၂၀၂၃ တွင် ကမ္ဘာ့အကြီးမားဆုံးကားဈေးကွက်မှာ VW နှင့် Toyota ဈေးကွက်ဝေစု လျော့ကျ


၂၀၂၃ တွင် ကမ္ဘာ့အကြီးမားဆုံးကားဈေးကွက်မှာ VW နှင့် Toyota ဈေးကွက်ဝေစု လျော့ကျ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

၂၀၂၃ ခုနှစ်တွင် Volkswagen Group နှင့် Toyota Motor တို့သည် ကမ္ဘာ့အကြီးဆုံး မော်တော်ကားစျေးကွက်ဖြစ်သည့် တရုတ်ကားဈေးကွက်ထဲတွင် ဈေးကွက်ဝေစု လျော့ကျသွားခဲ့သည်။

အစဉ်အလာ ကြီးမားသည့် နိုင်ငံတကာ မော်တော်ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် ပြိုင်ဘက် တရုတ်ပြည်တွင်း ကားကုမ္ပဏီများကို အရေးနိမ့်နေကြသည်။

 

 

VW သည် တရုတ်ပြည်တွင် ပြည်တွင်း ကားလုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများ ထူထောင် လုပ်ကိုင်သည်။ ဖက်စက်လုပ်ငန်း တခုမှာ FAW နှင့်ထူထောင်သည့် FAW VW ဖြစ်ပြီး နောက်ထက်ဖက်စပ်လုပ်ငန်းတခုမှာ SAIC နှင့် ထူထောင်သည့် SAIC VW ဖြစ်သည်။ တရုတ်ကားဈေးကွက်တွင် ၎င်းဖက်စပ်လုပ်ငန်း ၂ ခုပေါင်း ၂၀၂၂ ခုနှစ်တွင် ဈေးကွက်ဝေစု ၁၄.၈% ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်မှာ ဈေးကွက်ဝေစု ၁၄.၂% ရရှိခဲ့သည်။
SAIC VW နှင့် FAW VW ထုတ်လုပ်သည့် ကားများတွင် VW အပြင် Audi နှင့် Jetta အမှတ်တံဆိပ်များလည်း ပါဝင်ပါသည်။

 

 

တိုယိုတာသည် တရုတ်ပြည်တွင် GAC နှင့် လည်းကောင်း၊ FAW နှင့်လည်းကောင်း ဖက်စပ်လုပ်ငန်း ထူထောင်ထားသည်။ ၎င်းဖက်စပ်လုပ်ငန်းနှစ်ခုသည် ၂၀၂၂ ခုနှစ်တွင် စုစုပေါင်း ဈေးကွက်ဝေစု ၈.၆% ရရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ဈေးကွက်ဝေစု ၇.၉% ရရှိသည်။

တရုတ်နိုင်ငံ အိမ်စီးကား အသင်း China Passenger Car Association (CPCA)

VW နှင့် Toyota တို့၏ တရုတ်ဖက်စပ်လုပ်ငန်းများသည် ယမန်နှစ်က ရောင်းအားအကောင်းဆုံး မော်တော်ကားထုတ်လုပ်သူ ၁၀ ဦးတွင် ပါဝင်ခဲ့သည်။ VW က ဒုတိယ၊ Toyota က တတိယ ရရှိသော်လည်း စွမ်းအင်သစ်သုံး အိမ်စီးကား အရောင်းရဆုံး ထိပ်တန်း(၁၀) စာရင်းတွင် VW နှင့် Toyota တို့ မပါဝင်ကြချေ။ ၎င်းစာရင်းတွင် BYD က ပထမ၊ Tesla က ဒုတိယ နေရာအသီးသီးတွင် ရောက်ရှိနေသည်။ 
သို့ဖြစ်ရာ တရုတ်ပြည်၏ အီးဗီဆီသို့ ကူးပြောင်းရောက်ရှိသည့် လှိုင်းသစ်တွင် VW နှင့် Toyota တို့ နောက်ကျကျန်ရစ်သည်။

၂၀၂၃ ခုနှစ်တွင် Volkswagen ဘက်ထရီသုံး လျှပ်စစ်ကား မော်ဒယ်များ အစီးရေ ၁ သိန်းကျော် (၁၉၁,၈၀၀) ရောင်းချခဲ့သည်။ Volkswagen ကားမော်ဒယ်အမျိုးမျိုး ရောင်းအားမှာ အစီးရေ ၃.၂ သန်း ဖြစ်သဖြင့် အီးဗီ ပါဝင်သည့် ရာခိုင်နှုန်း နည်းပါးနေဆဲ ဖြစ်သည်။

Source: Reuters
To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 167 times