail fuel injection နည်းပညာက ဖိအားတော်တော်မြင့်မြင့်မှာအလုပ်လုပ်ပါတယ်။ ခန့်မှန်းခြေအားဖြင့် 1,350 bar လောက်အထိပဲဖြစ်ပါတယ်။ အဆိုပါပမာဏက ပုံမှန်အင်ဂျင်တွေရဲ့ အလုပ်လုပ်ပုံထက် ၈ ဆလောက်ကို ကောင်းမွန် စေမှာဖြစ်ပါတယ်။ ဆလင်ဒါလေးလုံးစလုံးရဲ့ injector တွေဆီသို့ injection pump တွေကနေတစ်ဆင့် အထက်ပါပမာဏအတိုင်း လောင်စာဆီထိုးသွင်းကျွေးလိုက်တဲ့ အခါမှာတော့အင်ဂျင်ရဲ့လုပ်အားနှုန်းကို မြင်ယောင်သာ ကြည့်ပါတော့။ ဒီလိုမျိုးထိုးကျွေးတဲ့အခါမှာလည်း ဆီစားနှုန်းကိုသက်သာစေဖို့အတွက် 32 bit ECU နဲ့ပေါင်းစပ်အလုပ် လုပ်မှာဖြစ်ပါတယ်။

ဒါကြောင့် လောင်စာဆီပမာဏ၊ အဆို့ရှင်တွေရဲ့ အဖွင့်အပိတ်ချိန်ကိုက်မှုနဲ့ မတူညီတဲ့အင်ဂျင်ရဲ့ အနေအထားနေရာတွေမှာ ဖိအားတိုးမြှင့်ဖို့အတွက် ထိန်းချုပ်ပေးပြီး ဆီစားအသက်သာဆုံးနဲ့ စွမ်းဆောင်ရည်အမြင့်ဆုံး လိုအပ်တဲ့အချိန်မှာ အကောင်းဆုံးရှိန်နှုန်းတို့ကို ထောက်ပံ့ပေးစေမှာဖြစ်ပါတယ်။ ထူးခြားမှုတစ်ခုကတော့ အစစ်အမှန် အင်ဂျင်ခန်းအတွင်းလောင်ကျွမ်းမှုမစခင် ရှေ့ပြေးလောင်ကျွမ်းမှုအတွက် လောင်စာဆီပမာဏအနည်းငယ် ထိုးကျွေးတာပဲဖြစ်ပါတယ်။ ဒီလို လုပ်ခြင်းအားဖြင့် အင်ဂျင်ရဲ့လုပ်ဆောင်မှုကိုချောမွေ့စေသလို ဆီဖြန်းတဲ့အချိန်တစ်ခုနဲ့ တစ်ခုအကြားကွာဟမှုကို လျော့ချပေးနိုင်ပြီး ဆက်တိုက်ဆိုသလိုလောင်ကျွမ်းပြီး အကောင်းဆုံးသော စွမ်းဆောင်ရည် ကိုရရှိစေမှာဖြစ်ပါတယ်။ ဒါ့အပြင် အင်ဂျင်အတွင်းနဲ့အပြင်ရဲ့ ဆူညံသံကိုလျှော့ချပေးမယ့်စနစ်လည်း ပါဝင်လို့အသုံးပြု ရတဲ့အခါမှာ စိတ်ချမ်းသာစေမှာဖြစ်ပါတယ်။

1KD အင်ဂျင်တွေက နောင်တော် 1KZ အင်ဂျင်တွေထက်စာရင် ဆီစားနှုန်း ၁၁ ရာခိုင်နှုန်းလောက် သက်သာသလို စွမ်း ဆောင်ရည်ပိုင်းမှာလည်း ၁၇ ရာခိုင်နှုန်းလောက်ပိုကောင်းတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ အဆိုပါ 1KD အင်ဂျင်တွေကို ကျွန်တော်တို့ရွှေမြန်မာတွေအကြိုက် Toyota Land Cruiser Prado ကားတွေမှာ စတင်တပ်ဆင်အသုံးပြုခဲ့ပါတယ်။ အဆိုပါအင်ဂျင်ရဲ့ အားနည်းချက်တော့ injector တွေပဲဖြစ်ပါတယ်။ ၁၀ နှစ်သက်တမ်းလောက်ဆိုရင် လဲလှယ်သင့်ပြီး အလွယ်တကူမရနိုင်ရင်တော့ ပြဿနာရှိပါတယ်။ ဒါကလည်း စွမ်းဆောင်ရည်ကိုအဓိကထားရင်သာဖြစ်ပြီး ပုံမှန်အသုံးပြု မှုအတွက်တော့ သိပ်စိုးရိမ်စရာရှိမယ့်ပုံမပေါ်ပါဘူး။ နောက်ထပ်စိန်ခေါ်မှုဖြစ်တဲ့ လေထုညစ်ညမ်းမှုကတော့ အဆိုပါအင် ဂျင်ကိုတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာအသုံးပြုခွင့်ရပ်နားလိုက်ဖို့ပဲဖြစ်ပါတယ်။

Read 2360 times