ဒေါ်လာ ၈,၇၀၀ ဖြင့်  Wuling Bingo ကို တရုတ်နိုင်ငံတွင် စတင်ရောင်းချ


ဒေါ်လာ ၈,၇၀၀ ဖြင့်  Wuling Bingo ကို တရုတ်နိုင်ငံတွင် စတင်ရောင်းချ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

မြို့တွင်းစီး လျှပ်စစ်ကား Wuling Bingo လျှပ်စစကို တရုတ်နိုင်ငံတွင် စတင်ရောင်းချခဲ့ပြီး အနည်းဆုံးမှာ ဈေးနှုန်းမှာ ယွမ် ၅၉,၈၀၀ (အမေရိကန်ဒေါ်လာ ၈,၇၀၀) ဖြစ်ပါသည်။ 

 

လူအတက်အဆင်း တံခါး‌ ၄ ပေါက်နှင့် ယာဉ်နောက်ဘက်တွင် ပစ္စည်းထားရန် နေရာ ပါရှိသည်။ 
SAIC-GM-Wuling ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်သည်။ ရှေ့မီးများနှင့် နောက်မီးများ အားလုံး LED သုံးထားပါသည်။
အမည်း၊ အဖြူ၊ အစိမ်းနှင့် ပန်းရောင် ၄ မျိုး ထုတ်လုပ်ပါသည်။
အစိမ်းရောင်နှင့် အဖြူရောင်တို့တွင် အမိုးအရောင်မှာ အမည်းရောင် ရွေးချယ်နိုင်ပါသည်။ ပန်းနုရောင်တွင် အမိုးအရောင်ကို အဖြူရောင် ရွေးချယ်နိုင်ပါသည်။
ကိုယ်ထည် အရွယ်အစားမှာ
အလျား 3950mm
အကျယ် 1708mm
အမြင့် 2580mm
ခါးအလျား 2560mm 
ဖြစ်ပါသည်။
ခါးအလျား ရှည်ထားသဖြင့် လူထိုင်သည့်နေရာ ပိုကျယ်သွားသဖြင့် နောက်ဖက် ပစ္စည်းထားရန်နေရာမှာ အနည်းငယ် ကျဉ်းပါသည်။ 310 liter ရှိပါသည်။ နောက်ထိုင်ခုံ ချိုးချမည်ဆိုပါက 790 liter ကျယ်ပါသည်။


 

 

Wuling Bingo ဈေးအသက်သာဆုံး ဗားရှင်းတွင် 17.3-kWh LFP ဘက်ထရီ သုံးထားပြီး ခရီးတာ ၂၀၃ ကီလိုမီတာအထိ သွားနိုင်ပါသည်။3 0-kW (41 hp) လျှပ်စစ်မော်တာ တပ်ပေးထားပါသည်။ DC charging မရပါ။

နောက်ထပ် ရွေးစရာ ဘက်ထရီမှာ 31.9 kWh LFP ဘက်ထရီ ဖြစ်ပြီး ခရီးတာ ၃၃၃ ကီလိုမီတာအထိ သွားနိုင်ပါသည်။ 50 kW (68 hp)လျှပ်စစ်မော်တာ တပ်ပေးထားပါသည်။
DC charging ဆိုပါက  30% မှ 80% သို့ အားပြည့်ရန် ၃၅ မိနစ် ကြာပါသည်။ AC charging တိုပါက 0% မှ 100% သို့ အားပြည့်ရန် ၉နာရီခွဲ ကြာပါသည်။
အဆင့်အတန်း ဗားရှင်း ၅ မျိုး ထုတ်လုပ်ပါသည်။ 
ဈေးနှုန်းများမှာ ယွမ် 59,800(8,700 USD) မှ ယွမ် 83,800(12,170 USD) အထိ ဖြစ်ပါသည်။

 

 

SAIC-GM-Wuling ဖက်စပ်လုပ်ငန်းမှ ထုတ်လုပ်သော ကားဒီဇိုင်းသည် ခန့်ထည်မှု အားနည်းပါသည်။ အရည်အသွေးအတွက် နာမည်ကောင်း မရပါ။ သို့သော် ဈေးအလွန်တန်သဖြင့် ရောင်းအား မြင့်မားပါသည်။

Source: Wuling Weibo, Autohome
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 281 times