မွေ့ရာပါသည့် Wuling Bingo EV ကို  GM က ဒေါ်လာ ၈,၅၀၀ ဖြင့် ဈေးဖွင့်


မွေ့ရာပါသည့် Wuling Bingo EV ကို  GM က ဒေါ်လာ ၈,၅၀၀ ဖြင့် ဈေးဖွင့် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

တရုတ်နိုင်ငံမှ ဖက်စပ်လုပ်ငန်း SGMW မှတစ်ဆင့် General Motors (GM) က Wuling Bingo ကို မတ်လကုန်ပိုင်းမှာ စတင်ရောင်းချခဲ့ပါတယ်။ ဈေးအနိမ့်ဆုံး ဗားရှင်းကို ယွမ် ၅၉၈,၀၀ ($8,500) ဖြင့် ဈေးဖွင့်ထားပါတယ်။
ဈေးအမြင့်ဆုံး ဗားရှင်းက ယွမ် ၈၃,၈၀၀ ($12,100) ဖြစ်ပါတယ်။

 SGMW သည် တရုတ်နိုင်ငံရှိ SAIC၊ GM နှင့် Wuling Motors တို့အကြား ဖက်စပ်လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ လျှပ်စစ်ကားလောကမှာ အရောင်းရဆုံး Wuling Hongguag Mini EV ကို ၂၀၂၀ ခုနှစ်မှာ စတင်ရောင်းချခဲ့ပါတယ်။
တစ်နှစ်ကြာပြီးချိန်မှာ Wuling Mini EV ရောင်းအားက Tesla ကို ကျော်တက်ခဲ့ပါတယ်။
Mini EV convertible အပါအဝင် Mini EV ဗားရှင်းများ ဆက်လက်ထုတ်လုပ်ခဲ့ပါတယ်။ နိင်ငံတကာဈေးကွက်အတွက် ပထမဆုံး မော်ဒယ်  Wuling Air EV ကို ထုတ်လုပ်ပါတယ်။ ၎င်းမော်ဒယ်ကို အိန္ဒိယမှာ MG Comet အမည်ဖြင့် ရောင်းချပါတယ်။

 

Wuling Bingo (Source: Wuling)


ဧပြီလမှာ Wuling Bingo EV ၁၆,၃၈၃ စီးကို မှာကြားထားသူများထံ ကားအပ်နှံခဲ့ပါတယ်။
စတင်ရောင်းချတဲ့ မတ်လမှာ ၅၂၂ စီး ကားအပ်နှံခဲ့ပါတယ်။ 
စတင်ရောင်းချသည့် ပထမ နှစ်ပတ်မှာ စီးရေ ၁၀,၀၀၀ အပ်နှံခဲ့ကြောင်း SGMW က ကြေညာခဲ့ပါတယ်။

Wuling Bingo က ၄ ယောက်စီး hatchback ဖြစ်ပြီး ကိုယ်ထည် အတိုင်းအတာများမှာ
 အလျား  12.96 ft  (3,950mm), 
 အကျယ် 5.6 ft (1,708mm) 
 အမြင့်  5.2 ft (1,580mm)
 ဖြစ်ပါတယ်။
 infotainment screen က ၁၀.၂၅ လက်မ ဖြစ်ပါတယ်။

GM-Wuling-Bingo
 


Wuling Bingo မှာ အလန်းဆုံးစိတ်ကူးကတော့ ကားနောက်ခန်းမှာ လေထိုးမွေ့ရာ ထည့်ပေးထားတာ ဖြစ်ပါတယ်။ ညအိပ်စခန်းချ ခရီးမျိူအတွက် အစဉ်ပြေပါတယ်။ 

 

 

ပါဝါပိုင်းမှာ ဗားရှင်း ၂ မျိုး ထုတ်လုပ်ပါတယ်။
41hp (30kW) နှင့် 110 Nm
68hp (68kW) နှင့် 150 Nm 
တို့ ဖြစ်ပါတယ်။

ဘက်ထရီ ဗားရှင်း ၂ မျိုး ထုတ်လုပ်ပါတယ်။
17.3 kWh ခရီးတာ 203 km (126 miles)
31.9 kWh ခရီးတာ 333 km (206 miles)
တို့ ဖြစ်ပါတယ်။
Source Electrek 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 509 times