ယာဉ်မောင်းထိုင်ခုံ အလယ်မှာထားတဲ့ Wuling E10 အီးဗီထရပ် 


 ယာဉ်မောင်းထိုင်ခုံ အလယ်မှာထားတဲ့ Wuling E10 အီးဗီထရပ် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

မော်ဒယ်အသစ် Wuling E10 က လျှပ်စစ်မီနီထရပ်ကားဖြစ်ပြီး ယာဉ်မောင်းထိုင်ခုံကို အလယ်မှာ နေရာချထားပါတယ်။ အလုံပိတ် ကုန်တင်ခန်း  Box ပါပါတယ်။ 
E10 ကို အိမ်တိုင်ရာရောက် ပစ္စည်းလိုက်ပို့ပေးတဲ့ ဝန်ဆောင်မှု လုပ်ငန်းများ၊ စာနှင့်ပါဆယ် ပို့ပေးတဲ့ စာတိုက်လုပ်ငန်းများအတွက် ရည်ရွယ်ပါတယ်။
 E10 မှာ လိုအပ်တာတွေ ထည့်ပေးထားပြီး မလိုအပ်တာတွေ မပါပါဘူး။ 
Wuling က ရောင်းအား တအားကောင်းတဲ့ ဈေးချို ကားအသေးစား Wuling Mini EV ကို ထုတ်လုပ်တဲ့ SAIC-GM-Wuling ဖက်စပ်လုပ်ငန်းရဲ့ brand တစ်ခုဖြစ်ပါတယ်။

 

ကားကိုယ်ထည်က ကျဉ်းမြောင်းပါတယ်။ ဒီတော့  ယာဉ်မောင်းထိုင်ခုံကို အလယ်မှာ ထားပါတယ်။ လက်ဆွဲဘရိတ်က ထိုင်ခုံ ယာဘက်မှာ ရှိပါတယ်။
လက်လှည့်ဖြင့် တံခါး မှန်တင်မှန်ချ လုပ်ရပါတယ်။ ဖုန်းအားသွင်းဖို့ဆိုတာ လိုအပ်ချက် ဖြစ်လို့  USB အပေါက် ၂ ပေါက် ပါပါတယ်။ ဆောင်းတွင်း တအားအေးတဲ့အခါ အနွေးဓာတ်ရဖို့ အခြေခံအပူပေးစနစ်ထည့်ပေးထားပါတယ်။
ဘီးတွေ လှည့်ပေးဖို့ လျှပ်စစ်မော်တာ တစ်လုံး ထိုင်ပေးထားပါတယ်။ 27hp အထိ ပါဝါ ထုတ်ပေးနိုင်ပါတယ်။ 9 kWh လီသီယမ် အိုင်ယွန် ဘက်ထရီ သုံးထားပါတယ်။ ခရီးတာ ၁၁၅ ကီလိုမီတာအထိ သွားနိုင်ပါတယ်။ မြို့တွင်း  တစ်နေ့တာ အိမ်တိုင်ရာရောက် ပစ္စည်းပို့ဖို့ လုံလောက်ပါတယ်။

 


ရှေ့မှန်မှာ ရေသုတ်တံ တစ်ချောင်းပဲ ပါပါတယ်။ 


ကားအရွယ်အစားက
အလျား 3310 mm
အကျယ် 1080 mm
အမြင့် 1690 mm

 

ကုန်တင်ခန်း box အရွယ်အစားက
အလျား 1625 mm
အကျယ် 1000 mm
အမြင့် 1040 mm
ကုန်အလေးချိန် ၂၀၀ ကီလိုဂရမ်အထိ ပို့ဆောင်ပေးနိုင်ပါတယ်။
တရုတ်ပြည်တွင်းဈေးကွက်အတွက်သာ ထုတ်လုပ်ထားပြီး ရောင်းဈေး အတိအကျ မကြေညာသေးပေမဲ့ ယွမ် ၃၀,၀၀၀ ($4125) မကျော်ဘူးဘူးလို့ ဆိုပါတယ်။
Source carnewschina

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read 426 times