တရုတ် အီးဗီလုပ်ငန်း WM Motor ရှန်ဟိုင်းတွင် ဒေဝါလီခံ


 

တရုတ် အီးဗီလုပ်ငန်း WM Motor ရှန်ဟိုင်းတွင် ဒေဝါလီခံ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ကမ္ဘာ့အကြီးဆုံး မော်တော်ယာဥ်ဈေးကွက်တွင် စျေးနှုန်းပြိုင်ဆိုင်မှု အရှိန်မြင့်နေချိန်တွင် တရုတ်လျှပ်စစ်ကားကုမ္ပဏီ WM Motor သည် ဒေဝါလီခံရန် လျှောက်ထားပါသည်။
 
ရှန်ဟိုင်းရှိ တရားရုံးတစ်ခုသည် WM Motor Technology Co Ltd ၏ ဒေဝါလီခံသည့် အမှုတွဲကို ကိုင်တွယ်နေပါသည်။

WM Motor သည် လူမွဲအဖြစ် ခံယူပြီးနောက် တရားရုံးတော်၏ လူမွဲ အကာအကွယ် ရယူကာ ကုမ္ပဏီကို ပြန်လည်ဖွဲ့တည်မည်ဖြစ်သည်။

"WM Motor ၏ ပြန်လည်ဖွဲ့စည်းမှု အစီအစဉ်သည် တဖန်ပြန်လည်မွေးဖွားခြင်းကို ရရှိရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ ဗျူဟာမြောက် ရင်းနှီးမြှုပ်နှံသူများဖြင့် ဆောင်ရွက်သွားမည်" ဟု ကုမ္ပဏီ၏ Weibo လူမှုကွန်ရက် တရားဝင်အကောင့်တွင် ကြေညာချက် တင်ပြထားသည်။

မကြာသေးမီနှစ်များအတွင်း လုပ်ငန်းလည်ပတ်မှုအကျပ်အတည်းတွင် နစ်မွန်းခဲ့ရသည်ဟု WM Motor မှ ပြောကြားသည်။
ကပ်ရောဂါ၏အကျိုးသက်ရောက်မှု၊ အရင်းအနှီးဈေးကွက်နှေးကွေးမှု၊ ကုန်ကြမ်းစျေးနှုန်းအတက်အကျ ကြမ်းခြင်း၊ လုပ်ငန်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်သော အရင်းအနှီးရရှိမှုတွင် အဆင်မပြေမှုများ အစရှိသည့် အကျပ်အတည်းများဖြင့် ဘေးကျပ်နံကျပ် ဖြစ်ခဲ့ရသည်ဟု WM Motor မှ ပြောကြားသည်။

WM Motor ကို ထူထောင်သူ နှင့် လက်ရှိ စီအီးအို Freeman H. Shen ယခင်က Geely Holding Group တွင် ဒါရိုက်တာ ဘုတ်အဖွဲ့ဝင်တဦး ဖြစ်ပြီး ဒုဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ 
၂၀၁၀ ခုနှစ်တွင် Ford ထံမှ Volvo Car Group ကို Geely က ဝယ်ယူသည့်အခါ Shen က ဦးစီးဦးဆောင် ပြုခဲ့သည်။

Freeman Shen မှ ၂၀၁၅ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော WM Motor သည် တရုတ်အီးဗီ လုပ်ငန်းအသစ်များ အကြား Nio Li Auto  နှင့် XPeng တို့နင့်အတူ တက်သစ်စ ကြယ်တပွင့် ဖြစ်ခဲ့သည်။
အရင်းအနှီး ကျောထောက်နောက်ခံ ပြုပေးသူများတွင် အင်တာနက် ဆိုင်ရာ ဝန်ဆောင်မှုများဖြင့် ရပ်တည်သည့် တရုတ်ထိပ်တန်း နိုင်ငံစုံ နည်းပညာ အထူးပြု ကုမ္ပဏီ Baidu ပါဝင်သည်။ တရုတ်အစိုးရကလည်း အရင်းအနှီး ထည့်ဝင်ထားသည်။

WM Motor သည် အရှုံးပြပြီး ဝန်ထမ်းများကို လစာ မပေးနိုင့်တော့သည်အထိ ငွေပြတ်လပ်နေခဲ့သည်။ 
ဆက်လက်ရပ်တည်ရန် မစွမ်းသာတော့သဖြင့် ဒေဝါလီခံလိုက်ခြင်း ဖြစ်မည်ဟု ယူဆရသည်။
Source Reuters 
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 11246 times