ဥရောပဗားရှင်း Zeekr 001 အီးဗီ ပထမအသုတ် ဥရောပသို့ Zeekr တင်ပို့


ဥရောပဗားရှင်း Zeekr 001 အီးဗီ ပထမအသုတ် ဥရောပသို့ Zeekr တင်ပို့

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဥရောပဗားရှင်း Zeekr 001  ပထမဆုံး အသုတ်ကို တရုတ်ပြည်မှ နယ်သာလန်သို့ ဩဂုတ်လ ၂၅ ရက်မှာ တင်ပို့ခဲ့ပါသည်။
Zeekr မော်ဒယ်ကို နိုင်ငံတကာဈေးကွက်သို့ ပထမဆုံးအကြိမ် တင်ပို့လိုက်ခြင်း ဖြစ်ပါသည်။

Geely Holding Group လက်အောက်မှ ပရီမီယံ အီးဗီ brand ဖြစ်သည့် Zeekr မှ ထုတ်လုပ်သော Zeekr 001 မော်ဒယ်ကားများကို ဥရောပဈေးကွက်တွင် စတုတ္ထသုံးလပတ်မှာ မှာကြားသူများထံ စတင်ပေးပို့မည် ဖြစ်သည်။
Zeekr 001 မော်ဒယ်ကားများကို ဥရောပ စံချိန်စံညွှန်းများနှင့်အညီ ဥရောပ ဗားရှင်းအဖြစ်ဖြင့် ထုတ်လုပ်ထားသည်။

 

Zeekr 001 ၏ဥရောပဗားရှင်းကို Zeekr's CEVT (China Europe Vehicle Technology Centre) ၏ ပူးပေါင်းပါဝင်မှုဖြင့် ဥရောပရှိ တိုက်ကြေစမ်းသပ်မှုတွင် ကြယ်ငါးပွင့်အဆင့်အတန်းအတွက် လိုအပ်ချက်များနှင့် ကိုက်ညီစေရန် ဒီဇိုင်းထုတ်ထားသည်။

ရှန်ဟိုင်းမော်တော်ကားပြပွဲ၏ ပထမဆုံးနေ့ ဧပြီလ ၁၈ ရက်နေ့တွင် Zeekr သည် ဥရောပဈေးကွက်မှာ ကျင့်သုံးမည့် မဟာဗျူဟာကို ထုတ်ဖော်ပြောကြားခဲ့သည်။ ဝယ်ယူသူများနှင့် တိုက်ရိုက်ထိတွေ့ ရောင်းချသည့် ပုံစံကို ကျင့်သုံးမည်ဟု Zeekr က ပြောကြားခဲ့ပါသည်။

ဇွန်လ ၂၇ ရက်နေ့တွင် Zeekr သည် Zeekr 001 နှင့် Zeekr X ကို ဥရောပတွင် အကြိုရောင်းချမှု စတင်ခဲ့ကြောင်း ကြေညာခဲ့သည်။ ဈေးနှုန်းများမှာ Zeekr 001 ကို ယူရို ၅၉,၄၉၀ ဖြင့် ဈေးဖွင့်ပြီး Zeekr X ကို ယူရို ၄၄,၉၉၀ ဖြင့် ဈေးဖွင့်ပါသည်။
မှာကြားသူထံ ယခုနှစ်အတွင်း ကားအပ်နှံမည်ဟု ကတိပြုပါသည်။

 

အဆိုပါ မော်ဒယ်နှစ်မျိုးကို ဆွီဒင်နှင့် နယ်သာလန်တို့တွင် ပထမဆုံး ရောင်းချသွားမည်ဟု ဇွန်လ အနှောင်းပိုင်းတွင် Zeekr က ပြောကြားခဲ့ပါသည်။

ဥရောပဈေးကွက်အတွက် သီးသန့် ထုတ်လုပ်သော Zeekr 001 ပထမဆုံးကားကို ဩဂုတ်လ ၂ရက်နေ့တွင် ကျဲ့ကျန်း ပြည်နယ် နင်းဘိုမြို့ရှိ Zeekr ကားစက်ရုံ၏ ထုတ်လုပ်မှုလိုင်းမှ စတင် ထွက်လာခဲ့ပါသည်။ ပထမဆုံးကား ထွက်လာသည့် အခမ်းအနားတွင် Zeekr က ၎င်းအီးဗီများ ပထမအသုတ်ကို  ဩဂုတ်လလယ်တွင် ဥရောပသို့ စတင်ပေးပို့မည်ဟု ကြေညာခဲ့ပါသည်။

 

ယခုနှစ်တွင် ဆွီဒင်နှင့် နယ်သာလန် နှစ်နိုင်ငံတွင် စတင်ဖြန့်ဖြူးမည်ဖြစ်ပြီး ၂၀၂၄ တွင် ၆ နိုင်ငံအထိ တိုးချဲ့မည်။ ၂၀၂၅ တွင် ၈ နိုင်ငံအထိ တိုးချဲ့သွားမည် ဖြစ်သည်။

ဥရောပအပြင် အစ္စရေးနှင့် ကာဇက်စတန်တို့တွင်လည်း ရောင်းချမည်ဖြစ်ပါသည်။

Source CnEVData

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 1047 times