လက်လီအရောင်းလုပ်ငန်းကြီး Walmart က အီးဗီလုပ်ငန်းသစ် Canoo ထံမှာ လျှပ်စစ်ဗင် စီးရေ ၁၀,၀၀၀ မှာကြား


လက်လီအရောင်းလုပ်ငန်းကြီး Walmart က အီးဗီလုပ်ငန်းသစ် Canoo ထံမှာ လျှပ်စစ်ဗင် စီးရေ ၁၀,၀၀၀ မှာကြား

 

လက်လီအရောင်းလုပ်ငန်းကြီး Walmart က အီးဗီလုပ်ငန်းသစ် Canoo ထံမှ လျှပ်စစ်ဗင် စီးရေ ၁၀,၀၀၀ ဝယ်ယူရန် မှာကြားလိုက်ပါတယ်။ 

အဲဒီသတင်း ထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာ Canoo ရဲ့ အစုရှယ်ယာများ ဈေးနှုန်း ၅၀% ကျော် ခုန်တက်သွားပါတယ်။ 

Walmart က General Motors ရဲ့ လုပ်ငန်းသုံး အီးဗီလုပ်ငန်း BrightDrop ထံမှာလည်း လျှပ်စစ်ဗင် စီးရေ ၅,၀၀၀ မှာကြားထားပါတယ်။ 

Walmart က ၂၀၄၀ မှာ မီးခိုးထုတ်လွှတ်မှု သုည ဖြစ်စေရေး ပန်းတိုင်အတွက် ယခုလို အီးဗီတွေကို သုံးစွဲဖို့ မှာကြားတာ ဖြစ်ပါတယ်။ 

အွန်လိုင်း လက်လီအရောင်း မဟာလုပ်ငန်းကြီး Amazon ကလည်း လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းသစ် Rivian ထံမှ လျှပ်စစ်ဗင် စီးရေ ၁ သိန်း မှာကြားထားပါတယ်။ Rivian က တစ်နှစ်လျှင် စီးရေ ၂၅,၀၀၀ ထုတ်လုပ်ပြီး Amazon ထံ ပေးပို့ပေးသွားမယ်လို့ ဆိုပါတယ်။ 

Stellantis က ၂၀၂၃ မှာ ထုတ်လုပ်မယ့် Ram ProMaster  လျှပ်စစ်ဗင်များ ဝယ်ယူဖို့ကိုလည်း Amazon က လက်မှတ်ရေးထိုးထားပါတယ်။ 

ယခုလို ဗင်ကားတွေ ဝယ်ယူကြတာ မြို့တွင်း အိမ်တိုင်ရာရောက် ပစ္စည်း ပေးပို့ပေးတဲ့ ဝန်ဆောင်မှုအတွက် ဖြစ်ပါတယ်။ 

အမေရိကန်နိုင်ငံ လော့အိန်ဓျယ်လိစ် အခြေစိုက် လုပ်ငန်းသစ် Canoo က ယခုအခါ  ကားများ ထုတ်လုပ်ရောင်းချတော့မယ့်အဆင့်ကို စတင်ရောက်ရှိခဲ့ပြီး ပထမဆုံးအသုတ် မော်ဒယ် ၃ မျိုးအတွက် အမှာစာများကို စတင်လက်ခံပါတယ်။ 

မော်ဒယ် ၃ မျိုးတို့မှာ 

Lifestyle Vehicle, 

Pickup Truck, 

Multi-Purpose Delivery Vehicle (MPDV)

တို့ ဖြစ်ပါတယ်။ 

 

 Lifestyle Vehicle က ၂၀၂၉ မှာ Canoo က မီနီဗင်အဖြစ် ပထမဆုံး ထုတ်ပြခဲ့တဲ့ မော်ဒယ်ကို အမည်ပေးထားတာ ဖြစ်ပါတယ်။ ယခုနှစ်ထဲမှာ စတင်ထုတ်လုပ်မှာ ဖြစ်ပြီး ခန့်မှန်းခြေ ရောင်းဈေး အနိမ့်ဆုံးက $34,750 ဖြစ်ပါတယ်။ အမေရိကန်ဈေးကွက်မှာ တန်ဖိုးသင့် အီးဗီအနေဖြင့် ဈေးကွက်ထဲကို မောင်းဝင်မှာ ဖြစ်ပါတယ်။ 

Pickup Truck နှင့် MPDV  တို့ကို ၂၀၂၃ မှာ စတင်ထုတ်လုပ်မှာ ဖြစ်ပြီး ထုတ်လုပ်ချိန်ကျမှ ဈေးနှုန်းများကို ကြေညာပေးမယ်လို့ ဆိုပါတယ်။ 

ဈေးမပြောသေးပေမဲ့လည်း မော်ဒယ်သုံးမျိုးစလုံးကို ကြိုတင်မှာကြားနိုင်ပြီ ဖြစ်ပါတယ်။ အမှာစာအတွက် စရန်  $100  ပေးသွင်းရပါတယ်။ 

 

Lifestyle Vehicle က ၇ ယောက်စီး မီနီဗင် ဖြစ်ပါတယ်။ အလျား ၁၇၃ လက်မ ရှိပါတယ်။ Tesla Model Y ထက် ၁၄ လက်မ တိုပါတယ်။  ဒါပေမဲ့ မော်တော်ယာဉ်အတွင်းပိုင်းက SUV အကြီးစားနည်းတူ ကျယ်ဝန်းပါတယ်လို့ Canoo က ပြောကြားပါတယ်။ 

 

 

စတီယာရင်က ဝါယာသုံး steer-by-wire system ဖြစ်ပါတယ်။ 

ဂရိတ်အတန်းအစား ၄ မျိုး ထုတ်လုပ်ပါတယ်။

 Delivery, Base, Premium, Adventure တို့ ဖြစ်ပါတယ်။ Adventure က ဗိုက်မြှင့်ပေးထားပါတယ်။ 

 ခန့်မှန်းခြေ ပါဝါ 300 hp ၊ ရုန်းအား 332 lb-ft ၊ ခရီးတာ မိုင် ၂၅၀ လို့ ဆိုပါတယ်။

 #MyanmarAutomobileGuide

Telegram Channel

https://t.me/Guid4U

 

MAG

Read 1053 times