ခရီးတာ မိုင် ၅၀၀ အထက် သွားနိုင်သည့် Zeekr 009 MPV ထုတ်လုပ်မှု စတင်


ခရီးတာ မိုင် ၅၀၀ အထက် သွားနိုင်သည့် Zeekr 009 MPV ထုတ်လုပ်မှု စတင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


Geely ၏ ပရီမီယံလျှပ်စစ်ကားအမှတ်တံဆိပ်ဖြစ်သည့် Zeekr သည် 009 MPV ကို တရုတ်နိုင်ငံ Zhejiang မြို့ရှိ ၎င်း၏စက်ရုံတွင် စတင်ထုတ်လုပ်ခဲ့ပြီး မကြာမီတွင် တရုတ်နိုင်ငံ၌ ကြိုတင်မှာကြားထားသူများထံ ပို့ဆောင်မှုစတင်မည်။

 

Zeekr 009 သည် လျှပ်စစ်ကားစစ်စစ်ဖြစ်ပြီး ပါဝါ 400 kW (536 horsepower) အထိ ထုတ်ပေးနိုင်တဲ့ မော်တာ ၂ လုံး သုံးထားပါသည်။ ယာဉ်အလေးချိန် 6,239-pound (2,830-kilograms) ရှိသည့် မီနီဗင်ကို 0-62 mph (0-100 km/h) အရှိန်တင်ပေးရန် ၄.၅ စက္ကန့်သာ ကြာပါသည်။
ရွေးချယ်စရာ ဘက်ထရီ နှစ်မျိုး စီစဉ်ပေးထားသည်။ ခရီးတာ ၄၃၆ မိုင် (၇၀၂ ကီလိုမီတာ) ရသည့် 116 kWh ဘက်ထရီထုပ်နှင့် မိုင် ၅၁၀ ရသည့် 140 kWh ဘက်ထရီထုပ်တို့ ဖြစ်သည်။

Zeekr 009 ရောင်းဈေး ဘက်ထရီအသေး မော်ဒယ်  ယွမ် ၄၉၉,၀၀၀ ( လက်ရှိငွေလဲနှုန်းအရ $73,700 ဝန်းကျင်) ဖြင့် စတင်သည်။ 
ဘက်ထရီအကြီးမော်ဒယ် ယွမ် ၅၈၈,၀၀၀ ($86,800) ဖြင့် စတင်သည်။

 


ပေးရသည့်ဈေးနှင့် တန်အောင် အဆင့်မြင့် ယာဉ်မောင်းထောက်ကူစနစ်များ အမျိုး ၃၀ ထည့်ပေးထားသည်။ ‌၎င်းစနစ်များအတွက် Mobileye 8MP HD ကင်မရာ ၇ လုံး၊ 2MP 360-degree ကင်မရာ ၄ လုံး၊ တာတိုအသံလွန်လှိုင်းရေဒါ ၁၂ လုံး၊ တာဝေး မီလီမီတာလှိုင်း ရေဒါ ၁ လုံးပါသည်။
Yamaha surround-sound system တွင် စပီကာ အလုံး ၂၀ ဆက်ပေးထားသည်။


သီးခြားထိုင်ခုံ ၆ လုံး ပါသည်။ 
ဒုတိယထိုင်ခုံတန်းမှာ တရုတ်ပြည်တွင်းဈေးကွက်အတွက် အရေးအပါဆုံး ဖြစ်သည့် အနှိပ်သည်ထိုင်ခုံများ သုံးပေးထားသည်။ 


Source: Geely
Join Telegram Channel
https://t.me/Guid4U

Read 624 times