ဂိမ်း၊ YouTube၊ Zoom ကို ကားတွင်းရှိ စခရင်များသို့ Google ထည့်သွင်းပေးမည်


 ဂိမ်း၊ YouTube၊ Zoom ကို ကားတွင်းရှိ စခရင်များသို့ Google ထည့်သွင်းပေးမည်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 


Google က ၎င်း၏ infotainment software ဖြစ်သော Android Automotive ကို အသုံးပြုပြီး အက်ပ်များကို ကားမှာ သုံးစွဲနိုင်အောင် လုပ်ဆောင်ပေးမည်ဖြစ်ရာ ကားရပ်ထားစဉ် ကားပေါ်မှ အင်ဖိုတိန်းမင့်စခရင်တွင် YouTube ဗီဒီယိုများ ကြည့်ရှုနိုင်မည် ဖြစ်သည်။
ထို့အတွက် လေထဲမှ over-the-air OTA အင်တာနက် ချိတ်ဆက်ပြီး update လုပ်ပေးမည်ဖြစ်ပြီး လောလောဆယ်တွင် Polestar နှင့် Volvo တို့၏ ကားများတွင် စတင်သုံးစွဲနိုင်မည် ဖြစ်သည်။
ကားရပ်နားထားစဉ်၌သာ ကြည့်ရှုနိုင်မည် ဖြစ်သည်။
 
Android Automotive တွင် ထည့်သွင်းပေးမည့် အက်ပ်များတွင် Zoom, Microsoft Teams,  Cisco Webex တို့လည်း ပါဝင်မည် ဖြစ်ပြီး လောလောဆယ်တွင် အသံဖြင့်သာ သုံးနိုင်မည်ဖြစ်ပြီး ဗီဒီယို မရနိုင်သေးပါ။ အကြောင်းမှာ သုံးစွဲသူကို ဗီဒီယို ရိုက်ပေးရန် ကားအတွင်းမှာ ကင်မရာ မရှိသေးသောကြောင့် ဖြစ်သည်။ သို့ဖြစ်ရာ အခြားတစ်ဖက်မှ သုံးစွဲသူများကို ဗီဒီယိုဖြင့် မြင်တွေ့နိုင်သော်လည်း ကားအတွင်းမှ သုံးစွဲသူသည် video conference ကို စကားသံဖြင့်သာ တက်ရောက်ရမည် ဖြစ်သည်။

Google Maps အစား Waze မြေပုံ သုံးလိုသူများအတွက် Waze အက်ပ် ထည့်ပေးထားမည် ဖြစ်သည်။

ဂိမ်းများကို ဒေါင်းလုဒ် ရယူပြီး ကစားနိုင်မည်။ သို့သော် ကားရပ်နားထားမှသာ ကစားနိုင်မည် ဖြစ်သည်။ 

Google မှ ထုတ်ကုန် ဖွံ့ဖြိုးရေး ဒါရိုက်တာ Roshan Khan က ယာဉ်မောင်း ကားမောင်းနေစဉ် အာရုံက အက်ပ်ဆီမှာ ရောက်မနေအောင် အက်ပ်အများစုကို ကားရပ်နားထားစဉ်၌သာ  သုံးနိုင်အောင် စီမံထားကြောင်း ပြောကြားသည်။ ထိုအချက်ကို Google က အလေးအနက်ထားကြောင်းလည်း ၎င်းက ပြောကြားသည်။

Android Automotive ဆော့ဖ်ဝဲသည် Android Auto နှင့် ကွာခြားသည်မှာ Android Auto သည် သုံးစွဲသူ၏ ဖုန်းက အဓိကကျသည်။ 
Android Automotive သည် Google ၏ အခြေခံအဖြစ် အသုံးပြုရမည့် ဆော့ဖ္ဝဲလ်ဖြစ်ပြီး ယင်းအခြေခံအပေါ် ဒီဇိုင်းအမျိုးမျိုး ထုတ်နိုင်မည် ဖြစ်သည်။
 
Source carexpert
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 236 times