ကိုယ်ထည်အကျဉ်း Wuling E10 လျှပ်စစ် လုပ်ငန်းသုံးယာဉ် 


ကိုယ်ထည်အကျဉ်း Wuling E10 လျှပ်စစ် လုပ်ငန်းသုံးယာဉ် 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

ဂျပန်တွင် လုပ်ငန်းသုံးယာဉ် kei ထရပ်ကားများနည်းတူ အသုံးတည့်သည့် Wuling E10 လျှပ်စစ် ထရပ်ကားသည် ခေါင်းခန်းတွင် ယာဉ်မောင်းအတွက် ထိုင်ခုံ တစ်ခုသာပါသည့် ကိုယ်ထည်အကျဉ်း ထရပ်ကားငယ် ဖြစ်ပါသည်။ 
အပေါ့စား လုပ်ငန်းသုံးယာဉ် Light commercial vehicle LCV ဖြစ်ပြီး မြို့တွင်း ပစ္စည်းများ လိုက်လံပို့ဆောင်ရန် delivery အတွက် အဆင်ပြေသည်။
ကားရပ်ထားပြီး ဈေးဆိုင်ငယ် ယာယီဖွင့်ရန်လည်း အဆင်ပြေသည့် ဒီဇိုင်း ဖြစ်ပါသည်။

 

နောက်ဘက် ကုန်ခန်းကို အအေးပေးစနစ် တပ်ဆင်နိုင်ရန်လည်းအတွက်လည်း ဒီဇိုင်း ထုတ်ထားပါသည်။

ခေါင်းခန်းတွင် လေအေးပေးစက် ပါသည်။ အားသွင်းရန် USB အပေါက်ပါသည်။

 

 Wuling E10 သည် ကိုယ်ထည်အကျယ် ၁,၀၈၀ မီလီမီတာ (၄၂.၅ လက်မ) သာ ရှိသည်။
အလျား  3,305 mm နှင့် အမြင့်  1,690 mm ရှိသည်။
နောက်ဘက် ကုန်ခန်းသည် ၁.၇ ကုဗမီတာ(၆၀ ကုဗပေ) ရှိသည်။ 
ယာဉ်အလေးချိန် 620 kg ရှိပြီး ကုန် 200 kg အထိ တင်နိုင်ပါသည်။
၁၂ လက်မ ဘီးများ သုံးထားသည်။ ရှေ့ဘီးယက် ဖြစ်ပြီး မော်တာတလုံး တပ်ဆင်ထားသည်။ ပါဝါ 27 hp အထိ ရနိုင်သည်။


9 kWh လစ်သီယမ်သံဖော့စဖိတ် ဘက်ထရီ သုံးထားသည်။
အမြန်ဆုံး အမြန်နှုန်းမှာ 71 km/h (44 mph) ဖြစ်ပါသည်။  မြို့တွင်း လမ်းများပေါ်မှာ 40 km/h ထက် ပိုမမောင်းလျှင် ခရီးတာ 150 km (93 miles) အထိ သွားနိုင်သည်။
AC charger ဖြင့် အားသွင်းရပြီး အိမ်သုံး 220V ဖြင့် အားသွင်းဖို့ အဆင်ပြေသည်။
Wuling E10 သည် ၂၀၂၂ အစောပိုင်းတွင် အွန်လိုင်းမှာ ပထမဆုံး ပွဲထုတ်ခဲ့သည်။
၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၈ ရက်နေ့တွင် တရုတ်နိုင်ငံ၌ တရားဝင် စတင်ရောင်းချခဲ့ပါသည်။
စစချင်းတွင် ကုမ္ပဏီများကိုသာ ရောင်းချခဲ့ပါသည်။ 

 

Wuling သည် E10 ကို ဗားရှင်းနှစ်မျိုးဖြင့်  ရောင်းချခဲ့ပြီး ဈေးနှုန်းများမှာ ယွမ် ၃၆,၈၀၀ ($5,054) နှင့် ယွမ် ၃၉,၈၀၀ ($5,466) တို့ ဖြစ်ပါသည်။
 Source carscoop 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 409 times