ရန်ကုန်-ပဲခူး  Yangon- Bago Smart City Bus Line ခရီးစဉ် ထပ်တိုး


ရန်ကုန်-ပဲခူး  Yangon- Bago Smart City Bus Line ခရီးစဉ် ထပ်တိုး

Daewoo  အဲကွန်းဘတ်စ်များဖြင့် ရန်ကုန်-ပဲခူး  ပြေးဆွဲလျက် ရှိသော Yangon- Bago Smart City Bus Line က (၁၉.၅.၂၀၂၂) ကြာသပတေးနေ့ မှာ  ပဲခူး(ကလိ) ⇄  ရန်ကုန်ခရီးစဉ် တိုးချဲ့ပြေးခွဲမည် ဖြစ်ကြောင်း အသိပေး ကြေညာထားပါတယ်။  
ပဲခူး(ကလိ) မှ စတင် ထွက်ခွာမှာ ဖြစ်ပြီး ဘတ်စ်ကား ၅ စီးဖြင့် ပြေးဆွဲမှာ ဖြစ်ပါတယ်။ 
 

ပဲခူး(ကလိ) စတင်ထွက်ခွာချိန်များ
6:00 AM 
6:30 AM
7:00 AM 
2:15 PM
3:00 PM

ရန်ကုန် စတင်ထွက်ခွာချိန်များ
7:15 AM 
8:00 AM 
3:00 PM 
3:30 PM 
4:15 PM 


အထူး Promotion အစီအစဉ်
ရန်ကုန် - ပဲခူး ခရီးစဉ်အတွက် ကြိုတင်လက်မှတ်  (၁၀)စောင်ဝယ်ယူပါက (၁)စောင်ကို အခမဲ့ မေတ္တာလက်ဆောင်ပေးသွားမယ့် အစီအစဉ် ရှိပါတယ်။

ကြိုတင်လက်မှတ် မဝယ်ယူထားတဲ့ ခရီးသည်များအနေဖြင့် ဘတ်စ်ကားပေါ်မှ ပိုက်ဆံပုံးထဲထည့်ပြီး စီးနင်းနိုင်ပါတယ်။  ကားရှေ့တံခါးပေါက်မှ တက်ပြီး  ပိုက်ဆံပုံးထဲ ယာဉ်စီးခထည့်ရမှာ ဖြစ်ပါတယ်။ 

ရပ်/ချ/တင်/ထွက် စနစ်ဖြင့်  ဝန်ဆောင်မှုပေးမှာဖြစ်လို့ လမ်းခရီးကြန့်ကြာမှု မရှိတော့ဘဲ  မောင်းနှင်ရာမှာလည်း အမြန်နှုန်းကို တသမှတ်တည်း မောင်းနှင်သွားမှာမို့ စီးနင်းသူတိုင်း ဘေးကင်းလုံခြုံစေဖို့ 
တာဝန်ယူကြောင်း ဖော်ပြထားပါတယ်။ 

ပဲခူး(ကလိ) - ​ရွှေ​မော်​​ဓေါ​စေတီ​တော်ကြီး - ပဲခူးတံတား - ကျွန်းသာယာအ​ဝေး​ပြေးဝင်း - ရန်ကုန်-မန္တ​လေးလမ်း - မြို့​ရှောင်လမ်းထိပ် - ဆယ်မိုင်ကုန်း - ဟံသာ၀တီ​ဂေါက်ကွင်း -  ​ရွှေပြည်အပန်း​ဖြေရိပ်သာ(Shwe Pyi Resort)  -  အင်းတ​ကော် - ဇရပ်ကွင်းလမ်းဆုံ - လှည်းကူး​စျေး - ​ထောက်ကြန့်လမ်းဆုံ - ပြည်လမ်း - ဝါယာလက် - ​ခ​ရေပင်လမ်းခွဲ - ​ရန်ကုန်(စော်ဘွားကြီးကုန်း) - ​ကျောက်​တော်ကြီးဘုရား​ရှေ့(မင်းဓမ္မလမ်း)

လောလောဆယ်တွင် ​စော်ဘွားကြီးကုန်းထိသာ​ပြေးဆွဲ​ပေး​နေပြီး  ဒဂုံဧရာအ​ဝေး​ပြေး သို့မ​ပြေးဆွဲ​သေးပါ​၊

 

ယာဥ်စီးခနှုန်းထားများ

  • အင်းတကော် ⇄ ရန်ကုန် - 2000MMK
  • ပဲခူး ⇄ လှည်းကူး           - 2000MMK
  • ပဲခူး ⇄အင်းတကော်       - 1000MMK
  • အင်းတကော် ⇄ လှည်းကူး - 1000MMK
  • လှည်ကူး ⇄ ရန်ကုန်       - 1000MMK
  • ခရီးစဥ်အစဆုံး - 3000MMK

ယာဉ်လိုင်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိလိုပါက  ဆက်သွယ်မေးမြန်းရန် 
095065379 
09409290658
ပဲခူးဂိတ်မှူးဖုန်း     09264217798                 
ရန်ကုန်ဂိတ်မှူးဖုန်း 09456053826
0944664442
0944664443 

Read 4754 times