အချိန်ရှည်ကြာ စောင့်မျှော်နေကြတဲ့  Wuling Mini EV Cabrio အမှာစာ စဖွင့်


အချိန်ရှည်ကြာ စောင့်မျှော်နေကြတဲ့  Wuling Mini EV Cabrio အမှာစာ စဖွင့်

 

အချိန်ရှည်ကြာ စောင့်မျှော်နေကြတဲ့  Wuling Mini EV Cabrio ရောက်ရှိလာပါပြီ။ တစ်နှစ်တာသာမက တစ်ဆယ်နှစ်တာအတွင်း  အလန်းဆုံး တရုတ်ကားငယ်လို့ ဆိုကြပါတယ်။ Wuling က ဤကဲ့သို့သောကားမျိုးကို စျေးကွက်သို့ ယူဆောင်လာတဲ့ စွမ်းရည်ဟာ ချီးကျူးစရာပါပဲလို့ ဆိုကြပါတယ်။

 


Wuling Mini EV Cabrio သည် နေသာသောနေရာများတွင် နေထိုင်သော လူငယ်များအတွက် ရည်ရွယ်ထားပုံ ရပါတယ်။  ယခင် ကမ္ဘာ့အရောင်းရဆုံး အီးဗီကားမော်ဒယ် hatchback ပုံစံမှာ ၄ ယောက်စီးဖြစ်ပြီး ယခု အမိုးဖွင့်ပုံစံမှာ ၂ ယောက်စီး ဖြစ်ပါတယ်။ အမိုးဖွင့်ထားချိန်မှာ အမိုးထားဖို့ နေရာချန်ထားရလို့ ၂ ယောက်စီးဒီဇိုင်းကို ယူလိုက်တာ ဖြစ်ပါလိမ့်မယ်။

 

.
အီးဗီစစ်စစ် မီနီကားငယ်  Wuling Mini EV Cabrio ကို sea blue, emerald,  modern black အရောင် ၃ မျိုးအနက် တစ်မျိုး ရွေးချယ်နိုင်ပါတယ်။နောက်တော့မှ နောက်ထပ်အရောင်တွေ ထပ်တိုးပြီး ထုတ်လုပ်မယ်လို့ ဆိုပါတယ်။

.

 

အမိုးကို အမည်းနှင့် အနီ အရောင် ၂ မျိုးအနက် တစ်မျိုး ရွေးလို့ ရပါမယ်။  Wuling Mini EV Cabrio အရွယ်ငယ်တယ်ယ အလျား အကျယ် အမြင့်တွေက  3059/1521/1614 cm ဖြစ်ပါတယ်။ ရှေ့နှင့်နောက် ဘီးအခြေ၂ ခု ကြားအကွာအဝေး wheelbase က 2010 cm ဖြစ်ပါတယ်။  လျှပ်စစ်မော်တာက ပါဝါ 30 kW (41 hp) ရှိပြီး ရုန်းအား 110 Nm ရှိပါတယ်။

ဘက်ထရီက 26.5 kWh ဖြစ်ပါတယ်။ ခရီးတာ ၂၈၀ ကီလိုမီတာ ဖြစ်ပါတယ်။ ယခင် hatchback နှင့် ဘက်ထရီပါဝါတူပေမဲ့ ခရီးတာ ၂၀ ကီလိုမီတာ လျော့နည်းပါတယ်။ ရောင်းဈေးကို မကြေညာသေးပေမဲ့ ကြိုတင်အမှာစာ စတင်လက်ခံနေပါပြီ။ ခန့်မှန်းဈေးနှုန်း ယွမ် ၁ သောင်းလို့ ဆိုကြပါတယ်။ hatchback ဈေးနှုန်းက ယွမ် 79, 800(11,600 USD) ဖြစ်ပါတယ်။ Wuling က ဈေးသက်သာတဲ့ Cabrio ဗားရှင်းကို နောက်တော့မှ ထုတ်မှာလားဆိုတာ ကံ‌သေကံမ ပြောမရနိုင်ပါ။

.


 အတွင်းပိုင်းမှာ အနီနှင် အဖြူ အရောင် ၂ မျိုးအနက် တစ်မျိုး ရွေးလို့ ရပါမယ်။  ထိုင်ခုံ၊ တံခါးအတွင်းဘက်၊ ဒက်ရှ်ဘုတ်၊ အလယ်မြောင်းတို့က အရောင်အတူတူ ဖြစ်ပါတယ်။ လက်ဆွဲဘရိတ်က ရှေးပုံစံ ဖြစ်ပါတယ်။
 


 .
ကားအကြောင်းတင်ပြီးတဲ့ နောက်မှာ ကြော်ငြာအကြောင်း ဆက်လက် တင်ပြပါမယ်။

 

 

တရုတ်နိုင်ငံတွင် ကား brand တစ်ခု သို့မဟုတ် ကားမော်ဒယ်အချို့ကို ထောက်ခံအားပေးမှု ရရှိရန်အတွက် မော်တော်ကားထုတ်လုပ်သူများက နာမည်ကြီး စဲလီများဖြင့် ကြော်ငြာကြတာ  အလွန်အဖြစ်များနေဆဲပါ။

 

 

စဲလီတွေက ကြော်ငြာမှာသာမက ကားပြပွဲများမှာလည်း တက်ရောက်ကြရပါတယ်။  Mini EV Cabrio ကို လူသိများအောင် မြှင့်တင်ဖို့ Wuling က တရုတ်ပြည်မှာ ရေပန်းစားနေတဲ့ မင်းသမီး Zhou Ye ကို ငှားရမ်းထားတာ တွေ့ကြရပါတယ်။ Netflix စီးရီးမှာ Word of Honor မှာ ပါဝင်တဲ့ သရုပ်ဆောင် ဖြစ်ပါတယ်။ Mini EV Cabrio ကို စက်တင်ဘာလ ၉ ရက်မှာ ဈေးကွက်ထဲ စတင်ပေးမှာ ဖြစ်ပါတယ်။ 

 


 .
တရုတ်ပြည်တွင်း ဈေးကွက်ထဲမှာ  Mini EV Cabrio လမုန့်ကို ခါတော်မီ ထုတ်လုပ်ပြီး အွန်လိုင်းမှာ ရောင်းနေကြပါပြီ


 Source carnewschina
 #MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 3756 times