သင်္ကြန်ကာလအတွင်း YBS ယာဉ်အစီးရေလျှော့ချ ပြေးဆွဲမည်


သင်္ကြန်ကာလအတွင်း YBS ယာဉ်အစီးရေလျှော့ချ ပြေးဆွဲမည်

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသော YBS ယာဉ်လိုင်းများကို ယခုနှစ် သင်္ကြန်ကာလအတွင်း စီးရေလျှော့ချပြေးဆွဲသွားမည် ဟု သိရပါသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ ထုန်ပြန်သော အချက်အလက်များအရ ရန်ကုန်မြို့တွင် YBS ယာဉ်လိုင်း ၁၁၈ လိုင်း ထားရှိကာ ယာဉ်အစီးရေ ၃,၀၀၀ ဝန်းကျင်ဖြင့် ပြေးဆွဲပေးလျက် ရှိပါသည်။ နေ့စဉ်ခရီးသည် ၆ သိန်းကျော် ရှိပါသည်။ 

၅၇ စီး ပြေးဆွဲပေးလျက်ရှိပြီး နေ့စဉ် ခရီးသည် ခြောက်သိန်းကျော် စီးနင်းလျက်ရှိသော်လည်း သင်္ကြန်ကာလအတွင်း YBS စီးနင်း သူလျော့နည်းနိုင်သဖြင့် ယာဉ်အစီးရေနှင့် ယာဉ်လိုင်းများ လျှော့ချ ပြေးဆွဲပေးရန် စီစဉ်ခြင်းဖြစ်ကြောင်း YRTC ၏ တာဝန်ရှိသူက ပြောသည်။

 မဟာသင်္ကြန် အကျရက်ဖြစ်ငည့် ဧပြီလ ၁၄ ရက် ကြာသပတေးနေ့မှ မဟာသင်္ကြန်အတက်ရက်ဖြစ်သည့် ဧပြီလ ၁၆ ရက် စနေနေ့အထိ သင်္ကြန်ကာလအတွင်း မည်သည့်ယာဉ်လိုင်းများ ရပ်နားထားမည်ကို ထုတ်ပြန်ကြေညာပေးမည်ဟု သိရပါသည်။
ထိုသို့ လျှော့ချပြေးဆွဲသော်လည်း သတ်မှတ်ယာဉ်စီးခနှုန်းထားများ ပြောင်းလဲမည် မဟုတ်ကြောင်း သိရပါသည်။

 YBS ဘတ်စ်ကားများတွင် ယာဉ်စီးခ ပေးချေရန်  YPS ကတ်စနစ်ကို ပြန်လည်အသက်သွင်းခဲ့ပြီး ယခုအခါ မတ်လ ၁၇ ရက်အထိ သုံးစွဲသူ သုံးသောင်းဝန်းကျင် ရှိလာပြီဟု သိရပါသည်။
 

ရန်ကုန်မှ ထွက်ခွာသည့် အဝေးပြေးခရီးသည်ယာဉ်လိုင်း ၁၈၀ ဝန်းကျင်ရှိပြီး ယာဉ်စီးရေ ၄၅၀ ကျော်ဖြင့် ခရီးသည် ၄,၂၀၀ ဝန်းကျင်ကို နေ့စဉ် ပို့ဆောင်ပေးလျက် ရှိကြောင်း သိရပါသည်။ 

Read 919 times