ကီလိုမီတာ ၁,၀၀၀ ကျော်အထိ သွားနိုင်သည့် Zeekr 001


ကီလိုမီတာ ၁,၀၀၀ ကျော်အထိ သွားနိုင်သည့် Zeekr 001

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U


၂၀၂၃ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် ခရီးတာ ၁,၀၃၂  ကီလိုမီတာအထိ သွားနိုင်သော Zeekr 001 WE ဗားရှင်းကို တရုတ်နိုင်ငံရှိ CATL ရုံးချုပ်တွင် ကားမှာကြားထားသူကို ပေးအပ်ခဲ့သည်။

 


Zeekr 001 WE တွင် Contemporary Amperex Technology Co., Limited (CATL) မှ ထုတ်လုပ်သည့် CTP 3.0 Qilin ဘက်ထရီထုပ်များ သုံးစွဲထားသည်။ 

Geely ၏ brand တစ်ခုဖြစ်သော Zeekr ၏ Zeekr 001 WE ဗားရှင်းကို ဘက်ထရီ နှစ်မျိုးဖြင့် ထုတ်လုပ်ပေးထားသည်။
100 kWh ဘက်ထရီ ထည့်ပေးထားသည့် WE ဗားရှင်းသည် ရောင်းဈေးယွမ် ၃ သိန်း(42,300 USD) သတ်မှတ်ထားသည်။
140 kWh ဘက်ထရီ ထည့်ပေးထားသည့် WE ဗားရှင်းသည် ရောင်းဈေး ယွမ် ၄ သိန်း ၃ ထောင် (56,900 USD) သတ်မှတ်ထားသည်။ 

၂၀၂၂ ခုနှစ် ဩဂုတ်လ တွင် CATL သည် Zeekr နှင့် ပူးပေါင်းကာ အမြောက်အမြား စတင်ထုတ်လုပ်သော Qilin ဘက်ထရီများကို  Zeekr 001 တွင် တပ်ဆင်မည်ဟု ကြေညာခဲ့သည်။


Zeekr 001 သည် ကီလိုမီတာ ၁,၀၀၀ ကျော် ခရီးတာအထိ သွားနိုင်စေသော Qilin ဘက်ထရီများ ကမ္ဘာ့ပထမဆုံး တပ်ဆင်ထားသည့် ကားမော်ဒယ် ဖြစ်လာသည်။

 

CATL Qilin ဘက်ထရီ


 Zeekr 001 WE ကို လက်တွေ့စမ်းသပ် မောင်းနှင်သည့် တရုတ်နိုင်ငံသားတစ်ဦးက အတွေ့အကြုံကို တရုတ်ပြည် လူမှုကွန်ရက်  Weibo တွင် တင်ပြခဲ့သည်။
သူက လေအေးပေးစက်ကို ၂၃ ဒီဂရီ စဲစီးယပ်တွင် ထားပြီး စမ်းသပ်ခရီးစဉ်ကို မောင်းနှင်ခဲ့သည်။
ဘက်ထရီ အားအပြည့်ဖြည့်ပြီး ခရီးနှင်ခဲ့ရာ ဘက်ထရီ လုံးဝအားကုန်သည်အထိ ၁၁ နာရီကြာ မောင်းနှင်ခဲ့သည်။ 
၎င်း Zeekr 001 WE ဗားရှင်းသည် ခရီးတာ ၉၂၂.၉ ကီလိုမီတာ ခရီးရောက်ခဲ့သည်။
 ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃,၀၀၀ ကျော်မြင့်သော နေရာတွင်လည်း မောင်းနှင်ခဲ့သည်။
 အမြန်လမ်း ၇၁၄.၂ ကီလိုမီတာ၊ မြို့များရှိ လမ်းများတွင် ၂၀၈.၇ ကီလိုမီတာ မောင်းနှင်ခဲ့သည်။ 
ပျမ်းမျှအမြန်နှုန်းမှာ 79 km/hr ဖြစ်သည်။
 စွမ်းအင်သုံးစွဲသည့် နှုန်းမှာ 14.7 kWh/100km ဖြစ်သည်။
 
Source: Yangtse, CATL, ITHome
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 831 times