ကျောင်းကားများ ကြိုပို့ကားများ မတ် ၁ ရက်မှစတင်၍ မှတ်ပုံတင်နိုင်
ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC) တွင် မှတ်ပုံတင်ထားခြင်းမပြုရသေးသည့် ကျောင်းကားများ၊ အကြို၊ အပို့ကားများသည် မတ် ၁ ရက်မှ စတင်ကာ မှတ်ပုံတင်နိုင်ကြောင်း၊ ကျောင်းကားများ၊ အကြို၊ အပို့ကားများသည် YRTC တွင် မှတ်ပုံတင်ထားခြင်းမရှိသေးပါက မှတ်ပုံတင်ရန် လိုအပ်ကြောင်း၊ YRTC မှ မှတ်ပုံတင်ရန် ရက်ကန့်သတ် မထားဘဲ မှတ်ပုံတင်ပေးသွားမည်ဖြစ်ကြောင်း သိရပါသည်။
"ဂ" စင်းလုံးငှား လိုင်စင် လူစီးငါးယောက် အထက်ယာဉ်များနှင့်
"ဃ" ကြို/ပို့ လုပ်ငန်းလိုင်စင်ရယူထားသော ယာဉ်များသည်
အမှတ် ၇၊ နံ့သာဖြူလမ်း၊
၄ ရပ်ကွက်၊ ပုဇွန်တောင်မြို့နယ်
တွင် မှတ်ပုံတင်ကြရမည်ဟု သိရသည်။
"c" လုပ်ငန်းလိုင်စင် ယာဉ်များသည်
ဆိပ်ကမ်းအာဏာပိုင်၊ ကုန်လုပ်ငန်းဌာန ရုံးဝင်းအတွင်း ဖွင့်လှစ်ထားသည့် ကုန်စည် ပို့ဆောင်ရေးကြီးကြပ်မှုဌာနတွင် မှတ်ပုံတင်ကြရမည်ဟု သိရသည်။