ယာဉ်စီးခပိုမိုကောက်ခံသည့် YBS ယာဉ် ၅၀ဝ ကျော် အရေးယူထား


ယာဉ်စီးခပိုမိုကောက်ခံသည့် YBS ယာဉ် ၅၀ဝ ကျော် အရေးယူထား

 

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများထဲမှ ယာဉ်စီးခပိုမိုကောက်ခံသည့် ယာဉ်အစီးရေ ၅၃၉ စီးကို အရေးယူထားကြောင်းရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီထံမှ သိရသည်။

 

သတ်မှတ်ယာဉ်စီးခထက် ပိုမိုကောက်ခံသည့် ယာဉ်လိုင်းပေါင်း ၁၅ လိုင်းမှ ယာဉ်အစီးရေ ၅၃၉ စီးကို CNG ထုတ်ယူခွင့် သုံးလ၊ ခြောက်လနှင့် ယာဉ်စီးခကျပ် ၅၀၀ အထက်တောင်းခြင်းနှင့် ယာဉ် အကူပါရှိသည့်ယာဉ်လိုင်းများကို CNG ထုတ်ယူခွင့်တစ်နှစ်ပိတ်သိမ်း ထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် နေ့စဉ်ယာဉ်လိုင်းပေါင်း ၁၁၆ လိုင်း၊ ယာဉ် အစီးရေ ၃၂၅၀ စီး ပုံမှန်ပြေးဆွဲပေးနေပြီး ခရီးသည် ၁၃ သိန်း ဝန်းကျင်ကို နေ့စဉ်ပို့ဆောင်ပေးနေကာ ယာဉ်စီးခပိုမိုကောက်ခံခြင်း အပါအဝင် သတ်မှတ်စည်းကမ်းများ ဖောက်ဖျက်ခြင်းမရှိစေရန် ရှောင်တခင်စစ်ဆေးမှုများလည်း ပြုလုပ်လျက်ရှိကြောင်း သိရသည်။ 

 

လက်ရှိတွင် YPS ကတ်စနစ်ဖြင့် စီးနင်းသူ ခရီးသည် ငါးသောင်းဝန်းကျင်ရှိပြီး YPS ကတ်ဖြင့် ယာဉ်စီးခပေးချေရာတွင် စီးနင်းသည့် မှတ်တိုင်အရေအတွက်ကိုသာ အခြေခံကောက်ခံသည့်စနစ်ကို စမ်းသပ်ဆောင်ရွက်နေကြောင်း သိရသည်။ 

 

 Source MDN

#MyanmarAutomobileGuide

Telegram Channel  https://t.me/Guid4U

Read 1759 times